part-23

265 18 8
                                    

Unicode🎃🪔

ဟက်ပီး ဟက်ပီး... ဟောလိုးဝင်း။

"ဇာ‌မီရေ ... ကိုကို ဖဲပြားလေးချည်ဦးမယ်လေကွာ"

"ကိုယ်‌ဝန်ဆောင်သည်ကို ဒုက္ခသွားပေးမနေပါနဲ့ ရိုစေးရယ်"

"အာဗျာ ‌ဒုက္ခပေးတာမဟုတ်ပါဘူး ချစ်လို့ပါဆိုနေ"

"အဲ့ဒီဖဲပွင့်ကြီးချည်ပြီးရင်တော့ ကြောင်ကိုချပြီး ကိုယ့်ဆီလာခဲ့တော့ .."

ဂျီလီယမ်က ပြောမရသည့်ရိုစေးကို တစ်ထစ်လျှော့ပေးလိုက်ပါသည်။ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး ထိုင်ခုံမှာပြန်ထိုင်လိုက်တဲ့အချိန်မှာတော့ သဘောကျစွာထွက်လာသည့် အသံသေးသေးလေးကို နားမစွင့်ပေမယ့်လို့လည်း ကြားနေရသည်။

"ထာ..ဒါ.... ... ဘေဘီဇာမီ လှသွားပြီ၊ မစ္စထရီဇာကတော့ ရိုစေးကိုကျေးဇူးတွေဇွတ်တင်နေတော့မှာ"

အိမ်နီးချင်းဖြစ်သူမစ္စထရီဇာ‌ရဲ့ အဖိုးတန်ကြောင်ဝါလေးကိုပိုက်ပွေ့ပြီး ကိုယ်လုံးပေါ်မှန်ရှေ့သွား‌ပြနေသည့် ကောင်လေးကို ဂျီလီယမ်က လက်ရောခြေပါမြှောက်ထားပြီးပါပြီ။ ဘယ့်နှယ့် ချစ်‌သူ‌ကောင်လေးငယ်ငယ်လေးရထားတာမို့လား ရထားတဲ့ အဲ့သေးသေးလေးကပဲ အလိုက်ကန်းဆိုး မသိတာကြောင့်လား မပြောတတ်ပါ။ ထိုကလေး သူ့ကိုကပ်ချင်တဲ့အချိန်သာ ကပ်ပြီး တစ်ခါတခါဆို ဖုတ်လေတဲ့ငပိရှိတယ်မထင်တဲ့အတိုင်း ပလစ်ထားတတ်ပါသေးသည်။

"ဟီးဟီး ဂျီဂျီရေ..."

"မျက်နှာချိုသွေးမနေပါနဲ့ ကိုယ့်ဆီလာတော့"

"ဇာမီ့ကို ‌သွားပို့လိုက်ဦးမယ်နော် သုံးမိနစ်ပဲ အိုကီ"

Okey sign လုပ်ပြကာ သုတ်ခနဲနေအောင်ထွက်သွားသည့်ကောင်လေးက သူကိုယ်တိုင်တော့ အစိမ်းရောင် အပေါ်အောက်ဝမ်းဆက်ကို ဝတ်ထားပြီး အပေါ်ရုံထားသည့် ဝတ်ရုံလေးကလည်း ကျောက်‌စိမ်းရောင်လေးပဲဖြစ်သည်။ ခေါင်းပေါ်မှာကတော့ ‌မင်းသားတွေစောင်းသလိုမျိုး သရဖူ အသေးစားလေးတင်ထား၏။ မြင်သာအောင်ပြောရရင်တော့ The little prince cartoon ထဲက မင်းသားလေးဝတ်ထားသလို
Costume လေးဖြစ်သည်။ ဇာမီဆိုတဲ့ကြောင်လေးကကျ သူ့ရဲ့ နှင်းဆီနီလေးဖြစ်ပြီး ကြောင်မလေးခမျာ ကိုယ်ဝန်ဆောင်နေရသည့်ထဲ ရိုစေးဆင်ပေးထားတဲ့ အနီရောင်နှင်းဆီပွင့်ကြီးနဲ့ ခပ်ပွပွလေးချည်ထားတဲ့ စကပ်အနီကားကားလေးကို ဝတ်ထားရသေးသည်။

Walking On The CloudsWhere stories live. Discover now