[Zawgyi]
၁၃"စာဆိုက လူသားတို့သည် ကြီးမားကျယ်ပြန့်သော ကောင်းကင်ပြာကြီးဖြစ်လိုကြသည် သို့သော် ထိုကောင်းကင်၌ တိမ်ညိုတိမ်ဝါ တို့ဖြင့်မငြိမ်မသက်ရောယှက်နေသည်ကိုတွေ့ပါက
အသက်နှင့်တမျှလဲလှယ်ပြီးချစ်ရပါသော ညိုနှစ်နုနယ်လှသည့်အမျိုးသမီးလေးသည် ကောင်းကင်မဖြစ်လိုတော့ပါ...
မိမိအသက်တမျှချစ်မြတ်နိုးရပါသော အသားအရည်ညိုပြာကာညက်ညောပျိုမြစ်လှသည့်အမျိုးသမီးလေး..
အသက်ကိုအပ်နှင်းထားရလောက်သည်အသိချစ်ခင်နှစ်သက်ရပါသော အသားအရေညိုမြစိုပြေသည့်အမျိုးသမီးလေး"ခိုင် စာစစ်နေရင်းမှ တွယ်တာက အသားညိုသည့်အမျိုးသမီးအား စပယ်ရှယ်ကိုတင်စားထားသည်အားတွေ့၍ ပြုံးနေမိသည်။
"အမလေးဟဲ့ စကားကတော်တော်တတ်နေတာ"
ထိုစာရွက်ကိုမြင်တည်းက တွယ်တာ့ စာရွက်မှန်း ခိုင် တန်းသိနေသည်။ အရေးအသားက သိသာနေသည့်အပြင် တွယ်တာ့ခုံနံပတ်လေးကိုပါ ခိုင် မှတ်မိနေ၏။
အချိန်ကာလမှာ၃လရှိပြီဖြစ်သလို ချစ်ခွန်းတွယ်တာ ဟူသည့်ကလေးမက ခုထိ ခိုင့်အားချစ်ပါသည် မပြောသေးရာ ခိုင့် အသည်းနှလုံးကိုနည်းမျိုးစုံဖြင့်ကစားနေရော့သလား။
အချစ်အားအယုံအကြည်မရှိဟု ကြွေးကြော်နေသည့် ခိုင် တစ်ယောက် ဘာကြောင့်မှန်းမသိ တီချယ့်ကိုချစ်ပါတယ် ဆိုသော စကားလေးအား မသိစိတ်ကမျှော်လင့်နေမိသည်။
ခိုင် အဖြေလွှာများ တစ်ခုပြီးတစ်ခု စစ်ပြီးနောက် ၁၂နာရီခွဲခါနီးဖြစ် လာ၍ toliet အရင်သွားရန် အပြင်သို့အထွက် နွယ် နှင့် တွေ့ရာ
"အစ်မ"
"ခိုင်"
နွယ့်မျက်နှာက ခိုင့်ကိုမြင်သည်နှင့်ပြုံးစိစိဖြစ်သွား၍ ခိုင် မျက်လုံးလေးအဝိုင်းသားဖြင့်ကြည့်နေရင်း
"ခိုင့်မျက်နှာမှာတစ်ခုခုပေနေလို့လား"
"မပေပါဘူး"
ခိုင် မေးလေ နွယ်က ပါးစပ်လေးအုပ်ရင်း ရယ်လေ
ဖြစ်နေရာ"အစ်မ တစ်ခုခုများလားဟင်"