အပိုင်း(၂၄၁)
စိတ်နှလုံးကြေကွဲနေသော မုဝူစွမ်း
“ဝူစွမ်း”
ကွမ်လန်လည်း မုဝူစွမ်းရဲ့ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်တယ်။
“ကိုယ် ပြောတာကို နားထောင်စမ်းပါ။ ဒီနေရာက ထွက်သွားနိုင်မှ သရဲဘုရင်ကို လက်စားချေနိုင်မယ်။ ဒီနေရာမှာ ကိုယ်တို့ ဆက်နေရင်တော့ ကိုယ်တို့ တစ်ဘဝလုံး အတူတူ နေနိုင်မှာ မဟုတ်ဘူး။ အနာဂတ်အတွက် မင်းကိုယ်မင်း စတေးလိုက်ရင် ဘာဖြစ်မှာမို့လဲ။ မကောင်းတဲ့ ကံတရားကို စွန့်ပစ်နိုင်ဖို့အတွက် သေးနုပ်တဲ့ ကိစ္စလေးကို သည်းမခံ နိုင်ဘူးလား။ မင်းက ဒီကိစ္စကို နားမလည်နိုင်ဘူး လို့တော့ ကိုယ့်ကို လာမပြောနဲ့”
“လက်စားချေဖို့ အတွက်နဲ့ ရှင်က ကျွန်မကို စိတ်ဝိညာဉ် သားရဲတွေကို ပြုစုခိုင်း နေတာလား”
မုဝူစွမ်းလည်း သူမ ထိန်းသိမ်းထားတဲ့ ဟန်ဆောင် မျက်နှာဖုံးကို မထိန်းသိမ်းတော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်က ဒေါသစိတ်ကြောင့် တဆတ်ဆတ် တုန်ရီနေရတယ်။
“အိမ်ရှေ့စံမင်းသား… ကျွန်မက ရှင်နဲ့ စေ့စပ်ထားတဲ့ ရှင့်ရဲ့ မိန်းကလေး တစ်ယောက်ပါ။ ဒီလို ပြုလုပ်ခိုင်းတယ် ဆိုတော့ ရှင်က လူမှ ဟုတ်သေးရဲ့လား”
ကွမ်လန်လည်း မုဝူစွမ်းကို တအံ့တသြ ငေးကြည့် လိုက်တယ်။
“ငါ့အတွက်ဆိုရင် ဘာမဆို ပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ မင်း ပြောခဲ့တယ် မလား။ ပြောရရင် မင်းက ဖြူစင်မှုကို ဆုံးရှုံးခဲ့ပြီးပြီလေ။ ယောက်ျား တစ်ယောက်နဲ့ သားရဲက ဘာခြားနားမှု ရှိဦးမလဲ။ မင်း နည်းနည်းလောက် သည်းခံ လိုက်ရင်တော့ ဒီကိစ္စကို ကျော်လွှား သွားနိုင်မှာပါ”
သူမရဲ့ ဖြူစင်မှုကို ဆုံးရှုံးသွားချိန်က ကွမ်လန်ကို အမိဖမ်းနိုင်ဖို့ သူမရဲ့ ဒေါသစိတ်ကို ထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ စိတ်ဝိညာဉ် သားရဲကောင်တွေကို သူမကို အရှက်ခွဲဖို့ ခွင့်ပြုလောက်တဲ့အထိ ရက်စက်မယ်လို့ မထင်ထားခဲ့မိဘူး။ မုဝူစွမ်းလည်း ခံစားချက်မဲ့စွာ အော်ရယ် လိုက်တယ်။
“ဒါဆိုလည်း ဒီကိစ္စ သေးသေးလေးကို ကိုယ့်ဘာသာ သည်းခံလိုက်ပါလား။ ဘာကြောင့် ကျွန်မကို အတင်း တိုက်တွန်း နေရတာလဲ”
“ကျွန်မက သဘောတူညီချက်ကို လက်ခံပေးပြီးပြီလေ…။ ဘာကြောင့် ကျွန်မကို လွတ်မြောက်ခွင့် မပေးရတာလဲ။ ဒါ့ပြင် ကျွန်မက သရဲဘုရင် ကြိုက်နှစ်သက်တဲ့ မိန်းကလေးလို့ ရှင်ပြော လိုက်တယ်နော်။ ရှင် … ကျွန်မကို ဒီလို ပြုမူဆက်ဆံ နေတာကို သူသိခဲ့ရင် ရှင့်ကို အလွတ်ပေးမယ်များ ထင်နေလား”
ကွမ်လန်ရဲ့ မျက်နှာ အမူအရာက ခက်ထန် ကြမ်းကြုတ်သည့် ပုံစံသို့ ပြောင်းလဲ သွားတယ်။ မုဝူစွမ်းရဲ့ လက်ကောက်ဝတ်ကို အတင်းကျပ် ဆုပ်ကိုင်လိုက်တယ်။ သူလည်း အားထည့်ပြီး လက်ကို ကိုင်လိုက်တာကြောင့် သူမလက်ပေါ်မှာ သူ ပြုလုပ်လိုက်သော အနီရောင် အမှတ်သားကို မြင်နေရတယ်။
“မုဝူစွမ်း… ငါ သိနေတယ်။ မင်းနဲ့ သရဲဘုရင်က လျှို့ဝှက် ဆက်ဆံရေး ရှိနေတယ် မလား။ မင်းက ငါ့နောက်ကွယ်မှာ ဖောက်ပြန်နေတာ မလား။ အဲဒီလိုမှ မဟုတ်ရင် ငါ့ရှေ့မှာ သူ့အကြောင်းကို ပြောမှာ မဟုတ်ဘူး။ မင်းက ဖြူစင်မှုကို ဆုံးရှုံးထားတဲ့ မိန်းမပျက် တစ်ယောက်ပဲလေ။ မင်းမှာ ငါပြောတာကို ငြင်းဆန်ဖို့ အရည်အချင်း မရှိဘူး။ ငါ မင်းကို သတိပေးလိုက်မယ်။ မင်းမှာ ဆန္ဒမရှိလည်း ငါပြောတဲ့အတိုင်း လုပ်ဆောင်ရမယ်”
မုဝူစွမ်းမှာ နာကျင်ခံစားရလွန်းလို့ သူမရဲ့ မျက်နှာက ဖြူဖျော့ လာရတယ်။ လူငယ်လေးရဲ့ သွင်ပြင်ကို စိတ်ပျက် လက်လျှော့လျက် ကြည့်နေမိတယ်။
“ကျွန်မကို ရှင်က မိန်းမပျက်လို့ ပြောလိုက်တယ်ပေါ့။ ဒါဆိုရင် ရှင် အရင်က ပြောခဲ့တဲ့ စကားတိုင်းက အလိမ်ညာတွေပေါ့ … ဟုတ်လား… ဖြေစမ်းပါ။ ကွမ်လန်… ရှင်က စက်ဆုပ်ဖွယ် ကောင်းတဲ့ လူယုတ်မာကောင်….။ ကျွန်မရဲ့ ဖြူစင်မှုက ရှင့်ကြောင့် စွန်းထင်းခဲ့ရတယ် ဆိုတာ မမေ့ပါနဲ့။ အခုတော့ သားရဲကောင်တွေနဲ့ ကျွန်မကို အတူတူ အိပ်ခိုင်းနေပြီပေါ့… ရှင်…”
ဖြန်း…
ပြတ်သား ရှင်းလင်းတဲ့ ပါးရိုက်သံကို ကြားလိုက်ရပြီး မုဝူစွမ်း ပြောနေတဲ့ စကားကို ရုတ်တရက် ရပ်တန့် သွားစေတယ်။ အမုန်းဖြင့် ပြည့်နှက်နေသော နီရဲသော မျက်ဝန်းဖြင့် ကွမ်လန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
ကွမ်လန်က သူမကို တစ်ချက်မျှ ပြန်မကြည့်ခဲ့ပေ။ သန့်စင်မှုကို စွန်းထင်းထားတဲ့ မိန်းကလေး တစ်ယောက်အတွက် အသိတရားရအောင် ရိုက်ပေးလိုက်တာလေ။ အစကတော့ သူမအတွက် အပြစ်ရှိသလို ခံစားရသော်လည်း ရက်အနည်းငယ် ကြာလာတော့ သူ့စိတ်ထဲက အပြစ်ရှိတဲ့ ခံစားချက်က လွင့်စဉ် ပျောက်ကွယ်ခဲ့ပြီး ဒေါသစိတ်က အစားထိုး လာခဲ့တယ်။
ဒီအပျက်မကြောင့်သာ မဟုတ်ရင် သရဲဘုရင်က သူ့ကို ဒီလိုမျိုး အပြစ်ပေးမှာ မဟုတ်ဘူး။
တစ်ချိန်လုံး သရဲဘုရင် ကြိုက်နှစ်သက်တဲ့ မိန်းကလေးက ယွမ်လော့ဖုန်းအစား မုဝူစွမ်းလို့သာ ကွမ်လန် ယူဆထားခဲ့တယ်။ ဒါကြောင့်လည်း ကွမ်လန်က ယွမ်လော့ဖုန်းကို မုန်းရမယ့် အမုန်း အာဃာတကို မုဝူစွမ်းက ကံဆိုးစွာ လက်ခံလိုက်ရတာပေါ့။
“ကျွန်မက အချိန်ကောင်းကို ရောက်လာခဲ့မိတာ ပါလား။ ပြဇာတ်ကောင်း တစ်ခုကိုတော့ ကြည့်ရတော့မယ်”
ရုတ်တရက်ပဲ သူတို့ နောက်ဘက်မှ မြှူဆွယ်သော အသံကို ကြားလိုက်ရတယ်။
တံခါးပေါက်ဝမှာ ရပ်နေတဲ့ အမျိုးသမီးကို လှည့်မကြည့်ခင်မှာ ကွမ်လန်ရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ ဖြစ်သွားရတယ်။
“ချွန်နန်း … ဝူစွမ်းက သဘော တူလိုက်ပါပြီ။ ငါတို့ကို မနက်ဖြန် လွှတ်ပေးမယ်ဆိုတဲ့ စကားက မှန်ကန်သေးတယ် မလား”
အထင်သေးခြင်းကို ချွန်နန်း မျက်ဝန်းမှာ အထင်းသား မြင်နေရတယ်။
“စိတ်ချပါ။ ကျွန်မက အမြဲတမ်း ကတိတည်တဲ့ လူတစ်ယောက်ပါ။ နင်တို့ နှစ်ယောက် စလုံးကို လွှတ်ပေးမယ်လို့ ပြောကတည်းက နင်တို့နှစ်ယောက်ကို ဒီနေရာက သေချာပေါက် လွတ်မြောက်ခွင့် ပေးမှာပါ။ ဒီက ထွက်သွားတာနဲ့ နင်တို့ရဲ့ သေခြင်း၊ ရှင်ခြင်းက ငါနဲ့ မသက်ဆိုင်တော့ဘူး”
ဒီလူနှစ်ယောက်က သရဲဘုရင်ကို အမှား ကျူးလွန်ခဲ့ပြီးတော့ လုံခြုံအေးချမ်းစွာ အသက် ရှင်နိုင်မယ်လို့ တွေးထင် နေတာလား။ တကယ်ကို ရယ်စရာ ကောင်းလွန်းတယ်။ သူတို့က ဝါးစံအိမ်တော်မှာ နေထိုင်ခဲ့တယ် ဆိုတော့ သူတို့ဘဝကို ရည်ရွယ်ချက် ကင်းမဲ့စွာ လွင့်မျော နေထိုင်ရတော့မယ်။ ဒီနေရာက ထွက်ခွာတဲ့ လူတိုင်းကို ပိုပြီးတော့ ပြင်းထန်တဲ့ ညှဉ်းပန်း နှိပ်စက်မှုက စောင့်မျှော် နေတာလေ။
***
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)
Romanceသရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (ယွမ်လော့ဖုန်း) အပိုင်း၂၂၆၂ပိုင်း ဇာတ်သိမ်းမည်။ ဇာတ်သိမ်းအထိ ဖတ်ရှုနိုင်တဲ့ စဆုံးပြီ စာစဉ်လေး ဖြစ်ပါသည်။ စဆုံး ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါသည်။ Ph no 09683223228 အကောင့် https://www.facebook.com/cho.t.mar.505ayh?mibe...