အပိုင်း(၂၈၁)
မုမိသားစုကို ဖျက်ဆီးခြင်း(၃)
မုချင်ချောင်လည်း သူ့မျက်ဝန်းကို ပိတ်လိုက်ပြီး ယွမ်လော့ဖုန်းကို ပြောခဲ့သော ရယ်စရာကောင်းတဲ့ စကားများကို ပြန်လည် တွေးတောလိုက်တယ်။ ဒီစကားများက သူ့ဘက်က ကြည့်လိုက်ရင် ဟာသ တစ်ခုလို့သာ ခံစားရတယ်။
မှန်ပါတယ်။ မုမိသားစုမှာ တော်ဝင်မိသားစုကို ပို့နိုင်ဖို့ ထူးချွန်တဲ့ အမျိုးသမီး နှစ်ယောက် ရှိပါတယ်။ အထူးသဖြင့် မုဝူစွမ်းပေါ့။ သူမက အနာဂတ်မှာ ဧကရီ တစ်ပါး ဖြစ်လာရမှာ။ မိုးကောင်းကင် အောက်မှာ တိုင်းပြည် မိခင် ဖြစ်လာမှာ။ ယွမ်မိသားစုမှာက ဘာမှ မရှိဘူး။ ယွမ်လော့ဖုန်းက အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ထားခဲ့သော်လည်း ပြန်လည် ရုပ်သိမ်းခံခဲ့ရတယ်။
သို့သော်လည်း မုမိသားစုမှာ ထူးချွန်တဲ့ အမျိုးသမီးလေးတွေ ရှိနေတော့ ဘာအသုံးဝင်မှာလဲ။ အသက်ရှင် ရပ်တည်ဖို့ တော်ဝင်မိသားစုကို ဖက်တွယ် နေရတာမလား။ သူတို့ ကျေနပ်အောင် မျက်နှာချိုသွေး နေရတဲ့ဘဝတွေလေ။ ယွမ်မိသားစုမှာက တော်ဝင်မိသားစုကို သူတို့ ခြေထောက်အောက် ထားနိုင်တဲ့ အရည်အချင်း ရှိတယ်။
“ယွမ်လော့ဖုန်း နင်က မိတ်ဆွေဟောင်းကို တကယ်ပဲ ချစ်ခင် နှစ်သက်မှု မရှိတာလား”
မုချင်ချောင်က သူ့မျက်လုံးကို ဖွင့်လိုက်ပြီး သူ့ကိုယ်သူ အဟုတ်ကြီး မှတ်နေသော လေသံဖြင့် ပြောလာခဲ့တယ်။
“ဘာပဲဖြစ်ဖြစ် ငါနဲ့ နင့်အဘိုးက အမှုထမ်းတွေ။ ဘာကြောင့် နင်က အရမ်း ရက်စက်နိုင်ရတာလဲ”
“မိတ်ဆွေဟောင်းတဲ့လား”
ယွမ်လော့ဖုန်းလည်း ဟားတိုက် ရယ်မောလိုက်တယ်။ သူမရယ်သံကို ထေ့ငေါ့မှုဖြင့် ဖြည့်စွက်ထားတယ်။
“ငါတို့မိသားစုရဲ့ မိတ်ဆွေဟောင်းက ဘယ်အချိန်က မုမိသားစု ဖြစ်လာရတာလဲ။ ရှင်…. စစ်နည်းဗျူဟာကို ပေါက်ကြားအောင် လုပ်ခဲ့လို့ ငါ့မိဘတွေ သေခဲ့ရတာ။ ဒီအကုသိုလ်ကို ပြန်လည် ပေးဆပ်ရမယ်လို့ မမျှော်လင့်ခဲ့ဖူးမလား”
ကောင်းကင်ဘုံက ငါတို့တွေ ဘာလုပ်နေလည်း ဆိုတာ စောင့်ကြည့်နေတာ။ မုမိသားစုက သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပြန်လည် ပေးဆပ်ရတာ။
“ဟားဟား”
မုချင်ချောင်လည်း နာကြည်းစွာ အော်ရယ်လိုက်တယ်။ သူ့အကြည့်ကို သူ့ဘေးနားမှာ ရပ်နေတဲ့ မုဝူစွမ်းဘက်သို့ ပြောင်းလဲလိုက်တယ်။
“ဝူစွမ်း… အဘိုး … မြေးလေးကို ဒီနှစ်တွေမှာ အရမ်းကို အလိုလိုက်ခဲ့တယ်။ ဒါကြောင့်လည်း မြေးလေးကို အမှားအများကြီး ကျူးလွန်စေခဲ့တယ်။ မိသားစုကို သစ္စာဖောက်တဲ့ အပြစ်ကိုတောင် ကျူးလွန်စေခဲ့တယ်။ ဒါပေမဲ့ မြေးလေး ဘယ်လောက်ပဲ မှားတဲ့ကိစ္စ လုပ်ထားထား မြေးက မုမိသားစုဝင် တစ်ယောက်ပါ။ အစကတော့ မြေးလေးကို နာကျင်မှု မရှိဘဲ သေဆုံးစေချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး ထင်တယ်”
ဒီစကားကို ပြောပြီးတာနဲ့ မုချင်ချောင်က မုဝူချန်ဘက်သို့ လှည့်လိုက်တယ်။
“မင်း အများကြီး မနာကျင်ချင်ဘူး ဆိုရင်တော့ အဘိုးနောက်ကို လိုက်ပြီး သတ်သေလိုက်ပါ”
စကားပြောလို့ ပြီးတာနဲ့ မုချင်ချောင်လည်း ဘာကိုမျှ တွေးတောမနေတော့ဘဲ သူ့ဓားရှည်ကို ဆွဲထုတ်ကာ သူ့နှလုံးသားကို ဓားနဲ့ထိုးစိုက် လိုက်တယ်။
လတ်ဆတ်သော သွေးများ ဖိတ်စဉ်သံနှင့်အတူတူ မြေပြင်တစ်ပြင်လုံး သွေးများ စွန်းထင်းသွားတယ်။
“ဘိုးဘိုး”
မုဝူချန်၏ မျက်သားများ ချက်ချင်း နီရဲလာကာ ယွမ်လော့ဖုန်းဘက်သို့ ဒေါသတကြီး စူးစူး စိုက်ကြည့်လိုက်တယ်။
“ယွမ်လော့ဖုန်း… နင်လည်း မုမိသားစုနဲ့ ဘာမှ ကွာခြားမှု မရှိပါဘူး။ နင့်မှာ ငါတို့ထက် ပိုသာ တယ် ဆိုတာ မရှိပါဘူး။ နင်လည်း ယုတ်မာတတ်တဲ့ လူတစ်ယောက်။ လူအများကြီးကို သတ်ဖြတ်တဲ့ အကုသိုလ်ကို နင်လည်း ပြန်လည် ပေးဆပ်ရဦးမှာပါ။ နင် သေရင် ငရဲကြီး ၁၈ထပ်ကို ရောက်မှာ သေချာပေါက်ပဲ”
အကုသိုလ်ကို ပြန်လည် ပေးဆပ်ရမယ်။
ယွမ်လော့ဖုန်းလည်း သူမရဲ့ မျက်ခုံးများကို မြှင့်တင်လိုက်ပြီး သူမပြောလိုက်တဲ့ စကားများက မာနဝင့်ကြွားမှု၊ သြဇာလွှမ်းမိုးမှု ရှိနေတယ်။ သူမ မျက်ဝန်းများက ရူးသွပ်မှုများဖြင့် ဖြည့်စွက်ထားတယ်။ သူမ မျက်ဝန်းများက အမှိုက်လို လူစားများကို မျက်လုံးထဲ မထည့်သည့် ပုံစံပေ။
“ငါမှ ငရဲပြည်ကို မသွားရင် ဘယ်သူက သွားမှာလဲ။ ငါ အဲဒီနေရာကို ရောက်ရင်လည်း မုမိသားစုကို နောက်ထပ် တစ်ကြိမ် ထပ်သတ်ဦးမယ်”
“ဟွန့်” မုဝူချန်လည်း နှာမှုတ်သံပြုကာ လှောင်ပြောင် ခနဲ့လိုက်တယ်။
“အဲဒီ အချိန်ရောက်ရင် ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ စောင့်ကြည့်တာပေါ့။ ယွမ်လော့ဖုန်း ငါ နင့်ကို ငရဲပြည်မှာ စောင့်နေမယ်”
ဘန်း
မုဝူချန်က သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး သူ့ဦးခေါင်းခွံကို ရိုက်ချလိုက်တယ်။ သူ့လက်ဖဝါး ရိုက်ချက်ကြောင့် ဦးခေါင်းခွံမှာ အစိတ်စိတ် အမြွှာအမြွှာ ကွဲကြေ သွားရရှာတယ်။ ဦးနှောက်မှာ သွေးများ ရောနှောကာ ဦးခေါင်းထိပ်မှ သွေးများ တဖြည်းဖြည်း ယိုစီးလာတယ်။
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မုဝူချန်က ဂုဏ်မောက်သော စရိုက်ရှိတယ်။ သူပြောလိုက်တဲ့ စကားများက နည်းနည်း ရက်စက်သော်လည်း သူက မုချင်ချောင်နဲ့ မုဝူစွမ်း ကျူးလွန်သော ကိစ္စများတွင် ပါဝင်ခြင်း မရှိခဲ့ပေ။ သူ ပါဝင်ခဲ့တာဆိုလို့ အိမ်ရှေ့စံမင်းသားကို တွယ်ကပ်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးများကို ဖြေရှင်းနိုင်ဖို့ မုဝူစွမ်းကို ကူညီခဲ့တာ တစ်ခုတည်း ရှိတယ်။
သို့သော်လည်း ယွမ်လော့ဖုန်းက သူ့ကို အလွတ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။
သစ်ပင်တစ်ပင်ကို ဖယ်ရှားမယ်ဆိုရင် အမြစ်က ဖယ်ရှားဖို့ လိုအပ်သလိုပေါ့။ သူမက မုဝူချန်ကို အသက်ရှင်ခွင့် ပေးလိုက်မယ်ဆိုရင် သူမကိုမုန်းတဲ့ အမုန်းကြောင့် စစ်သူကြီး အိမ်တော်ကို နာကျင်အောင် တစ်ခုခု ပြုလုပ်မှာ သေချာတယ်။ သူမအနေနဲ့လည်း စစ်သူကြီး အိမ်တော်မှာ ထာဝရ နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
သူမ ချစ်တဲ့ လူတွေအတွက် တခြားလူများက သူမကို တံတွေးထွေးလည်း၊ ကျိန်စာတိုက်လည်း သူမ ဂရုစိုက်မည် မဟုတ်ပေ။ သူမ မိသားစုအတွက် သူမမှာ နောင်တဆိုတာ ရှိလာနိုင်တော့မှာပါ။
ယွမ်လော့ဖုန်းလည်း မြေကြီးပေါ် လဲကျနေတဲ့ သေဆုံးသွားသော ခန္ဓာကိုယ်နှစ်ခုကို ဖျတ်ခနဲ ကြည့်လိုက်ပြီး သူမအကြည့်ကို မုဝူစွမ်းဘက်သို့ လှည့်လိုက်တယ်။
“မုဝူစွမ်း… ငါ နင့်ကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ သူတို့အတိုင်း ကိုယ့်ဘာသာ သတ်သေမလား၊ ဒါမှမဟုတ် ငါက နင့်ကို စီရင်ပေးရမလား။ နင် ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ နင် ဒုတိယတစ်ခုကို ရွေးချယ်ပြီးမှ နောင်မှာ သတ်သေချင်လည်း နင့်မှာ အခွင့်အရေး မရှိတော့ဘူး ဆိုတာတော့ မှတ်ထားလိုက်”
***
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)
Romanceသရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (ယွမ်လော့ဖုန်း) အပိုင်း၂၂၆၂ပိုင်း ဇာတ်သိမ်းမည်။ ဇာတ်သိမ်းအထိ ဖတ်ရှုနိုင်တဲ့ စဆုံးပြီ စာစဉ်လေး ဖြစ်ပါသည်။ စဆုံး ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါသည်။ Ph no 09683223228 အကောင့် https://www.facebook.com/cho.t.mar.505ayh?mibe...