[Zawgyi]
၂၀မသောက်တတ်သည့် ဖြိုးတို့၂ယောက် ဘယ်လောက်မှတောင် မသောက်လိုက်ရ ရေချိန်အတော်ကိုက်လာပုံ။
၂ယောက်သား မျက်နှာကြီးများ နီလာသဖြင့် ကဗျာ နှင့် ဖူးပွင့် ကလည်း သူမ တို့နှင့်မလိုက်လာ၍ ယုဇန တစ်ယောက် ခေါင်းကျိန်းနေလေပြီ။
တစ်ခနနေတော့ ဖြိုးက ခွက်လေးချကာ
"မိန်းမစိတ်ပူနေလောက်ပြီ"
"တီချယ်ဖြိုးက မယားကြောက်ပဲ"
"နင်ကရော ဘာထူးလို့"
ဖြိုး ၏ အပြောက မှန်နေသဖြင့် တွယ်တာ မျက်နှာလေးတစ်ချက်မဲ့လိုက်ပြီးနောက်
"ခိုင့်ကို သီချင်းလေးဆိုပြီးချော့ချင်တယ် ခိုင် ကောက်နေလောက်ပြီ"
ဖြိုးကလည်း ထောက်ခံလိုက်ပုံဖြင့်
"ဟုတ်တယ် သီချင်းဆိုရင် အပျိုကြီးတွေကြွေတယ် သိလား"
"ဒါဆို သွားရအောင် တီချယ်"
ယိုင်နဲ့နဲ့ဖြင့်ထွက်သွားသည့် တွယ်တာ တို့၂ယောက်ကိုကြည့်ရင်း ယုဇန ကတော့ ဘုရားသာ တ နေမိတော့သည်။
~~~~~
"၇နာရီကျော်ပြီ ဟို၂ယောက် ခုထိပေါ်မလာသေးဘူး"
အလိုမကျပုံဖြင့်ပြောနေသူမှာ နွယ်။
ခိုင်ကလည်း နွယ့်ကို ထောက်ခံပုံဖြင့် မျက်နှာမကောင်း။
"တစ်နေရာရာကို သဝေထိုးနေမှာပေါ့"
"ပြန်လာလို့ကတော့ တွေ့ဦး.."
နွယ် ကျိန်းလို့ပင်မဆုံးသေး သူမတို့ တည်းခိုသည့် အိမ်အရှေ့နား ကုက္ကိုပင် ထံမှ ဂစ်တာသံအချို့ထွက်လာသဖြင့် ၂ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်။
"တီးရော တီးနိုင်ရဲ့လား"
တွယ်တာ က ကြိုးသာညှိနေသည် လူက ယိုင်ထိုးနေသဖြင့် ဂစ်တာ သွားယူပေးရသည့် ယုဇန ဘေးကနေ ခေါင်းကုတ်ရင်း
"ပေးစမ်းပါဟယ် ဒီအမူးသမား၂ကောင်နဲ့တော့ ရူးချင်တယ်"
ယုဇန တွယ်တာ့ထံမှ ဂစ်တာ့ကိုလှမ်းယူလိုက်ကာ