part-20

648 31 6
                                    

Unicode☁

ကိုင်းအနက်ကွပ်ထားတဲ့ မျက်မှန်ဝိုင်းလေးက ရိုစေးရဲ့ နှာရိုးလေးပေါ်မှာ တိကျစွာရှိနေပါသည်။ ကီးဘုတ်ပေါ်လက်ချောင်းတွေတင်ကာ တချောက်ချောက်ရိုက်သံတွေကလွဲရင် ထပ်ခိုးထပ်အိပ်ခန်းလေးထဲမှာ အသံဗလံတွေ ဥဿုံတိတ်ဆိတ်နေ၏။ အချိန်ဟာ နော်ဝေစံတော်ချိန်အရ ဆယ့်နှစ်နာရီ ငါးမိနစ်ပါ။ ရိုစေးမအိပ်ရသေးဘူး။ သူအိပ်လည်းမငိုက်ပါဘူး။

မျက်ဆံညိုလေးတွေဟာ ဖျော့တော့တဲ့ညအိပ်မီးရောင်အောက်မှာ အရောင်တွေလက်နေသည်။

ကီးဘုတ်ပေါ်က လက်ချောင်းလေးတွေက အသုံးပြုတာကြာပြီဖြစ်တဲ့အတွက် အနည်းငယ်‌လေးညောင်းညာနေပြီဖြစ်သည်။ Typing ရိုက်တာကိုခဏရပ်ပြီး ရိုစေးက သူရဲ့လက်ချောင်းတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့လက်ချောင်းလေ့ကျင့်ခန်းကို ဆယ်ကြိမ်ခန့် လုပ်လိုက်သည်။ မျက်မှန်သမားမို့ မျက်လုံးကိုဂရုစိုက်သင့်တာသိပေမယ့် တစ်ခါတလေတော့ ရိုစေးက ဆိုးချင်သည်။ ဂရုမစိုက်ဘဲနေချင်သလိုနေတတ်သည်။ သေချာတာတော့ ဒေါက်တာသိရင် ဆူခံထိပါလိမ့်ဦးမည်။ စာရေးတာပြီးသွားသည့်အခါ ရုပ်ရှင်ကြည့်ဖို့အတွက် ရိုစေးက animation တစ်ကားကိုဖွင့်လိုက်သည်။ ကြည့်ရန် listကနေ ရွေးလိုက််တဲ့ကားလေးက 2023 ခုနစ်ထုတ်ဇာတ်ကားလေးဖြစ်တဲ့ Elementals ပါ။

အသွင်မတူတဲ့ မီးနဲ့ရေ ကို Fantasy Candyဆန်ဆန်လေးမို့ ရိုစေးကရွေးလိုက်တာဖြစ်၏။ ရုပ်ရှင်ကြည့်ရင်းဇိမ်ခံဖို့အတွက် အပူခံဓာတ်ဗူးအဖုံးကို လှည့်ဖွင့်လိုက်ပြီးအထဲက ကော်ဖီနွေးနွေးကို အရသာခံပြီး အချိန်ဆွဲရင်းသောက်နေ
လိုက်သည်။ ဘေးမှာလည်း ညဦးပိုင်းတည်းက ဗိုက်ဆာလာရင်စားဖို့ယူလာသည့် မုန့်တစ်ချို့ရှိသေးသည်။

ကြာလာတော့ ရိုစေးရဲ့အာရုံအလုံးစုံဟာ ဇာတ်ကားထဲမှာမျောလွင့်သွားတော့၏။ ဇာတ်လမ်းအစမှာ Elemental မြို့တော်ကို
မီးနိုင်ငံကနေပြောင်းရွေ့လာသည့်ဇနီးမောင်နှံနှစ်ဦးကိုတွေ့ရ၏။ ပြောရရင်တော့ elemental မြို့ကမီးတွေအတွက်ပြုလုပ်ပေးထားသည့် နေရာတစ်ခုမဟုတ်ပေ။ ထို့ကြောင့်မြို့သစ်ကိုရောက်ရောက်ချင်းအစပိုင်း မီးမောင်နှံနှစ်ဦး ခက်ခဲခဲ့ပုံကို သေချာဖော်ပြပေးထား၏။ အဓိကဇာတ်လိုက်က မီးမောင်နှံကနေမွေးဖွားလာသည့် မီးတောက်မိန်းမငယ်လေးဖြစ်ပြီး သူရဲ့လက်တွဲဖော်လောင်းကတော့  ရေ‌ကောင်‌လေးဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Nov 21, 2023 ⏰

Add this story to your Library to get notified about new parts!

Walking On The CloudsWhere stories live. Discover now