Episode 23(Z+U)

9.3K 871 78
                                    

[Zawgyi]
၂၃

"တောက်"

သူမထံရောက်လာသည့် မင်္ဂလာဆောင်ဖိတ်စာကိုကြည့်ရင်း တွယ်တာ တောက်တစ်ချက်ခေါက်မိသည်။

"နောက်ဆုံးတော့လည်းဒီစစ်ဆရာဝန်နောက်ကိုပါသွားတာပဲကို"

ဒီရက်ပိုင်းအတွင်း အဲ့စစ်ဆရာဝန်က ကျောင်းကိုမကြာမကြာလာနေတာ တွယ်တာ တွေ့ပါသည်။

အစက တွယ်တာ ခိုင့်ကိုစိတ်ဆိုးနေရုံသာ။ ခိုင့်ထံမှ ဖုန်းလာလျှင်လည်းစိတ်ကောက်ပြီးမကိုင်သလို ကျောင်းတွင် တွေ့လျှင်လည်း ရှောင်ရှောင်သွားမိသည်။သို့သော်စိတ်ကတကယ်မပြတ်နိုင်။

ခုတော့ ခိုင် နှင့် ထို စစ်ဒေါက်တာ ဆိုသူ၏ မင်္ဂလာဆောင်ဖိတ်စာက တွယ်တာ့ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေပြီ။

သူမစိတ်ကောက်လျှင် ခိုင်က မရရအောင် လိုက်ချော့မည် နောက် အဲ့စစ်ဒေါက်တာနှင့်ကလည်း အထင်လွဲတာပါ ဟု တွယ်တာ မျှော်လင့်ခဲ့သော်လည်း အတည်ကြီးမင်္ဂလာဆောင်သွားမည်လို့တော့ မထင်ခဲ့ပါ။

တွယ်တာ ဖိတ်စာကိုဖတ်ရင်း မဲ့ပြုံးလေးပြုံးလိုက်ကာ

"သူ့ဘက်ကတောင်ပြတ်နိုင်သေးတာပဲ"

အချစ်ကြီးသူသည် ပိုအမြတ်ကြီးတတ်သည်။

~~~~~

ခိုင် ကျောင်းကိုလာနေရသော်လည်း စိတ်ကမပါ။ ပိုင်ဝေထွန်း နှင့်စတွေ့သည့်နေ့တည်းက တွယ်တာက သူမကိုရှောင်နေသည့်အပြင်ဖုန်းဆက်လျှင်လည်းမကိုင်။

ထို့ပြင် ထိုရက်အတွင်း ပိုင်ဝေထွန်းက ကျောင်းကိုမကြာမကြာလာသေး၏။ ခိုင် အတတ်နိုင်ဆုံးရှောင်သော်လည်း ပတ်ဝန်းကျင်ကရှိသေး၍ အိန္ဒေမြပျက်အောင်ထိန်းရသေးသည်။

ည ည အိပ်ရေးအပျက်များသလို အစားလည်းမမှန်သဖြင့် ခိုင် နေလို့မကောင်းရာ အသက်ရှူချောင်လိုချောင်ငြား ရုံးခန်း အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

အောက်ထပ်ရောက်တော့ practical record လာထပ်သော တွယ်တာနှင့်တွေ့ရာတွယ်တာက ခိုင့်ကို ပြုံးပြသဖြင့် ခိုင်အတော်လေးပျော်မိသွားသည်။

ရင်သို့တိုးဝှေ့ဆဲပါ..ခိုင်(completed)Where stories live. Discover now