[Zawgyi]
၇မျှော်လင့်နေရသည့် အင်္ဂါနေ့လေးရောက်ရှိလာပြီ။
တွယ်တာတို့သရေတာထဲစောင့်ဆိုင်းနေတုန်း သိပ်ချစ်ရသည့် အညိုရောင်အသဲတုံးလေးက အိတ်ကလေးလွယ်ကာ စာအုပ်လေးကိုင်ရင်း သရေတာထဲဝင်လာလေသည်။
"မင်္ဂလာပါ"
"မင်္ဂလာပါဆရာမ"
ခိုင်က အိတ်ကလေးကိုstage စင်ပေါ်ရှိစားပွဲပေါ်ချကာ စာအုပ်ကလေးလှန်ရင်း
"ဒီနေ့ ကဗျာဖွဲ့နည်းကနေ စသင်ပါမယ်"
စားပွဲပေါ်ရှိမိုက်လေးကိုကိုင်ကာပြောနေပုံလေးကတွယ်တာ့မျက်လုံးထဲတွင် ကြည့်မဝသည့်ပန်းချီကားလေးလိုပင်။
ပြောနေရင်း မီးပျက်သွားရာမိုက်ကအသံရပ်သွားသဖြင့် ကျောင်းသားများက "ရေးး" ဟု ထအော်ကြတော့ ခိုင် ပြုံးရင်းမျက်စောင်းလှလှလေးတစ်ချက်ထိုးလိုက်ပုံက ပြေးပွေ့ချင်စရာကောင်းလောက်အောင်ချစ်စရာကောင်းလှသည်။
"တီချယ့်အသံကြားရလား"
နောက်ဆုံးတန်းထိအောင်ကြားလိုက်ရသည့်အသံချိုချိုလေးကြောင့် တွယ်တာ တို့အံ့ဩရ၏။
ခိုင့်ကိုထိုမျှအော်နိုင်မည်မထင်ထားပါ။
သို့သော်လည်းစာမသင်ချင်သည့်နေရာတွင်တော့အလွန်ညီညာသည့်ထိုကျောင်းသားများက
"မကြားရပါဘူး"
"ကြားရလားဆိုတာကိုတော့ကြားရတယ်ပေါ့"
ခိုင်ကထပ်မံပြီး မျက်စောင်းလှလှလေးထိုးကာပြောလိုက်ပြန်ရာ တွယ်တာ အရည်ပျော်ရပြန်ပြီ။
"မကြားရဘူးလား ဟိုနောက်ဆုံးက ကလေးတွေ"
ခိုင်လှမ်းမေးလိုက်၍ တွယ်တာ အကြံတစ်ခုရသွား၏။
"မကြားရပါဘူးတီချယ် နောက်မှာလာပြောပေးပါ"
စာအုပ်လေးကိုင်ရင်း သရေတာနောက်ဆုံးသို့ဦးတည်လာသည့် ခိုင့် ကိုကြည့်ကာ တွယ်တာက ရင်ခုန်သံများမြန်ဆန်နေသော်လည်း ဝင့်ဝါ တို့ကတော့ ခြေလက်မကိုင်မိဖြစ်ကုန်ပြီ။
ဝင့်ဝါကို တို့လည်း မိုးကဗျာ တို့ကဲ့သို့ အပေါင်းသင်းမှားလေပြီ။