[Zawgyi]
၈"ခိုင် ဒီည ဒေါက်တာပိုင်ဝေထွန်း တို့ မိသားစု ညစာလာစားမှာနော်"
ခိုင် အိမ်သို့ပြန်ရောက်သည်နှင့် မမကြီးက အသင့်ဆီးကြိုကာပြောလိုက်သည့်စကားကြောင့် သူမသက်ပြင်းချမိ၏။
ကျောင်းမှာတည်းကဖုန်းဆက်ပြောသည့်အပြင်ယခုလည်းထပ်ပြောပြန်ပြီ။
"ဟုတ်ကဲ့ မမကြီး"
ခိုင်က စိတ်မပါတပါ ပြန်ဖြေလိုက်၍
"သေချာပြင်ဆင်ထားပါ ခိုင် မမကြီးတို့စိတ်ပျက်ရအောင်မလုပ်ပါနဲ့"
"ဟုတ်ကဲ့ မမကြီး"
ပြုံးတောင်မပြုံးပြဘဲ အပေါ်ထပ်သို့ ခပ်သွက်သွက်တက်သွားသည့် ခိုင့်နောက်ကျောကိုကြည့်ရင်း မမကြီးက မျက်မှောင်ကြုံ့လိုက်ကာ မမလတ်ကတော့ သက်ပြင်းသာချလျက်။
မမကြီး၏ စကားအတိုင်း ခိုင် ရေချိုးပြီးနောက် မှန်တင်ခုံရှေ့၌ ပြင်ဆင်ရန် ထိုင်လိုက်၏။
စားပွဲပေါ်ရှိယနေ့တွယ်တာပန်ဆင်ပေးခဲ့သော နှင်းဆီပန်းလေးထဲ အကြည့်ရောက်သွားတော့ ခိုင် ပြုံးမိသည်။
နေ့တိုင်းပန်းပန်ပေးရရင်ကောင်းမှာပဲလို့တော့ ဒင်းကလေးက အာချောင်ပြီးပြီ။
တကယ်လာပန်ပေးမပေးတော့ ခိုင် စောင့်ကြည့်ပါဦးမည်။ မလာလို့ကတော့ မှတ်လောက်အောင် ကောက်ပစ်မည်။
ဆိုင်သူမဟုတ်သော်လည်း ဒေါ်ခိုင်သွယ်ငြိမ်းတို့ ချစ်ခွန်းတွယ်တာဟူသည့် ထိုမိန်းကလေးအား မောင်ပိုင်စီး ချင်ပါသည်။
ခိုင် အောက်ထပ်ကိုဆင်းလာတော့ ပိုင်ဝေထွန်းတို့က မရောက်သေး။
ဖေဖေက ဧည့်ခန်းတွင် ဖုန်းထိုင်ကြည့်နေကာ မေမေက မမလတ် နှင့်စကားပြောနေ၏။
ခိုင် သူတို့နားကိုလှမ်းသွားတော့ မမလတ်က ပြုံးပြီး
"ခိုင် လာလေ"
ခိုင်က မမလတ်နားထိုင်လိုက်ရာ ဖေဖေက မျက်မှန်အောက်မှနေ ခိုင့်ကိုတစ်ချက်ဝေ့ကြည့်လိုက်ကာ
"ဒီနေ့ဧည့်သည်လာမှာ"
"သမီး သိပါတယ်"
"ဘာလို့မပြင်ဆင်ထားတာလဲ"