အပိုင်း(၃၈၃)
သူမကို မသိဘူး
လင်ယောင်လည်း သူမမျက်ဝန်းကို မေးကျဉ်းလိုက်ပြီး သူမလက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
“အဲဒီမိန်းကလေးက အမှိုက်ကောင် နောက်ကို လိုက်လာတယ်… လက်ရှိအချိန်မှာ အမှိုက်ကောင် အိမ်တော်မှာ နေထိုင်နေတယ် အဆင်ပြေ ချောမွေ့စေဖို့ အမှိုက်ကောင်နဲ့ အတူနေဖို့ စီစဉ်တာလို့ သံသယ ဖြစ်မိတယ်… ရှောင်အိမ်တော်ကို အလွယ်တကူ ဝင်ရောက် နိုင်ပြီးတော့ အစ်ကို ယွီချင်းနဲ့ မြန်မြန် နီးစပ်ချင်တာ ဖြစ်ရမယ်”
လင်ယောင်ရဲ့ စကားကိုကြားတော့ လင်ယွဲ့မျက်နှာက ပို၍ မည်းနက် လာတယ်။ သူမလည်း ရုတ်တရက် မတ်တတ် ထရပ်လိုက်တယ်။ သူမ မျက်ဝန်းကတော့ ခံစားချက် ကင်းမဲ့သော အလင်းတန်းများဖြင့် တဖျတ်ဖျတ် လက်နေလေရဲ့။
“သွားမယ်… ငါတို့တွေ အခုချက်ချင်း အဲဒီမိန်းကလေးကို သွားရှာကြမယ်”
တကယ်ပဲ ဒီမိန်းကလေးက အတင့်ရဲတယ်ပေါ့ သူမ ပိုင်ဆိုင်ဖို့ မသင့်လျော်တာကို လိုချင်တပ်မက် ရဲတယ်ပေါ့။ ဒီလိုဖြစ်ဖို့ သူမ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး။ သူမ သည်းခံမည်လည်း မဟုတ်ဘူး။
တိတ်ဆိတ်နေသော အနောက်ဘက် ခြံဝင်းအတွင်းမှာ ငှက်လေးများရဲ့ ကျည်ကျည်ကျာကျာ အော်သံကိုသာ ကြားနိုင်တယ်။
ယွမ်လော့ဖုန်းက လက်ပိုက်ရင်း ပျင်းရိလေးတွဲစွာ တံခါးဘောင်ကို မှီနေလိုက်တယ်။ သူမရှေ့က သပ်ရပ်ကျနသော အခန်းကို သာမန်လို့သာ ယူဆထားပုံရတယ်။ သူမ အကြည့်ကို တဖြည်းဖြည်းချင်း သူမဘေးနားက ခံစားချက် ကင်းမဲ့သော အမျိုးသားလေး ဘက်ကို လွှဲလိုက်တယ်။
“ယွမ်ရှောင်... ရှင် ရှောင်မိသားစု ထိန်းချုပ်မှု အောက်မှာ ဘယ်လိုနေထိုင်ခဲ့လဲ ဆိုတာ သိချင်မိတယ်”
ယွမ်ရှောင်လည်း ခဏ တိတ်ဆိတ် သွားတယ်။ သူ့မျက်ဝန်းနက်များက မည်းနက်သော အသူရာချောက်နက် လိုပါပဲ။
“ရှောင်မိသားစုက လူတိုင်းက မွေးဖွား လာကတည်းက သူတို့ စိတ်ဝိညာဉ် အပိုင်းအစကို ပေးအပ်ရတယ်”
“ဒီဝိညာဉ် အပိုင်းအစကို ကျောက်စိမ်း ဆွဲပြားမှာ ချိပ်ပိတ်ထားတယ်။ ဒီကျောက်စိမ်းဆွဲပြား ပျက်စီးသွားခဲ့ရင် အနည်းဆုံး သူက အရူးတစ်ယောက် ဖြစ်သွားနိုင်သလို အဆိုးဝါးဆုံး အဆင့်ဆိုရင် သေသွားနိုင်တယ်”
လူတစ်ယောက်ရဲ့ ဝိညာဉ် ဒဏ်ရာခြင်းက အလွယ်တကူ ကုသလို့ရတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ဘူး။ အထူးသဖြင့် သူ့စိတ်ဝိညာဉ် အပိုင်းအစက ရှောင်မိသားစု လက်ထဲမှာ ရှိနေသေးတယ်။ သူတို့က သူ့စိတ်ဝိညာဉ် အပိုင်းအစ အနည်းငယ်မျှကို ပိုင်ဆိုင် ထားသော်လည်း ဒါက သူ့ကို ဘေးဒုက္ခ ရောက်စေနိုင်တယ်။ ဒါပေမဲ့ အရေးကြီးဆုံး အချက်အရ ကျောက်စိမ်းဆွဲပြားကို အထူးအခြားဆုံး ပစ္စည်းဖြင့် ဖန်တီးထားတယ်။ တစ်စုံတစ်ယောက်က ကျောက်စိမ်းဆွဲပြားကို ကိုင်ဆောင် ထားမယ်ဆိုရင် ဒါက ပိုင်ရှင်ရဲ့ အသက်ကို ဆုပ်ကိုင်ထားတာနဲ့ အတူတူပါပဲ။
မင်းသာ သူ့ကို သေစေချင်တယ်ဆိုရင် ဆွဲပြားပိုင်ရှင်က သေချာပေါက် ချက်ချင်း သေသွားနိုင်တယ်။
ဒါကြောင့်လည်း ယွမ်ရှောင်က ဒီနှစ်တွေမှာ ရှောင်မိသားစုကို မဆန့်ကျင်ခဲ့တာပေါ့။
“ဒီကျောက်စိမ်းဆွဲပြား ဘယ်မှာ သိမ်းထားလဲ ဆိုတာ ရှင် သိလား”
ယွမ်လော့ဖုန်းလည်း သူမ မျက်ခုံးကို ကြုတ်ပြီးတော့ မေးလိုက်တယ်။
ယွမ်ရှောင်လည်း သူ့နှုတ်ခမ်းကို ညင်သာစွာ တွန့်ကွေးလိုက်ပြီး သူ့ဘေးနားက မျက်မှောင်ကြုတ်နေတဲ့ မိန်းကလေးကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“ကိုယ် မသိသေးဘူး ကျောက်စိမ်းဆွဲပြားကို ဘယ်မှာ ဝှက်ထားလဲ ဆိုတာ စုံစမ်း ကြည့်ရဦးမယ်... ကိုယ်သာ ကျောက်စိမ်းဆွဲပြားကို ရခဲ့ရင် ရှောင်အိမ်တော်က ဘယ်သူ့ကိုမှ လွတ်မြောက်ခွင့် မပေးဘူး”
အထူးသဖြင့် သူ့ကို ပြန်လမ်းမဲ့ သစ်တောထဲ ထားခဲ့တဲ့ မိန်းမကြီးကို…။
“ယွမ်ရှောင်”
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ရဲ့လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီ သူ့ကို လေးနက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။
“ကျွန်မ … ရှင့်ကို ကူညီမယ်”
လွန်ခဲ့သော ခြောက်လခန့်က ယွမ်ရှောင်… သူမကို အများကြီး ကူညီပေးခဲ့ပြီးပြီ။ ဒီတစ်ခေါက်တော့ သူမက ပြန်ပြီးတော့ ကူညီပေးရမယ့်အလှည့်ပဲ...။
မိန်းမပျိုလေးရဲ့စကားလုံးများက အမျိုးသားလေးရဲ့ ခံစားချက် ကင်းမဲ့သော အကြည့်ကို တဖြည်းဖြည်းချင်း ပြောင်းလဲ သွားစေတယ် သူ တစ်ခုခုကို ပြန်ပြောဖို့ ပြင်နေစဉ်မှာ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရတယ်။ ဒီခြေသံကို ကြားပြီးနောက် သူ ပိုပြီးတော့ မျက်မှောင် ကြုတ်မိတယ်။ သူ့မျက်နှာ အမူအရာက ထူးထူးခြားခြား ပိုပြီးတော့ ခံစားချက် ကင်းမဲ့နေတယ်။
ခေတ္တခဏကြာတော့ လင်ယွဲ့ရဲ့ ပုံရိပ်က ခြံဝင်းအတွင်းမှာ ပေါ်လာခဲ့လေတယ်။ သူမရဲ့ လှပပြီး ညို့ဓာတ်ပြင်းသော မျက်နှာကို အေးစက်သော နှင်းခဲအလွှာများဖြင့် ဖုံးလွှမ်းထားတယ်။ (ခံစားချက် ကင်းမဲ့၊ အကြင်နာ ခေါင်းပါး) ဒေါသထွက်နေသော အကြည့်ဖြင့် ယွမ်ရှောင်ကို ကျော်ပြီး ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ညည်းက ငါ့သားကို ပိုင်ဆိုင်ဖို့ မျှော်လင့်နေတဲ့ မိန်းကလေးလား”
လင်ယွဲ့လည်း ထေ့ငေါ့လိုက်ပြီး သူမ မေဖျားကို မော့လိုက်တယ်။ အထင်အမြင် သေးသော လေသံဖြင့်
“ကောင်မလေး… ညည်းက ငယ်ရွယ်တယ်ဆိုက သိပါတယ် … ဒါပေမဲ့လည်း ဘယ်လိုဖြစ်ပြီး အရှက်မဲ့ ကိစ္စကို လုပ်ဝံ့ရတာလဲ … ညည်းက ရှောင်မိသားစု အာဏာနဲ့ ချမ်းသာမှုကို နှစ်ခြိုက်နေတာ ငါ သိတယ်… ညည်းကို တစ်သန်းပေးမယ်... ချက်ချင်း ရှောင်အိမ်တော်က ထွက်သွားလိုက်တော့”
ယွမ်လော့ဖုန်းလည်း သူမမျက်ခုံးကို အချီကြီး ပင့်တင်လိုက်ပြီး သူမဘေးနားမှာ ရပ်နေတဲ့ အမျိုးသားလေးဘက် လှည့်ကြည့်လိုက်တယ်။
“ရုတ်တရက်ကြီး ဘယ်အချိန်လောက်က ရှင့်မှာ နောက်ထပ် အမေတစ်ယောက် ရှိနေတာလဲ”
သူ့ဦးခေါင်းကို ပြန်မလှည့်ခင်မှာ အမျိုးသားလေးရဲ့ ခံစားချက် ကင်းမဲ့သော အကြည့်က လင်ယွဲ့ဘက်သို့ ပြောင်းလဲသွားတယ်။ သူ့မျက်ဝန်းနက်များက ယွမ်လော့ဖုန်းကိုသာ စွဲစွဲမြဲမြဲ ကြည့်နေရှာတယ်။
“ကိုယ်…သူ့ကို မသိဘူး”
ဒီလူနှစ်ယောက်ရဲ့ နှုတ်ပြောစကားက လင်ယွဲ့ကို တော်တော်လေး ဒေါသထွက်စေတယ်။ သူမမျက်ဝန်းများက မြွေပွေးနဲ့ ဆင်တူပြီး ယွမ်လော့ဖုန်းကို မသွေမဖည် ကြည့်နေတယ်။ ခံစားချက် ကင်းမဲ့သော လေသံဖြင့်
“ကောင်မလေး… နားမလည်သလို ဟန်ဆောင် မနေနဲ့... ငါပြောနေတဲ့လူက ရှောင်ယွီချင်းဆိုတာ ညည်း သိပါတယ်”
***
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)
Romanceသရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (ယွမ်လော့ဖုန်း) အပိုင်း၂၂၆၂ပိုင်း ဇာတ်သိမ်းမည်။ ဇာတ်သိမ်းအထိ ဖတ်ရှုနိုင်တဲ့ စဆုံးပြီ စာစဉ်လေး ဖြစ်ပါသည်။ စဆုံး ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါသည်။ Ph no 09683223228 အကောင့် https://www.facebook.com/cho.t.mar.505ayh?mibe...