part-24

155 14 2
                                    

Unicode☁️

"ဆောင်းလေရွက်ကြွေ နှင်းတွေဝေ"

"အပြင်မှာအေးနေတယ်လေ ရိုစေး နှင်းတွေကိုင်နေတာကြာနေပြီ နေမကောင်းဖြစ်မယ်အိမ်ထဲဝင်လာတော့၊ ပြောတော့ ရုပ်ရှင်ကြည့်ရင်းကော်ဖီသောက်ချင်တယ်ဆို"

"လာပြီ ဂျီဂျီရေ... အခုပဲလာပြီနော်"

ရိုစေးက နှင်းလုံးတွေထပ်ကာ ဆောက်ထားသည့်စနိုးမင်းရုပ်ကို သစ်ကိုင်းခြောက်လက်တွေတပ်နေရာက‌နေ မြန်မြန်လက်စသတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ကပ်နေသည့် နှင်းမှုန်တွေကို ကပျာကယာခါချပြီးတာနဲ့ အိမ်ထဲ သုတ်သုတ်ပျာပျာဖြင့်ပြေးဝင်‌သွားတော့၏။ ခေါ်နေတုန်း အိမ်ဝင်မှဖြစ်မည်လေ ဂျီဂျီ စိတ်ပြောင်းသွားရင် ရိုစေးပဲစိတ်မကောင်းဖြစ်ရမှာမဟုတ်လား။

"လက်တွေအေးစက်နေတာပဲကွာ"

"ထင်လို့ပါ ဂျီဂျီရဲ့ အဲ့လောက်မအေးပါဘူး၊ နွေးသွားအောင် ဂျီဂျီ့လက် ခဏကိုင်ထားချင်လို့ ငှားထားနော်"

ရိုစေးက မျက်မှောင်ကြုပ်နေပြီဖြစ်တဲ့ ဂျီလီယမ်ကို မျက်နှာငယ်လေးနှင့် ချွဲလိုက်ပါသည်။ ဂျီလီယမ် ဆူမယ်ဆူလည်း ဆူချင်စရာပါပဲ။ ဒီလောက်အေးနေတဲ့ရာသီဥတုမှာ ရိုစေးက အချိန်အတော်ကြာ နှင်းတွေကြားသွားပြီး လူးတုန်း လှိမ့်တုန်း ဆော့တုန်း ကစားတုန်း လုပ်နေတာပင်။

"ရုပ်ရှင်ကြည့်ရင် တီဗီကိုကြည့်ရမှာ ကိုယ့်မျက်နှာမှာ ဇာတ်ကားပြမနေဘူး"

" ချောလို့ ကြည့်တာ"

အသံသာသာလေးနောက် သူ့မေးဖျားဟာနွေးခနဲ။ ထိုကလေးက လုပ်ချင်ရာလုပ်ပြီး အဆူခံရမှာတော့ကြောက်တတ်သည်။ မျက်နှာရိပ်တကြည့်ကြည့်နဲ့သူစိတ်ကောက်သည်ဟုပဲထိုကလေးဟာတွေးသလားမပြောတတ်။ လေသံပျော့ပျော့လေးနှင့် ‌လိုက်ချော့တတ်သည်မှာ လူကြီးပေါက်စလေးလိုပင်။

"မဆိုးနဲ့ တီဗီကြည့်တော့၊ ရာသီဥတုကဒီလောက်အေးနေတာ ကိုယ်က မင်းနေမကောင်းဖြစ်မှာစိုးရိမ်တာ သဘောပေါက်လား"

"ဟုတ်"

"မစ္စတာဂရင့်ခ်ျ ကိုကြိုက်တယ်မလား  ဇာတ်‌ကားကြည့်နှင့်အုံး ကိုယ်ကော်ဖီသွားဖျော်မလို့"

Walking On The CloudsWhere stories live. Discover now