256+257+258+259+260

581 32 0
                                    

အပိုင်း(၂၅၆)

ထျန်းမိသားစု(၂)

 
“ဝိညာဉ် မျိုးနွယ်စုကို မယှဉ်နိုင်ခဲ့ရင်တောင် ထျန်းမိသားစုက တော်ဝင်မိသားစုထက် ပိုပြီးတော့ သြဇာအာဏာ ကြီးမားတယ်။ ထျန်းမိသားစုရဲ့ စွမ်းအား အကြီးမားဆုံးလူက ကမ္ဘာမြေကြီး အနိမ့်ဆင့် စိတ်စွမ်းအား ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်တယ်။ သို့သော်လည်း ထျန်းမိသားစုမှာ ထျန်းရာဆိုတဲ့ နတ်ဆေးသမားတော် တစ်ယောက် ရှိတယ်။ ဒီကုန်းမြေစုမှာ အတော်ကို နာမည် ကျော်ကြားတယ်။ သူတို့အားလုံးရဲ့ စွမ်းအားက အရမ်း မမြင့်သော်လည်း ဘယ်သူမှ သူတို့ကို ရန်မစရဲဘူး”
ကွမ်ရှောင်ချိန်လည်း ပြုံးလိုက်တယ်။
“ဒါကြောင့် မင်းကို သတင်းပေးမလို့ ဒီနေရာကို လာခဲ့တာပေါ့”
ယွမ်လော့ဖုန်းလည်း သူမရဲ့ မျက်ခုံးများကို အသာယာ ပင့်တင် လိုက်ပြီးတော့
“ထျန်းရာက ဘယ်စွမ်းအား နယ်ပယ်ကို ရောက်နေပြီလဲ”
ကွမ်ရှောင်ချိန်လည်း ခဏလောက် တွေးတော လိုက်ပြီးနောက်  အထစ်ထစ်နဲ့ ပြန်ဖြေတယ်။
“ကိုယ်လည်း… ထျန်းရာရဲ့ အင်အားနဲ့ ပတ်သက်ပြီးတော့ သေချာ မသိဘူး။ သူနဲ့ ပတ်သက်ပြီးတော့ ကိုယ် သိတာက  သူ့ဆေးပညာ ကျွမ်းကျင်မှုက အရမ်းကို ကောင်းမွန် လွန်းတယ်။ သူ ဘယ်နေရာမှာ ရှိလဲ ဆိုတာတော့ မသိကြဘူး။ လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကတည်းက ထျန်းမိသားစုကို ပြန်မလာတော့ဘူးလို့ ကြားထားတယ်။ သူ့အကြောင်း တခြား ဘာမှ အများကြီး မသိဘူး”
“ကောင်းပါပြီ။ ကျွန်မ နားလည်ပြီ”
ယွမ်လော့ဖုန်းလည်း ကွမ်ရှောင်ချိန်ကို ကြည့်ပြီးတော့ ပြောလိုက်တယ်။
“ဒီအကြောင်းတွေ လာပြောပြလို့  ရှင့်ကို ကျေးဇူးတင်ပါတယ်။ ကြင်နာ သနားတတ်တဲ့ စိတ်ကြောင့် ဒီနေရာကို လာတယ်လို့ ကျွန်မ မထင်ဘူး။ ကျွန်မရဲ့ ခန့်မှန်းချက်သာ မှန်မယ် ဆိုရင်တော့  ကွမ်လန်နဲ့ မုဝူစွမ်းရဲ့ မင်္ဂလာဆောင်ကို နှောင့်ယှက် စေချင်နေတာ မလား။ ကွမ်လန်သာ ထျန်းမိသားစုရဲ့ နှစ်သက်မှုကို ရရှိခဲ့ရင် ရှင်က အိမ်ရှေ့စံမင်းသား နေရာကို မရတော့မှာ ကြောက်နေတာ မလား”
ယွမ်လော့ဖုန်းက သူ့အကြောင်းကို အစတည်းက ခန့်မှန်းမိနေမယ်လို့ မထင်မိတာကြောင့် ကွမ်ရှောင်ချိန် တစ်ယောက် အံ့သြမှင်တက် နေမိတယ်။ သူလည်း အားယူ ပြုံးပြီးတော့ စကားဆက်လိုက်တယ်။
“ဖုန်းအာလေး မင်းလေးက သိပ်တော်တာပဲ။ ဟုတ်ပါတယ်။  ကိုယ်လည်း ကျေနပ်မှု မရှိဘူး။ ကွမ်လန်ကို ဝါးစံအိမ်တော်က ယောက်ျားအုပ်စုက အဓမ္မကျင့်ခဲ့တယ်။ လုံယွမ်တိုင်းပြည်က တော်ဝင်မိသားစု တစ်ခုလုံးကို အရှက်ရစေခဲ့တယ်။ ဒါတောင် ဖခမည်းတော်က သူ့ကို ရာထူးက မဖျက်သိမ်းဘူး။ ကိုယ်က ဘယ်လို ကျေနပ်နိုင်မလဲ။ မိဖုရားကြီးက မွေးထားတာကြောင့် ကွမ်လန်ကို အိမ်ရှေ့စံရာထူး ပေးတယ်။ သူ့မှာ တခြား ဘာအရည်အချင်း ရှိသေးလို့လဲ”
အမျိုးသားလေးက သူ့အတွင်းစိတ် ခံစားချက်ကို ဆက်ပြီးတော့ ဟန်မဆောင်တော့ပေ။ သူ့မြေးခွေး မျက်လုံးများက မည်းမှောင်သော အလင်းရောင်ကို ဖော်ပြနေတယ်။
“မုဝူစွမ်းကြောင့်သာ မဟုတ်ရင် ဖခမည်းတော်က သူ့ကို ရာထူးက ဖျက်သိမ်းလိုက်ပြီလေ။ ဘာကြောင့်လဲဆိုတော့ တော်ဝင် မိသားစုထဲမှာ ကွမ်လန် တစ်ယောက်တည်းသာ မုဝူစွမ်းကို လက်ထပ်ချင်တာလေ။ မုဝူစွမ်းရဲ့ ဇာစ်မြစ်ကြောင့် သူမကို လက်ထပ်တဲ့ မည်သူမဆို အိမ်ရှေ့စံမင်းသား ဖြစ်နိုင်တယ်လေ။ ကွမ်လန်က နာမည်ဆိုးနဲ့ ကျော်ကြားနေလည်းပေါ့…..”
အိမ်ရှေ့စံမင်းသား ရာထူးက ဘယ်လိုပဲ ဆွဲဆောင်မှု ရှိနေပါစေ အပျိုစင်ဘဝကို ဆုံးရှုံးထားတဲ့ မုဝူစွမ်းလို မိန်းကလေးကို လက်ထပ်မည် မဟုတ်ပေ။ မယား လင်ငယ်နေသော အမျိုးသား တစ်ယောက်တော့ မဖြစ်ချင်ပေ။ ကွမ်လန် တစ်ယောက်တည်းသာ သူမကို လက်ထပ်ဖို့ အရာအားလုံးကို လျစ်လျူရှုနိုင်တယ်။ မုဝူစွမ်းက တခြားလူတစ်ယောက်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင် ထားရမယ်ဆိုလည်း ကွမ်လန်က သူမကို လက်ထပ်ဖို့ ဘာကိုမျှ တွေးနေမှာ မဟုတ်ပေ။
“ရှင် မှားနေပြီ”
ကောက်ကျစ်စဉ်းလဲသော အလင်းတန်းက ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းမှာ ဖြတ်ပြေးသွားတယ်။
“အိမ်ရှေ့စံမင်းသား ရာထူးကို ဘုရင်က ဆုံးဖြတ်လို့ မရနိုင်ဘူး။ ဝိညာဉ်မျိုးနွယ်စုကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ကွမ်လန်က ဝါးစံအိမ်တော်မှာ အပျော်လင် လုပ်ခဲ့သည် ဖြစ်စေ၊ သူ့ကို ခွေးတစ်ကောင်က အဓမ္မကျင့်ခဲ့သည် ဖြစ်စေ သူက အိမ်ရှေ့စံမင်းသား ဆက်ပြီးတော့ ဖြစ်နေမှာပဲလေ။ ဘာကြောင့်လဲဆိုတော့ လုံယွမ်တိုင်းပြည်ရဲ့ တော်ဝင်မိသားစု တစ်ခုလုံးမှာ သူက အထုံထိုင်းဆုံး ဖြစ်နေလို့လေ။ သူက ထိန်းချုပ်ရတာ လွယ်ကူတယ်”
ကွမ်ရှောင်ချိန် ဖြစ်စေ၊ တခြား မင်းသားတွေ ဖြစ်စေ ထိန်းချုပ်ဖို့ မလွယ်ကူဘူးလေ။ ရည်ရွယ်ချက်သာ ရှိပြီး အင်အားမရှိတဲ့ ကွမ်လန် တစ်ယောက်ကိုသာ ဝိညာဉ်မျိုးနွယ်စုက ရွေးချယ်မှာပေါ့။ တော်ဝင်မိသားစုကို အရှက်ရစေတာကတော့ သူတို့ကိစ္စမှ မဟုတ်တာ။ သူတို့တွေက တိုင်းပြည်ကို ထိန်းချုပ်ဖို့ပဲ လိုအပ်တာလေ။
ယွမ်လော့ဖုန်းရဲ့ ဆန်းစစ် ဝေဖန်မှုကို ကြားရတော့ ကွမ်ရှောင်ချိန်လည်း သူ့မြေခွေး မျက်ဝန်းကို မှေးကျဉ်းလိုက်တယ်။
“ဖုန်းအာလေး ကိုယ် မင်းကို တကယ်ပဲ အထင်ကြီး လေးစားသွားပြီ။ မင်းပြောတာ မှန်ပါတယ်။ ကွမ်လန်က တခြား မင်းသားတွေထက် ထိန်းချုပ်ရတာ ပိုလွယ်ကူတယ်။ အကြောင်းပြချက် တစ်ခုရှိလို့ ဒီကို လာခဲ့ရတာ။ ကွမ်လန်နဲ့ မုဝူစွမ်းရဲ့ မင်္ဂလာဆောင်ကို ကိုယ်တို့တွေ တားဆီးဖို့ လိုအပ်တယ်။ မဟုတ်ရင်တော့ ကွမ်လန်က ထျန်းမိသားစု ဖြစ်သွားခဲ့ရင် ကိုယ်တို့ နှစ်ယောက်အတွက် အန္တရာယ် ရှိလာနိုင်တယ်”
ယွမ်လော့ဖုန်းလည်း သူ့ကို မျက်စောင်းထိုး ကြည့်လိုက်တယ်။
“သူတို့ မင်္ဂလာဆောင်က ကျွန်မနဲ့ ဘာသက်ဆိုင်လို့လဲ။ သူတို့နှစ်ယောက်က လိုက်ဖက်လွန်းတယ်လေ။ သူတို့နှစ်ယောက်ကို ဘာကြောင့် ခွဲရမလဲ။ ဘာကြောင့် သူတို့တွေ တခြားလူကို ထိခိုက်အောင် ပြုလုပ်တာကို တားရမလဲ။ ဒါ့ပြင် သူတို့ လက်ထပ်သည် ဖြစ်စေ၊ လက်မထပ်သည် ဖြစ်စေ။ ကျွန်မကို ယှဉ်ပြိုင်ဖို့ ပူးပေါင်းကြမှာပဲလေ။ ဒါကြောင့် ကျွန်မက ဘာကြောင့် နှောင့်ယှက်ရမလဲ”
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now