[Zawgyi]
၂၆တွယ်တာ သီချင်းဆိုပြီးနောက် ခိုင် က ထသွားသဖြင့် မမကြီးတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြ၏။
ခိုင် အခန်းထဲရောက်သည်နှင့် ခုတင်ပေါ်ထိုင်ချကာ တွယ်တာနှင့်အမှတ်တရတို့ကိုပြန်တွေးရင်း ပါးပြင်ထက်သို့မျက်ရည်စတို့က စီးကျလာရလေသည်။
ခိုင် ထပ်မချစ်ရဲတော့ပါ။ တွယ်တာ့ ကိုလည်း အယုံအကြည်မရှိတော့။
ယခင်ကတွယ်တာ့ကိုတွေ့သည်နှင့် စီးချက်မမှန်သည့် ရင်ခုန်သံသည်လည်းယခုတော့ဘယ်ပျောက်သွားမှန်းမသိ။
ခိုင့်နှလုံးသားသည်လွန်သောကာလများကလိုပင် ကျောက်ခဲတစ်ခဲပမာပြန်ဖြစ်သွားပြီလား။
ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
တံခါးခေါက်သံကြောင့် ခိုင် မျက်ရည်တို့ကိုသုတ်ပြီးဝင်လာခဲ့ရန်ပြောလိုက်ရာ ဝင်လာသူမှာ တွယ်တာ။
တွယ်တာ့ကိုမြင်လိုက်သည်နှင့် ခိုင် ချက်ချင်းခုတင်မှထလိုက်ပြီး
"မင်း ဘာလာလုပ်တာလဲ"
"တီချယ်သမီး တီချယ့်အတွက်မွေးနေ့လက်ဆောင်.."
"မလိုချင်ဘူး မင်း ထွက်သွား"
ခိုင်ကသူမကိုခါးခါးသီးသီးဖြစ်နေ၍
"သမီးတောင်းပန်ပါတယ် တီချယ် သမီးတကယ်မှားခဲ့ပါတယ် ရှိုင်းခန့်ဦးနဲ့ကဘာမှမပတ်သက်ပါဘူး အခုသမီးသူ့ကိုရှင်းရှင်းလင်းလင်းပြောလိုက်ပြီ"
တွယ်တာ ရှိုင်းကို လူချင်းတွေ့ကာ အသုံးချချင်ရုံဟုပြောပြီး တောင်းပန်ခဲ့၏။ ရှိုင်းဘက်ကအတော်ဝမ်းနည်းသွားပုံပင်။ သို့သော်လည်းတွယ်တာ မတတ်နိုင်ပါ။သူမရင်ထဲ၌ ခိုင်ကသာအစဉ် တိုးဝှေ့နေသူ။
တွယ်တာ့စကားကြောင့် ခိုင် ခပ်ရွဲ့ရွဲ့လေးပြုံးမိသည်။
"မင်းက လူတကာကို ဒီလိုပဲ လိုက်play နေတဲ့မိန်းကလေးလား"
တွယ်တာ ချက်ချင်း ဘာမှပြန်မပြောနိုင်။ခေါင်းလေးငုံ့လျက်သာ
"ဒါပေမဲ့ သမီးတီချယ့်ကိုတကယ်ချစ်တာပါ"
"ချစ်တယ်ဆို မင်းဘာလို့ငါ့ကိုမယုံခဲ့တာလဲဘာလို့ရှင်းပြခွင့်လေးတောင်မပေးခဲ့တာလဲ ဟမ် ငါအဲ့နေ့ကလေမင်းကိုအကြောင်းစုံပြောပြပြီး မင်းနဲ့တူတူ ဘဝကိုဖြတ်သန်းမယ်လို့ စိတ်ကူးတွေယဉ်လိုက်ရတာ မင်းကတော့ တစ်ခြားကောင်လေး လက်ကိုဆွဲပြီး...ချစ်ခွန်းတွယ်တာရယ် ငါ့ကိုအဲ့လိုလုပ်ခဲ့တဲ့သူကို နောက်တစ်ကြိမ်ပြန်လက်ခံရလောက်အောင် ငါ ဈေးမပေါဘူး"