part-14

457 40 3
                                    

Unicode☁

"မြေးတို့ ကားကို ဂရုစိုက်မောင်းအုံးနော်"

" ဟုတ်ကဲ့ပါ ဘွားမယ်ရယ်၊ စိတ်ချနော်"

ကလေးတွေလည်းမဟုတ်တာကို အပြင်သွားခါနီး မြည်တွန်တောက်တီးမှာနေရှာသော ဘွားမယ်ကို ချစ်စနိုးနှင့်ပါးပြင်ကို ရွှတ်ခနဲမွှေးကာ ရိုစေး ကားပေါ်ခပ်သွက်သွက်ပြန်တက်လိုက်သည်။

Seat beltကိုတစ်ခါတည်း တပ်လိုက်ပြီး
Gucci တံဆိပ် ဦးထုပ်အဖြူလေးကို ခပ်ငိုက်ငိုက်ဆောင်းကာ Lover seat မှာထိုင်နေရတာမို့
ရိုစေး စိတ်အေးသက်သာဖြစ်စွာ ကားကူရှင်ဆီမှီချလိုက်သည်။ Driver seat က အစ်မအဲရုမီကို
တစ်ချက် လှမ်းရှိုးတော့ ရှေ့တည့်တည်ကြည့်ပြီး ကားကိုသာ ဂရုစိုက်မောင်းနေ၏။ ပြောမဲ့သာပြောရတာ...မမဆိုသည်မှာလည်း ဘယ်အရာမဆို စေ့စပ်သေချာရုံမက အတော်လေးသတ်ိကြီးသည့် မိန်းကလေးဖြစ်သည်။

ကားစတီယာတိုင်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းကာ မောင်းနှင်နေသူက မလိုင်အပြည့်နှင့်။ အရပ်ရှည်သူမို့ အဖြူရောင် ပန့်အပွနှင့် ခါးအထက်အပြာရင့်ရောင် crop topကိုတွဲဝတ်ထားသည့် မမက Smart Girl လေးဖြစ်နေသည်။

" ဘယ်သွားမှာလဲ မမ "

" မြို့ဟောင်းလေ စေးစေး၊ မိုးမရွာပါစေနဲ့ဆုတောင်း။ Stavengerမှာ ထီးကြီးတကာကားကိုင်ပြီး လျှောက်သွားရတာမိုက်မှာမဟုတ်ဘူး"

" ဟုတ်သား ..."

တခဏလောက် ကားအတွင်းတိတ်ဆိတ်သွားပြီးတဲ့နောက် ရိုစေးအသံက ကားအတွင်းခပ်တိုးတိုး ထွက်လာပြန်သည်။

" မမအိမ်ကနေ ထီးယူလာသေးလား"

" အင်း ယူလာတယ်လေ၊ နောက်ခန်းထဲမှာ ထည့်ထားတယ်"

" တော်သေးတာပေါ့..၊ ဒါနဲ့ ဟိုရောက်ရင် Ice-cream ဝယ်ကျွေးနော် "

" Haiii " ( ဟုတ်ကဲ့)

" စေးစေး ပျင်းရင် သီချင်းဖွင့်လိုက်လေ၊
ဒီတိုင်းကြီးကပျင်းဖို့ကောင်းတယ်"

ရိုစေးက အစ်မအဲရုမီကို ခေါင်းညိမ့်ပြပြီးနောက် ဖုန်းထဲမှာသီချင်းရွေးနေလိုက်သည်။ အတန်ကြာသည့်အခါမှ ဖုန်းနဲ့ချိတ်ထားသည့်bluetooth box အသေးစားလေးမှ ပျံ့လွင့်လာသည့် သီချင်းသံလေးက နီရဲရဲ Ferrari ကားလေးအတွင်းသို့ ပျံ့နှံ့သွားတော့သည်။

Walking On The CloudsWhere stories live. Discover now