Episode 10(Z+U)

11.5K 955 31
                                    

[Zawgyi]
၁၀

တွယ်တာ ထိုမနက်တွင်လည်း နှင်းဆီဖြူလေးကိုင်ကာ စောင့်နေမိပြန်သည်။

မနေ့က သူမ သီချင်းဆိုနေတုန်း ရှက်ပြုံးလေးပြုံးနေသည့် ခိုင့်မျက်နှာကိုတွေးမိတိုင်း တွယ်တာ ပျော်ရွှင်ရသည်။

သူမထိုင်နေစဉ် ရှေ့မှကားတစ်စီးဖြတ်သွားပြီး တီချယ်နွယ်နှင့်ဖြိုးက ကားပေါ်မှဆင်းလာသည်။

နွယ်က ဖြိုးထံမှ laptop အိတ်လေးကိုယူကာ ဖြိုးကိုလိုက်မပို့ရန်ပြောနေပုံပင်။

တွယ်တာသူမတို့အား နောက်မှ မသိမသာလေးကြည့်နေတုန်း ဖြိုးက ဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီး နွယ့်ပါးပြင်ကိုဖြတ်ကနဲနမ်းလိုက်လေသည်။

ဖြိုးလုပ်ရက်ကြောင့် နွယ်က ဖြိုး၏ရင်ဘက်လေးအားခပ်ဖွဖွထုလိုက်ကာ ဖြိုးကလည်း ပြုံးဖြီးပြီးကားပေါ်
ပြန်တက်သွားလေသည်။

သူမတို့၂ယောက်ကို အားကျသောအကြည့်များဖြင့် ချောင်းကြည့်နေသည့်တွယ်တာ့ကိုတော့ ဖြိုးတို့မမြင်မိ။

ထို့နောက် ဖြိုးက ကားပေါ်ပြန်တက်ကာ သူမတို့ ဂီတအဖွဲ့များရုံးခန်းဘက်သို့ထွက်သွားပြီး ခိုင့် ကားလေးက ရှေ့ဆင့်နောက်ဆင့်ရောက်လာလေသည်။

တစ်စုံတစ်ယောက်အားနှုတ်ဆက်ပြီးအိတ်ကလေးဆွဲ၍ ကားပေါ်မှဆင်းလာသော ခိုင့် ကိုတွေ့တော့ တွယ်တာ နောက်ကနေအပြေးလိုက်တော့သည်။

"တီချယ်"

တွယ်တာ့အသံကြားသည်နှင့် ခိုင် နောက်ကိုလှည့်လိုက်ကာ

"ချစ်ခွန်းတွယ်တာ"

တွယ်တာ့ ခိုင့်အား နှစ်လိုအားရ ပြုံးပြလိုက်ပြီး

"နှင်းဆီဖြူလေးပေးချင်လို့ပါတီချယ်"

ခိုင်က နှုတ်ခမ်းလေးလှုပ်ရုံပြန်ပြုံးပြလိုက်ကာ တွယ်တာ့နားတိုးပေးလိုက်၏။

ယနေ့တွင်လည်း ခိုင်က ဆံထုံးကိုအလွတ်လေးထားထားသဖြင့် တွယ်တာ သဘောကျရပြန်သည်။

သူမ ပန်းပေးသည့်ရက်မှစ ခိုင့်ဆံထုံးလေးကလွတ်နေရာ သူမထံမှ ပန်းအပန်ခံပေးဖို့ ခိုင်ကမမေ့မလျော့ကြောင်းသေချာလေပြီ။

ရင်သို့တိုးဝှေ့ဆဲပါ..ခိုင်(completed)Where stories live. Discover now