part-18

345 24 2
                                    

Unicode☁

ဟမ်နွိုင်းရွာလေးရဲ့ ဝေလီဝေလင်းမနက်ခင်းမှာ ကနဦးကြားရတာကတော့  စက္ကန့်ဝက်ခြား နားနားပြီး ရွာနေတဲ့ မိုးသံဖွဲဖွဲကလေးပဲဖြစ်သည်။ ခပ်မှေးမှေး ဖြစ်နေတဲ့ မျက်လုံးကို ဖွင့်ပြီး အိပ်ရာထဲကမထနိုင်သေးခင်မှာ... သုံးလေးချက်လောက် မျက်တောင်ခပ်ပြီး နံဘေးကိုတစ်ချက်‌စောင်းငှဲ့ကြည့်တော့  အိပ်မက်ကမ္ဘာထဲပျော်မြူးနေဆဲဟန်ရှိတဲ့ ချာတိတ်ကလေးက ခေါင်းအုံးမှာမျက်နှာအပ်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေဆဲဖြစ်ကြောင်းတွေ့ရသည်။

ဂျီလီယမ် က ပုံမှန် အိပ်ရာစောစောထတတ်သူမို့ အခုချိန်ကလည်း မနက်မိုးလင်းခါနီး ဖြစ်ပေလိမ့်မည်။ ဒါကြောင့် ဘေးက ကလေးကိုလည်း သူက နှိုးမနေတော့ဘဲ အိပ်ရာကနေ တစ်ယောက်ထဲ ခပ်သာသာထလိုက်ကာ နိစ္စဓူဝကိစ္စတွေစလုပ်ဖို့ စီစဉ်ရတော့သည်။

ဆရာဝန်တွေနဲ့ ဆေးအကူ ဝန်ထမ်းတွေအားလုံးပေါင်း ဆယ့်နှစ်ယောက်ရှိတာမို့ ‌ညဘက်အိပ်တဲ့အခါ အိမ်ပုလေးနှစ်လုံးမှာ ခြောက်ယောက်စီခွဲအိပ်ကြသည်။ ရွာက စီစဉ်‌ပေးထားသည်ကနှစ်ယောက်အိပ်ရသည့် အိပ်ရာခင်းအစုံတွဲလေးတွေမို့ နှစ်ယောက်တစ်တွဲ အိပ်ဖို့ပြင်ရသည့်အခါ ‌ ရိုစေးဆိုသည့် ချာတိတ်လေးက ဂျီလီယမ်နားကနေ ကပ်ခွာနဲ့ကပ်ထားသည့်အတိုင်း ခွာမရတော့ပေ။ သည်ချာတိတ်နဲ့မှပဲ သူ့အဖြစ်က ကလေး
အမေအိုကြီးလို။

ညက အဖြစ်ကိုလျပ်တပြတ်လေး‌ပြန်တွေးမိတော့ ဂျီလီယမ်မှာ မျက်နှာသုတ်ပုဝါကိုထုတ်နေရင်းကနေ ခပ်ရေးရေး ပြုံးရသေးသည်။

"‌ အို ... နှစ်ယောက်ဆီအိပ်ရမှာလား။ အရံသင့်နေရောပဲ သိလား.. ရိုစေးက ရပ်ဝေးမှာ တစ်ယောက်တည်းဖြစ်နေမှာ စိုးနေတာ။ အတော်ပဲပေါ့နော်... ဒါဖြင့်ရင်‌လေ....နီးနီးနားနား ဒေါက်တာနဲ့ပဲ အိပ်လိုက်မယ်လေ ရတယ်မို့လား။ ရိုစေးက အိပ်ရေးမကြမ်းပါဘူးဗျ ဒေါက်တာနဲ့ပဲတူတူအိပ်မယ်လေနော် "တဲ့

ဤချာတိတ်ရဲ့ တနော်နော် သုံးတတ်တာလေးကလည်း ဂျီလီယမ့်နားထဲမှာတော့ ချွဲတာလေးနဲ့ ဆင်တူပြန်သည်။ ကိုင်းအနက် မျက်မှန်ဝိုင်းလေးပင့်တာလေးကလည်း အကြည့်လွှဲရခက်အောင် ငေးမြဲ‌ငေးမိစေပြန်သည်။  ဂျီလီယမ်မညာချင်ပါ၊ သည်အတိုင်းသာ ဆက်သွားရင်တော့ ချာတိတ်လေးကြောင့် သူ့တော့ ခက်ရချေတော့မည်။

Walking On The CloudsWhere stories live. Discover now