[Zawgyi]
၂၂"ခိုင် ကားမောင်းလို့အဆင်ပြေပါ့မလား"
နွယ့်အသံကြောင့် ခိုင် မော့ကြည့်လိုက်ပြီး
"ဟုတ်ကဲ့"
"ချုပ်တည်းမထားပါနဲ့ ခိုင် ငိုချင်ငိုချလိုက်ပါ"
ခိုင်ကနွယ့်ကိုပွေ့ဖက်လိုက်ပြီး
"ခိုင်တကယ်မဟုတ်ရပါဘူး တွယ်တာက တွယ်တာ အထင်လွဲနေတာ"
"အစ်မနားလည်ပါတယ် တွယ်တာ့ကိုအေးဆေးရှင်းပြကြည့်လိုက် သူလက်ခံမှာပါ ခုက သွေးပူနေတာလေ"
ခိုင်က ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်
"ဟုတ်ကဲ့ အစ်မ"
"ကဲ ခိုင့်မေမေလည်းနေကောင်းတာမဟုတ်ဘူး ဒီညစိတ်ကိုရှင်းရှင်းထားပြီး မနက်ဖြန်ကျ တွယ်တာနဲ့သေချာစကားပြောလိုက်နော်"
"ခိုင့်ကိုခွင့်ပြုပါဦး"
ခိုင့်နောက်ကျောကိုကြည့်ရင်း ဖြိုးက သက်ပြင်းလေးချလိုက်ကာ
"အချစ်စစ်တို့လမ်းက မဖြောင့်တန်းလိုက်တာ တီချယ်ရယ်"
"အချစ်စစ်မှန်ရင်ပေါင်းစည်းရမြဲပါ ခိုင်က ကျိန်းသေဖြေရှင်းနိုင်မယ် လို့ တီချယ်ယုံကြည်တယ်"
"သမီးလည်းအဲ့လိုပဲမျှော်လင့်ပါတယ်"
သူမတို့၎ယောက်လုံးသတိမထားမိသည့်အချက်မှာတော့ ခိုင့် ကားနောက်မှ နောက်ယောင်ခံလိုက်လာသူတစ်ဦး၏ အပြုံးပင်။
~~~~~
ခိုင် ဆေးရုံပြန်သွားတော့ မေမေက ဆေးရုံဆင်းပြီး အိမ်တောင်ပြန်ရောက်ပြီတဲ့။
အသည်းအသန်သေမလိုဖြစ်ရာကနေ အိမ်ကိုဘယ်လိုပြန်ရောက်သွားသလဲ ခိုင် မျက်စိတောင်လည်နေပြီ။
ပြီးတော့ ခိုင် အိမ်ကိုပြန်လာတဲ့အချိန် ပိုင်ဝေထွန်းက အဆင်သင့်ရောက်နေကာ ခိုင့်ကိုအသားယူပြီး ထိုဓာတ်ပုံတွေကလည်း တွယ်တာ့ ဆီရောက်သွားသည်။
တစ်ဖန် ကျော်သူတို့ပွဲတုန်းက ခိုင်နှင့် ပိုင်ဝေထွန်း၏ ပုံတွေကလည်းဘယ်ကဘယ်လိုထွက်လာလဲမသိ။