part-25

236 15 4
                                    

Unicode ☁️

"မနက်စာကိုကုန်အောင်စား"

"ဝက်ပေါင်ခြောက်ကြော်ကို နောက်ဆုံးမှစားချင်လို့ရိုစေးကတမင်ချိန်ထားတာ...ကုန်တယ်"

"ရိုစေး"

"အထွန့်တက်တာမဟုတ်ဘူးလို့ဆို.. ပြောပြတာ"

"ညဘက် ကိုယ်ခုနစ်နာရီခွဲလောက်မှပြန်ရောက်မယ် ညစာစားဖို့မစောင့်လည်းဖြစ်တယ် စားနှင့်ပြီး လုပ်စရာရှိတာလုပ်နော်"

"သိပ်နောက်ကျတာလည်းမဟုတ်ပါဘူး ရိုစေးညစာချက်ရင်းပဲစောင့်နေမယ် အပြင်မှာစားမလာနဲ့လေ"

"ဟုတ်ပြီ.. ဒါဆိုကိုယ့်ကိုစောင့်ပါအုံး"

ကျောင်းရှေ့ရောက်လို့ကားရပ်သည့်အခါ lover seat မှာထိုင်နေသည့်ရိုစေးက ကိုယ်ကို တစ်ဖက်ခြမ်းဆီကိုင်းလိုက်ရင်း ဂျီဂျီ့ နှာခမ်းကိုခပ်သွက်သွက်‌ကလေးနမ်းလိုက်သည်။

"ဒီနေ့တော့ ကျောင်းအပြန်မကြိုနိုင်တော့လို့အားနာပါတယ်နော် ...တစ်ယောက်တည်းဖြစ်ရဲ့လား"

"ကျောင်းဆင်းရင် အေလီယိုက ‌ချိန်းထားတယ်ဂျီဂျီ.. သူနဲ့ခဏတွေ့ပြီး သူပြန်လိုက်ပို့မှာမို့ အဆင်ပြေတယ်။ တာ့တာ အတန်းထဲရောက်ရင်စာပို့လိုက်မယ်"

"ကောင်းပါပြီ"

ကျောင်းပရဝုဏ်အတွင်းရောက်သည်နှင့် အညိုမှိုင်းမှိုင်းရှူးဖိနပ်ထိပ်ချွန် စီးထားတဲ့ရိုစေးရဲ့ခြေထောက်လေးတွေကပိုသွက်လာသည်။  ဆောင်းရာသီသင်္ကေတဖြစ်တဲ့ အရောင်ပြောင်းရွက်ဝါ၊ ရွက်ညိုတွေက လေအဝေ့မှာ ယိမ်းနွဲ့နေကြပြီး ကျောင်းအဝင်လမ်းတစ်ယောက်လုံး အပင်တွေတန်းစီကာစိုက်ထားသည်မို့ ဖြတ်လျှောက်လိုက်တိုင်းမှာ စိတ်ကြည်နူးဖွယ်ခံစားချက်မျိုးရသည်။

အညိုရောင် ဘောင်းဘီအရှည်ကိုအပေါ်က အနက်ရောင်ကုတ်ထပ်ဝတ်ထားသည့် ရိုစေးဟန်ပန်က ရွယ်တူတွေကြား ထင်းထွက်နေသည်မှာ သိသိသာသာ။ မေဂျာဆောင်ထဲဝင်ကာ ကိုယ့်အတန်းထဲရောက်တာနဲ့ ရိုစေးက ထိုင်နေကြ နောက်ဆုံးတန်းနားကခုံမှာဝင်ထိုင်သည်။ ဖုန်းကိုထုတ်ကာ ဦးဆုံးလုပ်မိတာက ဂျီဂျီ့ဆီကို စာပို့တာပဲဖြစ်သည်။

Walking On The CloudsWhere stories live. Discover now