အပိုင်း(၂၄၆)
မုဝူစွမ်းရဲ့ အစစ်မှန်(၂)
ကွမ်လန်ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့တယ်။ သူသာ တကယ်ပဲ နတ်ဆေး သမားတော်ရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်ခဲ့ရင် သူ့ရောဂါကို ကုသနိုင်မယ်။
ဒီအချက်ကို စဉ်းစားကြည့်ရင်း သူ နားလည် လာတယ်။
"ဖခမည်းတော်... သားတော်က ဘာလုပ်သင့်လဲ ဆိုတာ သိပါပြီ။ စိတ်ချပါ သားတော်က ဒီအခွင့်အရေးကို သေချာပေါက် အမိအရ ဖမ်းဆုပ်ထားမှာပါ။
ကွမ်တုလည်း ခေါင်းညိတ်လိုက်ပြီး ကွမ်လန် ပခုံးကို အားပေးသည့် သဘောဖြင့် ပုတ်လိုက်တယ်။ ဆင်ခြင် တွေးတောတဲ့ အကြည့်ဖြင့် မကြည့်ခင်မှာ ရက်စက် ကြမ်းကြုတ်သော အလင်းတန်းက သူ့မျက်ဝန်းမှ ဖြာထွက် သွားတယ်။ အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
"သားတော်... ထျန်းမိသားစု ပေါင်းစည်းနိုင်ခဲ့ရင် တော်ဝင် မိသားစုက ဝိညာဉ်မျိုးနွယ်စုရဲ့ ထိန်းချုပ်မှုအောက် လွတ်မြောက်တဲ့နေ့ ရောက်လာမှာပါ။ ဒါပေမဲ့ မင်းက မုဝူစွမ်းကို ပြုလုပ်ခဲ့တဲ့ ကိစ္စကြောင့် မုဝူစွမ်းက မင်းကို လုံးဝ ခွင့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူမကို မင်းကလေးကို မြန်မြန် ကိုယ်ဝန် ဆောင်ရအောင် ကြိုးစားရမယ်"
ကွမ်လန်လည်း ရိုသေစွာ ဂါရဝပြုပြီး ပြန်လည် ဖြေကြားတယ်။
"ခမည်းတော်ရဲ့ အမိန့်တော် အတိုင်းပါ"
မုဝူစွမ်းက ထျန်းယာနဲ့ ဆက်စပ်မှုရှိတယ် ဆိုတာ သိခဲ့ရင် သူမကို တခြားလူ လက်ထဲ ထည့်မှာ မဟုတ်ပါဘူး။ ကံဆိုးစွာနဲ့ သူ မသိခဲ့တာကြောင့် စိုးရိမ်ဖွယ် အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်။
ဒါပေမဲ့ အခုချိန်မှာ အမှားကို ပြင်ဆင်ချင်လည်း နောက်မကျ သေးပါဘူးလေ။
"ခမည်းတော်... ယွမ်လော့ဖုန်းနဲ့ ပတ်သက်ပြီး"
ကွမ်လန်လည်း မျက်မှောင်ကြုတ် လိုက်တယ်။
"သူမကို ကြင်ရာတော် တစ်ယောက် ရာထူး ပေးလို့ ရနိုင်မလား"
ပြန်မဖြေခင်မှာ တစ်ခဏတာ ကွမ်လန် တိတ်ဆိတ် နေခဲ့တယ်။
"မုဝူစွမ်းက မငြင်းရင်တော့ သူမကို ကြင်ရာတော်အဖြစ် ယူလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် မုဝူစွမ်းက ထျန်းမိသားစုနဲ့ ဆက်စပ်နေတော့ ကြင်ရာတော်ယူဖို့ သူမ အမြင်ကို တောင်းခံသင့်တယ်"
"ခမည်းတော်... သားတော် နားလည်ပါပြီ"
ကွမ်လန် ပြုံးလိုက်တယ်။ သူ့မျက်နှာက ကျေနပ်မှုဖြင့် တောက်ပ နေတယ်။
သူက မုဝူစွမ်းကို ဒီလို ပြုမူဆက်ဆံလိုက် ကတည်းက သူမက သူ့ကို ဆက်ပြီးတော့ ချစ်နေဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ သူ့အနားမှာ နေရတဲ့ အကြောင်းရင်းက ဖြူစင်မှုကို ဆုံးရှုံးထားတဲ့ မိန်းကလေးကို ဘယ်သူကမှ မလိုချင်တော့တာ ကြောင့်ပေါ့။
သူမမှာ အချစ် မရှိတော့တာကြောင့် ကြင်ရာတော် နောက်တစ်ယောက် ယူတာကို တားနေစရာ အကြောင်း မရှိတော့ပေ။ ဒါ့ပြင် ယွမ်လော့ဖုန်းကို မနာလိုစိတ်ကြောင့် နာကြည်း နေခဲ့တာလေ။ ယွမ်လော့ဖုန်းက သူ့ရဲ့ကြင်ရာတော် ဖြစ်လာခဲ့ရင် သူမကြိုက်သလို နှိပ်စက်လို့ ရပြီလေ။
ဒါကြောင့်လည်း သူမမှာ ငြင်းမယ့် အခွင့်အရေး နည်းပါးတယ်။
ထျန်းမိသားစုက ဆုံးဖြတ်ချက် ချမှတ်ပြီးပြီ ဆိုကတည်းက ယွမ်လော့ဖုန်းက ဘယ်လိုပဲ မာနဝင့်ကြွား နေပါစေ သူမ မနာခံဘဲ နေရဲမည် မထင်။
ဒီအကြောင်းကို တွေးလေလေ ကွမ်လန် ပိုပြီးတော့ ကျေနပ် ရလေလေပါပဲ။ သူ့မျက်နှာက လုံးဝကို အရှက်မဲ့လွန်းတယ်။ ထိုနေ့က သူ့ကို မောက်မာစွာ ပြောဆိုခဲ့တာကို ပြန်တွေး ကြည့်တိုင်း သူမကို အညှာတာ ကင်းမဲ့စွာ နာကျင် ခံစားစေရမယ်။ မာနကို ရိုက်ချိုးပစ်မယ်။
***
ယွမ်လော့ဖုန်းလည်း ခမ်းနားထည်ဝါတဲ့ လက်ဖက်ရည် စံအိမ်တော်သို့ ဝင်လိုက်ချိန်မှာ သူမရှေ့နား ပွက်လောရိုက် နေသံကို ကြားလိုက်ရတယ်။ အဘိုးအို တစ်ယောက်ရဲ့ ဒေါသတကြီး အော်ဟစ်နေသံကို လူလယ်ကောင်မှာ ကြားနေရတယ်။
"နင်က သမာသမတ် မကျတဲ့ ကုန်သည်ပဲ ဒုတိယ အဆင့်ရှိတဲ့ ပစ္စည်းကို အသုံးပြုပြီးတော့ စုတ်ပြတ်နေတဲ့ လက်ဖက်ရည် လုပ်တယ်။ ဒီအဘိုးကြီးကို လာလိမ်ချင် နေတာလား။ ဒီအဘိုးကြီးက ဒီမြို့က မဟုတ်တာကြောင့် ငွေလိမ်လို့ ရမယ်လို့ ထင်နေတာလား"
အဘိုးအိုရဲ့ အသံကို လက်ဖက်ရည် စံအိမ်မှ စားပွဲထိုးရဲ့ ပြက်ရယ်ပြုသံက လွှမ်းမိုးသွားတယ်။
"အဘိုးကြီး ခင်ဗျားက ဘယ်သူလဲ တတိယတန်းစား ပစ္စည်း သုံးတယ်လို့ စွပ်စွဲချင် နေတာလား။ ဒီလက်ဖက်ရည်ဆိုင် ပိုင်ရှင်က ဘယ်သူလဲဆိုတာ သိရဲ့လား။ ကျုပ်ပြောလိုက်ရင် ခင်ဗျားကြီး ကြောက်လန့်သွားမယ်။ ဒီဆိုင်ကို တော်ဝင် ကြင်ရာတော်မုရဲ့ တူတော် ပိုင်ဆိုင်တာ။ မုမိသားစုက အကြီးဆုံး သခင်လေး။ သူ့အဆင့်အတန်းနဲ့ ဘာလို့ ခင်ဗျားကို လှည့်စားရမလဲ"
မုမိသားစုက သခင်လေး...။
ယွမ်လော့ဖုန်းလည်း သူမခြေလှမ်းကို ရပ်တန့်လိုက်တယ်။ သူမမျက်ဝန်းက တလက်လက် ဖြစ်နေတယ်။
"ဒီလက်ဖက်ရည်ဆိုကို မုဝူချန် ပိုင်တာလား"
ချင်ယန် မျက်တောင်ခတ် လိုက်တယ်။
"ဒါဆိုရင်တော့..."
ဒီကိစ္စကို လုံယွမ်တိုင်းပြည် တစ်ခုလုံး သိနေသော်လည်း သူမက အာရုံ မစိုက်သည့်အတွက် မသိခဲ့ပေ။ ဒါကြောင့်လည်း လေရနံ့ လက်ဖက်ရည် စံအိမ်တော်ရဲ့ နောက်ကွယ်မှ ပိုင်ရှင်က မုဝူချန်ဆိုတာ မသိခဲ့ပေ။
ဒီစကားသံကို ကြားတော့ ခမ်းနား ထည်ဝါသော မျက်နှာမှာ ဆွဲဆောင်မှုရှိသော အပြုံးလေး ပေါ်ပေါက် လာရတယ်။
"ဒီအတိုင်း လက်ဖက်ရည် စံအိမ်တော်ကို လာခဲ့လိုက်တာ မုမိသားစုပိုင်တဲ့ စံအိမ်တော်မှန်း မသိခဲ့ဘူး။ မုမိသားစု အေးချမ်းနေတာကို မမြင်ချင်ဘူး။ ဒါကြောင့် ဒီအခွင့်အရေးကို လက်လွတ်လို့ ဘယ်ဖြစ်မလဲ"
သူမပြောပြီးတာနဲ့ ရှေ့ဘက်သို့ ခြေလှမ်း လှမ်းလိုက်တယ်။
***
စာစဉ်(၁၀)ပြီးပါပြီ
ဆက်ပါဦးမည်။
***
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)
Romanceသရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (ယွမ်လော့ဖုန်း) အပိုင်း၂၂၆၂ပိုင်း ဇာတ်သိမ်းမည်။ ဇာတ်သိမ်းအထိ ဖတ်ရှုနိုင်တဲ့ စဆုံးပြီ စာစဉ်လေး ဖြစ်ပါသည်။ စဆုံး ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါသည်။ Ph no 09683223228 အကောင့် https://www.facebook.com/cho.t.mar.505ayh?mibe...