Extra 1(Z+U)

12.1K 820 23
                                    

[Zawgyi]

သူရိယနေဝန်းနီသည် အရှေ့မိုးကုပ်စက်ဝိုင်းဆီမှ တရွေ့ရွေ့ပေါ်ထွက်လာကာ လောကကိုအလင်းပေးနေချေပြီ။

ကျေးငှက်သာရကာလေးတို့သည်လည်း အိပ်တန်းတက်ရမှ ပြန်လည်နိုးထလာကြကာ ကျီကျီကျာကျာအသံလေးများဖြင့် မာဂဓ ဘာသာစကားကိုသီကျူးနေကြပြီ။

သာယာလန်းဆန်းနေသော နံနက်ခင်းအလှတရားတို့နှင့်အပြိုင် လှပနေသောအမျိုးသမီးတစ်ဦးသည်လည်း မှန်တင်ခုံရှေ့ထိုင်ကာ ကျောင်းသွားရန်ပြင်ဆင်နေ၏။

ခပ်သွယ်သွယ်မျက်နှာလေးပေါ် မိတ်ကပ်ခပ်ပါးပါးသာလိမ်းကျံ၍ အုတ်ကျိုးရောင်နှုတ်ခမ်းနီလေးကိုနှုန်ခမ်းပါးပါးလေးပေါ်ခပ်ဖျော့ဖျော့အရောင်တင်လိုက်သည်။

ခါးထိရှည်သည့်ဆံနွယ်တို့ကိုသပ်ရပ်နေစေရန်ထုံးဖွဲ့လိုက်ကာ ကကြီးပုံနဖူးကျဉ်းလေးပေါ်၌ ဆံစလေးကို၂ဖက်ခွဲချထား၏။

ထို့နောက် အဝတ်ဗီရိုထဲမှ နီညိုရောင်ဇင်းမယ်ဝမ်းဆက်ကလေးကို သွယ်လျလျခန္ဓာကိုယ်လေးတွင် သေသပ်ပိရိစွာဝတ်ဆင်လိုက်ပြီးနောက် ခိုင် မှန်ကိုကြည့်ရင်း ပါးချိုင့်လေးပေါ်သည်ထိပြုံးမိလေသည်။

ညိုဖန့်ဖန့်အသားအရေပိုင်ရှင် ခိုင် ဟူသော အမျိုးသမီးသည် နှစ်ကာလမည်မျှပြောင်းသွားပါစေ နုပျိုလှပနေဆဲ။

ခိုင် ပြင်ဆင်ပြီးနောက် အံဆွဲထဲမှ တွယ်တာပေးခဲ့သော ခြောက်သွေ့နေပြီဖြစ်သည့်နှင်းဆီပန်းအဖြူလေးများအား တယုတယကိုင်ကြည့်နေမိသည်။

ထို ပန်းလေးများနှင့်အတူသိမ်းဆည်းထားသည့် လွန်ခဲ့သော၃နှစ်လုံးလုံး လစဉ်မပြတ် တွယ်တာ့ထံမှ ပေးပို့ခဲ့သော စာလေးများကိုပါကြည့်မိရင်း လွမ်းဆွေးသလိုခံစားရပြန်သည်။

နောက်ဆုံးတွေ့ခဲ့သည့်ရက်မှစ တွယ်တာသည် လစဉ်မပြတ် ခိုင့်ထံစာတစ်စောင်စီပို့ခဲ့၏။ သို့သော် ဖုန်းတော့မဆက်။ Facebook တွင်လည်း တွယ်တာ့ acc လေးပျောက်သွားခဲ့သည်။

တွယ်တာ့စာထဲတွင်တော့ ခိုင့်ကိုစိတ်ဒဏ်ရာပေးမိသည့်အတွက် သူမကိုယ်သူမ အပြစ်ပေးသည့်အနေဖြင့် ခိုင့်ရှေ့ပေါ်မလာသေးတာ ဟု ရေးထား၏။

ရင်သို့တိုးဝှေ့ဆဲပါ..ခိုင်(completed)Where stories live. Discover now