[Zawgyi]
၁၉"ဟဲ ဟဲ ခိုင် တော့ခုချိန်ငါ့စာဖတ်ပြီး ကြွေနေလောက်ပြီ"
တွယ်တာ တစ်ယောက် အိမ်ပြန်ရောက်တော့ အခန်းထဲတစ်ယောက်တည်းတွေးရင်း ကျေနပ်နေမိ၏။
"တီချယ်ဖြိုးကပြောတယ် အဲ့စာကို ခိုင် ကျိန်းသေသဘောကျမှာတဲ့ မနက်ဖြန်သွားတွေ့ရင် ငါ့ကို အာဘွားတွေပေးတော့မယ်ထင်တယ် အဟိ"
ချစ်ရသူ မူပိုင်ရှင်က ရင်ခုန်လားမခုန်လားတော့မသိ။ ချစ်ခွန်းတွယ်တာ တစ်ယောက်ကတော့ ကိုယ့်အတွေးနှင့်ကိုယ်အပျော်ကြီးပျော်နေလေသည်။
"တောက် ကလေးကလားတွေငါ့ကိုလာပေးနေတယ် တွေ့လို့ကတော့ ခေါင်းကိုခေါက်ပစ်ဦးမယ်"
ခိုင် အိမ်ပြန်ရောက်တော့လည်း ထိုစာရွက်လေးကို ကြည့်ကြည့်ပြီး တောက် တစ်ခေါက်ခေါက်ဖြင့်။
ရည်းစားစာ ပေးမယ်ဆိုလို့ အပျိုကြီးခမျာရင်ခုန်လိုက်ရတာ။ လာပေးတဲ့စာက ကလေးတုန်းက ဆော့တဲ့ကဗျာနဲ့။
သို့သော် အပျိုကြီးက စိတ်သာဆိုးတာ စာကိုဖတ်တာ အခေါက်ရေမနည်းတော့။ တွယ်တာ့ လက်ရေး ဝိုင်းဝိုင်းလေးကို ကြည့်ရင်း တစ်ချက်တစ်ချက်တောင် ထထ ပြုံးလိုက်သေး။
အပျိုကြီးဟူသည် အပြောတစ်မျိုး အလုပ်တစ်မျိုးလော။
~~~~~
ဖုန်း alarm သံကြားသည်နှင့် မနေ့ကလိုပင် တွယ်တာ ဖေဖေ့ကို ခွင့်တောင်းပြီး ကျောင်းသို့ခပ်သွက်သွက်ထွက်ခဲ့လိုက်၏။
ထုံးစံအတိုင်းပင် နှင်းဆီဖြူလေးကိုင်ကာ ခရေပင်အောက်မှ ခုံလေးတွင်ထိုင်စောင့်နေလိုက်ပြီး သိပ်မကြာခင် ခိုင့်ကားလေးက ဌာနအောက်ပါကင်တွင်ရပ်လိုက်တော့ တွယ်တာ ထိုင်နေရာမှ ထလိုက်ကာ ခိုင့်ထံဦးတည်လိုက်သည်။
သူမကိုမြင်သည် နှင့် ခိုင့်မျက်နှာကအနည်းငယ်တည်သွားသဖြင့် တွယ်တာ မျက်ခုံးပင့်မိ၏။
"တီချယ်"
ခိုင် က တစ်ခွန်းမှ မပြောဘဲ ရုံးခန်းသို့တက်သွားရာ တွယ်တာ နောက်ကနေအပြေးလိုက်ပြီး ခိုင့်လက်ကိုဆွဲလိုက်ကာ