part-16

431 34 1
                                    

Unicode☁

မနက်ခင်း ဝေလီဝေလင်းအချ်ိန်မှာ ညအိပ်ဝမ်းဆက်နှင့် သဏ္ဍာန်လေးတစ်ခုက အိမ်အရှေ့ဘက်တွင်ကုန်းကုန်းကွကွဖြစ်လျက်ရှိနေ၏။ အကြောင်းကတော့ အဖူးသေးသေးလေးတစ်ခုဖူးဝေနေသည့် နှင်းဆီပင်လေးအား တသသ လုပ်နေရသောကြောင့်ပင်။ အဲရုမီနှင့် မြို့ဟောင်းသွားတုန်းဝယ်လာသည့် နှင်းဆီပင်လေးကို ယခုတွင်တော့ပန်းအိုးအကြီးဖြင့် ပြန်လှယ်ကာစိုက်ထားလိုက်သည်။ ရေကြိုက်သည့်အမျိုးမို့ နေ့လည်နေ့ခင်းမှအပ ရိုစေးကသတိရရင်ရသလို ရေသွားသွားလောင်းသည်ကတကြောင်း ဒီရက်ပိုင်း မကြာခဏမိုးဖွဲဖြောက်ဖြောက်ကျတတ်သည်ကတကြောင်းနှင့် လာဗန်ဒါနှင်းဆီလေးက နှစ်လိုဖွယ်ကောင်းစွာ စိမ်းစိုလျက်ရှိသည်။

ရိုစေးသည် ဘေးအိမ်ကို သွားမြဲသွားနေဆဲဖြစ်ပြီး တစ်ခါတစ်ရံဆို ဂျီဂျီကိုယ်တိုင်ပင် ကော်ဖီသောက်ရန်သူ့ဖိတ်တတ်သေးသည်။ အခြေအနေကရှင်းရှင်းပြောရရင် ရိုစေးဘက်က ဖွင့်ပြောထားသည်မို့ ပေါ်တင်အီစီကလီစကားတို့ကို ဆိုလို့ရသွားသော်ငြား တစ်ဖက်ကထင်းရှူးတုံးကြီးကတော့ မြေဆီလွှာထဲမှ အမြစ်ကိုမြဲမြဲကုပ်ထားသည့်အလား တုပ်တုပ်မျှတောင်မလှုပ်ပေ။ ခါးခါးသီးသီးဖယ်သီမသွားလို့ဝမ်းသာပေမဲ့ မတုန်တလှုပ်ဖြစ်နေသည့် အဲ့ဒီအခြေအနေအတွက်တော့ ရိုစေးလည်း နည်းနည်းတော့ခေါင်းခြောက်ရပါသည်။

မနက်စောစောမှာ ကွေကာနှင့်ဘယ်ရီသီးကိတ်မုန့်လေးစားရသည့် မနက်စာက သူ့အတွက်တော့
ဘာနဲ့မျှမလဲနိုင်ပေ။ ရိုစေး မနေ့ကစျေးဝယ်ထွက်ထားသည့် ဂျုံ၊ သစ်သီးခြောက်အပြင် နို့ပုလင်းနှင့် ဘယ်ရီအသီးလေးတွေကလည်း ရေခဲသေတ္တာထဲမှာအရံသင့်ရှိနေလေသည်။ အသီးတွေကို ရေစင်အောင်သေချာဆေးကာ အစိတ်သေးသေးလေးစိတ်ပြီး ကိတ်သားထဲကိုသွပ်၍ ကိတ်မုန့်လေးခပ်မြန်မြန်ဖုတ်လိုက်တော့ သိပ်မကြာခင်မှာပဲ ဘယ်ရီသီးနံ့သင်းသင်းနဲ့ ကိတ်မုန့် တစ်လုံးက မနက်စာစားဖို့ရယ်ဒီဖြစ်သွားသည်။ ကိတ်မုန့်ထဲမှာ ဘယ်ရီသီး မျိုးနွယ်ဝင်တွေ အတော်စုံအောင်ပါ,ပါသည်။ ရိုစေးကဘယ်ရီ မျိုးနွယ်ဝင်တိုင်းကို ကြိုက်တာမို့စုံလင်နေအောင်ထည့်ဖုတ်ထားတာဖြစ်သည်။

Walking On The CloudsWhere stories live. Discover now