part-15

463 42 7
                                    

Unicode☁

" ဒီမနက်အတွက် appointmentယူထားတာတွေကြည့်ပေးတာလည်း ပြီးပြီဆ်ိုတော့ အချိန်ရပါတယ် ပြောစရာရှိတာပြောပါ ဆရာမ"

" ဟုတ် ဒေါက်တာ၊ ပြောမှာကတော့ ဆေးဝါးသွားလှူပေးမဲ့ကိစ္စပဲ ဒေါက်တာရယ်"

" သွားမဲ့နေရာက မနှစ်ကသွားလှူခဲ့တဲ့နေရာပဲမလား "

" ဟုတ်တယ် ဒေါက်တာ၊ ဟဲမ်နွိုင်းရွာကိုပဲ သွားလှူကြမလ်ို့၊ နှစ်လည်းချီသွားတော့ အဲ့ဒေသလေးကိုပဲ ပြန်လှူကြဖို့လုပ်လ်ိုက်တာ၊ အလွန်ဆုံး တစ်ပတ်လောက်ပါပဲတဲ့ အုပ်ကြီးကတော့ အဲ့လိုပြောတယ်။ မြန်ရင်တော့လေးရက်လောက်ကြာမယ်ထင်တယ်  ဒေါက်တာ၊ ဒါပေမဲ့ ကြားထဲလမ်းခရီးဝေးတော့ အသေအချာတော့ပြောမရသေးပါဘူး"

" ကိုယ်က ပြသာနာမရှိပါဘူး အဆင်ပြေပါတယ်။ အုပ်ကြီးဘက်ကတော့ သွားလာဖို့သေချာ စီစဉ်မှအဆင်ပြေမယ်ထင်တယ်။ ဆေးပစ္စည်းတွေရော ဆေးဝန်ထမ်းတွေရောက အရင်ထက်ပိုများတော့ "

" ကျွန်မတို့ ပြောထားတယ် ဒေါက်တာ၊ အုပ်ကြီးကသူစီစဉ်ပေးမယ်တဲ့.. "

" ဟုတ်ပြီ"

" ဒါဆို ဂျူတီရှိသေးလို့ ဆူးကို ခွင့်ပြုပါအုံးနော် "

"ကောင်းပါပြီ"

သူ့ရုံးခန်းထဲကနေ ဒေါက်တာဆူးထွက်သွားမှ ဂျီလီယမ်ရဲ့ ပုံရိပ်က မသိမသာ နှင့်လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ လက်သည်းခွံကြည်ကြည်တွေနဲ့ အချိုးအဆစ်ရှည်သွယ်တဲ့ လက်ချောင်းဖြူဖြူတွေက စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ကောက်ယူကိုင်ပြီးနောက် မျက်ဝန်းပြာတွေဆီမှာ တခဏအတွင်းမှာပဲ ဓာတ်လှိုင်းတစ်ခုလှုပ်ခတ်သွားချေသည်။

Social media ကို ရံဖန်ရံခါ သင်တန်းပို့ချဖို့နဲ့ relax ဖြစ်အောင်သုံးတတ်ပေမဲ့ လွန်ခဲ့တဲ့လေးရက်ခန့်ကnotiတက်ကာဝင်လာသည့် စာတစ်စောင်ကတော့ massager မှမဟုတ်။ ရိုးရိုး massage box မှ ပို့လာသည့် SMS တစ်ခုသာဖြစ်ပြီး ပို့သည့်သူကလည်း ဒီရက်ပိုင်းသူ့စိတ်တွေရှုပ်ထွေးကာ အတွေးများစေခဲ့သည့်တရားခံကောင်လေးပင်ဖြစ်၏။

_ လူကြီးရေ သည်းတုံး အူတုံး ရိုစေးရဲ့အမြစ်တုံးကြီး ကိုကိုလီယမ်ရေ အိပ်ပြီလားဟင် ^ ^ ရိုစေးတော့ ကိုကိုလီယမ့်ကို အရမ်းလွမ်းနေလို့ အိပ်မရသေးဘူးသိလား၊ ဒါမဲ့ ခဏနေအိပ်တော့မှာရယ် တအားနောက်ကျနေပြီလားဟင်၊ ဘယ်နှနာရီရှိနေပြီတုန်း 3/ >o< \~

Walking On The CloudsWhere stories live. Discover now