part-17

676 40 3
                                    

Unicode☁

"ကားမူးနေတာလား.."

"ဟင့်အင်း အိပ်ချင်နေသေးလို့"

"အင်း ကားမူးရင်ကိုယ့်ကိုပြော မှေးအိပ်မနေနဲ့"

"ဟုတ် ဂျီဂျီ"

ပြန်ဖြေပြီးသည်နှင့် ပုခုံးစွန်းပေါ်ခေါင်းတိုးဝှေ့ကာ ပြန်မှေးအိပ်လိုက်သည်။ ကားကတော့ မမူးပါ။ ငယ်ငယ်ကတည်းက ခြေရှည်သည့်ကောင်လေးမို့ စီးလို့ရသမျှ မော်တော်ယာဉ်တွေအကုန်လုံးနှင့် ရိုစေးက အစေးကပ်သည်။ ရှူခင်းမကြည့်ချင်တော့တာကြောင့် မနက်အစောကြီးအိပ်ရာထလာရသ ည့်အပေါ်  မထူးဇာတ်ခင်းပြီး ဂျီဂျီ့ပုခုံးပေါ်ခေါင်းတင်ပြီး​တစ်မနက်လုံး အိပ်လာလိုက်တာ မနက်ရှစ်နာရီခွဲလောက်ရောက်မှ မနက်စာစားဖို့ ဂျီဂျီလှုပ်နှိုးမှသာ ရိုစေးနိုးတော့သည်။

အိပ်ရေးဝနေသည့် မျက်ဝန်းညိုလေးတစ်စုံက မျက်မှန်ဝိုင်းလေးအောက်မှာ ကြင်လင်နေလျက်။ အကြာကြီးမှီအိပ်လာတဲ့ ပုခုံးသားကိုပိုင်ရှင်မသိအောင် အသာခိုးနမ်းတော့ ရင်းနှီးနေသည့် ကိုယ်နံ့သင်းသင်းကို နှစ်လိုဖွယ်ရလိုက်၏။ ဒီကြားထဲ အလိုက်ကမ်းစိုးမသိဘဲ အိပ်ပျော်သွားမိလို့ တစ်ဖက်လူရဲ့ ပုခုံးတစ်ဖက်က အောင့်များနေမလား ဟူ၍‌‌အတွေးဝင်ကာ ရိုစေးမှာ အလစ်တဲလေး စိုးရိမ်နေရသေးသည်။ ခါးကိုမတ်ကာ ပြင်ထိုင်လိုက်ပြီးမှ ‌ခေါင်းကြည်သွားအောင် ပြတင်းပေါက်ဘက်ငေးကြည့်တော့ အစိမ်းရောင်မြက်ခင်းပြင်ကျယ်ကြီးကို စိတ်ကြည်လင်ဖွယ်တွေ့ရသည်။

မိုးနံ့သင်းတဲ့လေညင်းတွေကြား လေယူရာယိမ်းနေသည့် မြစိမ်းရောင် မြက်ပင်ရှည်တွေဟာ ကွင်းပြင်အပြည့်။ မြက်ခင်းစိမ်းတွေကြား အလေ့ကျပေါက်တတ်သည့် အဖြူနှင့်အဝါရောင်ရှိသည့်အပွင့်သေးသေးနှင့်အရိုင်းပန်းလေးတွေသည်ပြောက်သောက်ဆန်ပေမဲ့ အေးချမ်းတဲ့ခံစားချက်ကိုပေးနိုင်ပြီး ကြည့်လို့ကောင်းသည်။ ပြည်မလမ်းကြီးရဲ့ ဘေးတစ်ဖက်မှာရှိ‌သည့် မြက်ခင်းစိမ်း ကွင်းပြင်ကျယ်မှာ အဖြူရောင်ဆေးသုတ်ထားသည့် ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတစ်ကျောင်းကို လည်းခမ်းနားစွာ မြင်နေရသည်။ ရေလမ်းခရီးကနေသာ ရွာကိုသွားဖြစ်ခဲ့လျှင် သည်လိုရှုခင်းမျိုးကြည့်ရမည်မဟုတ်။  ကားပြတင်းပေါက်ကိုဖွင့်ထား၍ အဲကွန်းလေကိုလုံလုံလောက်လောက်မရ
သော်လည်း အပြင်မှတိုက်ခတ်လာသည့် လေအေးအေးတွေက ပိုပြီးလတ်ဆတ်‌နေသည်မှာအသေအချာ။

Walking On The CloudsWhere stories live. Discover now