206+207+208+209+210

712 39 0
                                    

အပိုင်း(၂ဝ၆)

မင်းလက် တစ်ဖက်ကို ဖြတ်ထုတ်ပစ်မယ်(၁)

ခဏလောက် တိတ်ဆိတ် နေပြီးတော့မှ လူငယ်လေး အသံကို သူမစိတ်ထဲမှ ကြားလိုက်ရတယ်။
“သခင်… စိတ်ဝိညာဉ် စွမ်းအားကို နောက်တစ်ကြိမ် ထပ်ပြီးတော့ တိုးမြှင့်ချင် တာလား။ ဒါပေမဲ့ သခင် … စိတ်ဝိညာဉ် စွမ်းအားကို တိုးမြှင့်မယ်ဆိုလည်း သူ့ကို အနိုင်ရနိုင်ချေက ၅ဝရာခိုင်နှုန်းပဲ ရှိတယ်”
“၅ဝ ရာခိုင်နှုန်းပဲ ရှိတယ် ဟုတ်လား”
ယွမ်လော့ဖုန်းလည်း သူမ မေးဖျားလေးကို ထိကိုင်နေသည်။ သူမပုံစံက တစ်ခုခုကို အခိုင်မာ ဆုံးဖြတ်ချက် ချမှတ်နေပုံပဲ။
“ဒီထက် မပိုနိုင်တော့ဘူးလား။ ရှောင်မို…. ငါကို စိတ်ဝိညာဉ်စွမ်းအား တိုးမြှင့်ပေးဖို့ ကူညီပေးစမ်းပါ”
ထိုစကားကို ပြောနေစဉ်မှာ သူမ တန်ခိုးကို ဖုံးကွယ်ထားတာကို ရပ်တန့်လိုက်တယ်။ သူမ တန်ခိုးက ကျယ်လောင်စွာ ပေါက်ကွဲ မြည်ဟည်းလာတယ်။ သမုဒ္ဒရာပြင်မှာ  လှိုင်းလုံး ထန်ပြီးတော့ မိုးခြိမ်းသံများ မြည်ဟည်းနေသကဲ့သို့ ခံစားရတယ်။
“ကမ္ဘာမြေကြီး အနိမ့်ဆင့် စိတ်စွမ်းအား ကျင့်ကြံသူ”
မိန်းမပျိုလေး၏ ကြောက်လန့်ဖွယ် တန်ခိုး အရှိန်ဝါကို ခံစားမိပြီးနောက်မှာ ပိုင်စီ မျက်နှာ အမူအရာက တည်ငြိမ်သွားတယ်။ နှမြောတသခြင်းက  အသက်ရွယ် ကြီးရင့်တဲ့ သူ့မျက်နှာမှာ ပေါ်ပေါက်လာတယ်။
“မင်းက  ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကမ္ဘာမြေကြီး အဆင့် ရောက်ရှိနေပြီဆိုတော့ ပါရမီရှင် တစ်ယောက်ပါပဲ။ မင်းရဲ့ အမုန်းအာဃာတကို ဖယ်ဖျက်လိုက်ရင်တော့ မင်းက သေချာပေါက်  တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်နိုင်မှာပါ”
ပိုင်စီ ဟန်ဆောင်ပြုံး ပြုံးလိုက်ပြီးတော့  ယွမ်လော့ဖုန်းကို သနားကြင်နာသော မျက်ဝန်းတစ်စုံဖြင့် ကြည့်လိုက်တယ်။
“နှမြောစရာ ကောင်းစွာနဲ့ မင်းမှာ အမုန်း အငြိုးတွေဖြင့် ပြည့်နှက်နေတယ်။ ကြောက်ခမန်းလိလိ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်ခြင်းကို ကာကွယ်ဖို့ အတွက် ကျုပ် မင်းရဲ့ ခြေလက်တွေကို ဖြတ်ထုတ် ရလိမ့်မယ်။ မင်း စွမ်းအားတွေကိုလည်း ပျက်စီးအောင် ပြုလုပ်ရလိမ့်မယ်။ ကောင်မလေး…. ကျုပ်ကို မမုန်းပါနဲ့။ ကျုပ်က မင်းကောင်းဖို့အတွက် ပြုလုပ်ရတာပါ”
သူ့စကားက ယွမ်လော့ဖုန်းကို သတ်ရတာက သူမကောင်းဖို့အတွက် သတ်ရတာပါလို့ စောင်းပါးရိပ်ခြည် ပြောနေတာပါ။
သူမအတွက်တော့ ပိုင်စီဆိုတဲ့ အဘိုးအိုကို မုန်းခွင့်လည်း မရှိသလို  သူမက ပိုင်စီကို ကျေးဇူးတင် နေရမလို လာပြောနေတယ်။
လူတိုင်းက သူ့ကို ကလေးမလေး တစ်ယောက်ကို သတ်တာကို အပြစ်တင်မှာစိုးလို့ လောကကြီးကို ကယ်တင်ဖို့ သတ်ရတာပါလို့ ပြောနေတာပေါ့လေ။ ယွမ်လော့ဖုန်းကို အသက်ရှင်ခွင့် ပေးထားရင်လည်း တစ်နေ့မှာ သူ့ကို လက်စားလာချေမှာ သေချာတယ်လေ။ ယွမ်လော့ဖုန်း ကောင်းဖို့ ပြုလုပ်တယ်ဆိုတာ ဖြစ်နိုင်မည်တဲ့လား။
“အခုတော့ အရှက်မဲ့သူတွေသာ အောင်မြင်မှု ရရှိတယ် ဆိုတာ နားလည်လိုက်ပြီ”
ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီးတော့ မထီမဲ့မြင် အပြုံး တစ်ခုကို ဆင်မြန်းလိုက်တယ်။ သူမ၏ အမည်းရောင် မျက်ဝန်းတွေက ပိုင်စီကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ဒီလို ထူးခြားတဲ့ အပြုအမူမျိုးကို မည်သူမှ မပြုလုပ်နိုင်သေးဘူး။ ဒီနေ့ ငါ့အမြင်အာရုံကို အလင်းပွင့်စေတယ်”
ပိုင်စီလည်း မျက်မှောင်ကြုတ် လိုက်တယ်။ ဒီကောင်မလေးက တကယ်ကို ခေါင်းမာတာပဲ။ သူမက သူ၏ စိတ်ရှည် သည်းခံသော ကောင်းမွန်သည့် အကြံဉာဏ်ကို နားမထောင်ချင်ဘူး ပေါ့လေ။ ဒါဆိုလည်း သူမ စွမ်းအားကို ဖျက်ဆီးရုံပဲ ရှိတာပေါ့။
“ကောင်မလေး…. မင်းက အရမ်းကို ငယ်ရွယ်လွန်းပါတယ်။ ဒါပေမဲ့ မင်းက ကမ္ဘာမြေကြီးအဆင့် စွမ်းအားကို ရောက်ရှိနေပြီ။ ဒါကြောင့်လည်း မင်းက မာန ဝင့်ကြွား နိုင်တာပေါ့လေ။ သို့သော်လည်း ပါရမီရှင်က ပါရမီရှင် တစ်ယောက်ထက် မပိုနိုင်ဘူးဆိုတာ မမေ့သင့်ဘူး။ အရွယ်မရောက်သေးတဲ့ ပါရမီရှင် တစ်ယောက်ကို ဘယ်သူမဆို သတ်နိုင်တယ်”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“ကျွန်မ ခြေလက်ကို ရှင် အလွယ်တကူ မချိုးနိုင်မှာ စိုးရိမ်မိတယ်”
နူးညံ့တဲ့ လေပြည် လေညင်းလေးနှင့် အတူတူ မိန်းမပျိုလေးက မာန ဝင့်ကြွားနေပြီးတော့ သူမနှုတ်ပေါ်မှာ ဘာကိုမျှ ဂရုမစိုက်သည့် အပြုံးကို ဆင်မြန်းထားတယ်။ သူမ၏ မျက်ဝန်းနက်တွေက ပိုင်စီကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူမမျက်နှာမှာ အနည်းငယ်မျှ ကြောက်ရွံ့နေသော အရိပ်ယောင်ကို မတွေ့ရပေ။
“ဟား….”
ပိုင်စီ အံကြိတ်လိုက်တယ်။
“ဒီလို ဆိုတော့လည်း ကျုပ်ရဲ့ စွမ်းအားအမှန်ကို မင်းကို ပြသရသေးတာပေါ့”
သူတို့ နှစ်ယောက်လုံးက ကမ္ဘာမြေကြီး အဆင့်အတန်း စိတ်စွမ်းအား ကျင့်ကြံသူများ ဖြစ်တယ်။ ဒါပေမဲ့ ဒီကောင်မလေးက အနိမ့်အဆင့်သာ ရှိနေသေးတယ်။ အခုချိန်မှာ သူက အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေခဲ့ပြီလေ။ သူတို့နှစ်ယောက် ကြားမှာ အဆင့် နှစ်ဆင့် ကွာခြားတယ်။ ဒါကြောင့်လည်း သူ့ကို ဒီကောင်မလေး အနိုင်ရဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဝုန်းခနဲ မြည်သံ
ရုတ်တရက် ပြင်းထန်သော လေပြင်းတစ်ခုက ပိုင်စီ လက်ဖဝါးမှ ထွက်ပေါ်လာပြီးတော့ ယွမ်လော့ဖုန်းကို လာရောက် ရိုက်ခတ်တယ်။ ထိုလေက ဘေးမှ ရပ်ကြည့်နေသော လူအများ၏ ပါးကို ဓားကဲ့သို့ လှီးဖြတ်လိုက်တယ်။ ယွမ်လော့ဖုန်း အတွက်တော့ ကြီးမားသော လက်သီး ထိုးနှက်ချက်ကဲ့သို့ သူမ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာတယ်။
ဘန်း
ယွမ်လော့ဖုန်းလည်း သူမ လက်ကို မလိုက်ပြီးတော့ ပိုင်စီ လက်သီးကို တားဆီးလိုက်တယ်။ သူမ ခြေလှမ်း အနည်းငယ် နောက်ဆုတ် သွားရတယ်။ သူမ နှုတ်ခမ်းထောင့်မှ သွေးများ စီးဆင်း လာရတယ်။ သူမ၏ မျက်ဝန်းနက်က ရက်စက်မှုကို ပုံဖော်နေတယ်။
“ရှင်က ကျွန်မကို သတ်ချင်နေတယ် ဆိုကတည်းက သေချာပေါက် ကျွန်မနဲ့ အတူတူ သေရအောင် ဆွဲခေါ်ရတာပေါ့”
ယွမ်လော့ဖုန်းလည်း သူမနှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး ဘေးဘက်သို့ လှည့်ကာ ရဲ့လင်း လက်ထဲမှ ဓားရှည်ကို ဆွဲယူလိုက်သည်။ သူမရဲ့ အဖြူရောင် ဝတ်စုံလေးက လေပြည်လေညင်းနှင့် အတူတူ တလွင့်လွင့် ဖြစ်နေတယ်။ သူမ ပုံစံက မိုးကောင်းကင်ယံမှ ကြွေဆင်းလာတဲ့ ဆီးနှင်းပွင့်လေးများနှင့် ဆင်တူတယ်။ သူမက ဂုဏ်မောက်သော၊ အေးတိ အေးစက်နိုင်သော၊ မည်သူ့ကိုမျှ ဂရုမစိုက်သည့် မိန်းကလေး တစ်ယောက် ဖြစ်တယ်။ အရမ်းကို ချောမော လှပလွန်းတာကြောင့် မည်သူမှ သူမကို ကြည့်နေတာမှ အကြည့်လွဲနိုင်မည် မထင်ပေ။
“သခင်မလေး”
ချင်ယန် မျက်ဝန်းက စိတ်လှုပ်ရှားမှုကို ဖော်ပြနေပြီး သူမနှလုံးသားက အရူးတစ်ယောက် ကဲ့သို့ တဒုန်ဒုန်း ခုန်နေရတယ်။ တောက်ပတဲ့ မျက်ဝန်းက စိုးရိမ် ထိတ်လန့်မှုဖြင့် ပြည့်နေရတယ်။ သူမနှုတ်ခမ်းကို အတင်းဖိကိုက်ရင် ယွမ်လော့ဖုန်းကို ငေးကြည့်နေမိတယ်။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now