အပိုင်း(၂၈၆)
တော်ဝင်မိသားစု၏ နံပါတ်(၁) ပညာရှင်(၁)
ဒါ့ပြင် တော်ဝင်မိသားစု၏ နောက်ကွယ်မှာ ဝိညာဉ်မျိုးနွယ်စု ရှိနေသေးတယ်။ ဒါကြောင့် ယွမ်လော့ဖုန်းရဲ့ အင်အားက ဖြုံလောက်အောင် ဖြစ်နေလည်း ဝိညာဉ် မျိုးနွယ်စုကဲ့သို့ ဘီလူးတွေကိုတော့ သူမက ယှဉ်လို့ မရနိုင်ပေ။
ယွမ်လော့ဖုန်းက သူမရဲ့ လက်လေးဖြင့် အင်္ကျီလက်ထဲမှ ထွက်လာသော ရွှေရှာကြွက်လေး၏ ဦးခေါင်းကို အသာယာ ပွတ်သပ်ပေးလိုက်တယ်။
“ဒီနှစ်တွေမှာ ကျွန်မ အဘိုးက လုံယွမ်တိုင်းပြည်ရဲ့ စစ်သူကြီး တစ်ယောက် အနေနဲ့ နှစ်ပေါင်းများစွာ တိုင်းပြည် နယ်စပ်ကို စောင့်ကြပ်ခဲ့တယ်။ ကျွန်မ မိဘတွေက တိုင်းပြည်အတွက် စစ်ပွဲမှာ အသက်စွန့်ခဲ့တယ်။ သို့သော်လည်း တိုင်းပြည်၏ အရှင်သခင် ဖြစ်တဲ့ ရှင်က အလှလေးများကို လိုချင် တပ်မောဇော ရှိနေခဲ့တာမလား။ မင်းဆိုး မင်းညစ်တစ်ယောက် ဖြစ်ခဲ့ပြီး ကမောက်ကမ ဖြစ်စေခဲ့တယ်။ မဖြောင့်မတ်တဲ့ လူတွေကို မြှောက်စားထားခဲ့ပြီး ရှင့်ကို အမှန်တကယ် သစ္စာရှိတဲ့ မှူးမတ် တစ်ယောက်၏ စကားကို လျစ်လျူရှုခဲ့တယ်။ ရှင် အမှုထမ်းရဲ့ နှလုံးသားကို နာကျင်အောင် ဘာလို့ လုပ်ရက်ရတာလဲ။ ဒါကြောင့် ကျွန်မ အဘိုး ကိုယ်စား ရှင့်ကို သင်ခန်းစာပေးဖို့ ဒီနေရာကို ရောက်လာခဲ့ရတာ”
“ဟား…”
မိန်းမပျိုလေး စကားပြောလိုက်တဲ့ အချိန်မှာ အနောက်ဘက်မှ အသက်အရွယ် ကြီးသော လူတစ်ယောက်၏ တိုးလျသော လှောင်ပြောင် ထေ့ငေါ့သံက ပဲ့တင်ထပ် လာခဲ့တယ်။
ထို့နောက်… ချက်ချင်းပဲ မုတ်ဆိတ်မွေး ဖြူဖြူနှင့် အဘိုးအို တစ်ယောက်က သူ့လက်ကို နောက်ကျောဘက်သို့ ထားကာ ယွမ်လော့ဖုန်း ရှေ့နားသို့ ခြေလှမ်း အနည်းငယ်လှမ်းပြီး ရောက်ရှိလာခဲ့တယ်။
သူ့ခြေလှမ်းများက မြူကို နင်းပြီး တိမ်ကို စီးနေသကဲ့သို့ ဖျတ်လတ်မှုဖြင့် ပြည့်ဝနေတယ်။ ထို့နောက် သူက စိတ်မဝင်စားဟန်ဖြင့် စကားပြောလာတယ်။
“မင်းက ယွမ်မိသားစုက ယွမ်လော့ဖုန်း ဆိုတော့ နန်းတော်ထဲမှာ ရန်ပွဲ ဖြစ်အောင် မင်းကို ခွင့်ပြုပေးလိုက်တာက ယွမ်လော့ဆိုတဲ့ ကောင်လေးလား။ ဒါမှမဟုတ် မင်းကိုယ်ပိုင် စိတ်ကူးနဲ့လား”
သူ့လေသံက စိတ်ဝင်စားဖွယ် မကောင်းသော်လည်း အိုမင်းရင့်ရော်နေတဲ့ မျက်လုံးများက မာနဝင့်ကြွားပြီး ဂုဏ်မောက်နေတယ်။ သူက ယွမ်လော့ဖုန်းကို အသေးအဖွဲလေးလို့ ထင်နေတဲ့ပုံပဲ။
ဒီမိန်းမပျိုလေး၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးက ယွမ်ရှောင်ရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းနေပြီး သူမ၏ စွဲမက်ဖွယ် မျက်ဝန်းများက ပြုံးရိပ်သန်းနေတယ်။
“အဘိုး ခွင့်ပြုလို့ လာတာဖြစ်ဖြစ်၊ ကိုယ့်အကြံနဲ့ ကိုယ့်ဘာသာ လာတာ ဖြစ်ဖြစ်၊ ရှင့်ကိစ္စ မဟုတ်ပါဘူး။ ဒီနေရာကို ငါ လာရတဲ့ ရည်ရွယ်ချက်က ခွေးဘုရင်ကို နန်းချဖို့နဲ့၊ ငါ့ကို တားဆီးတဲ့ လူတိုင်းကို သေချာပေါက် သတ်ပစ်မယ်”
ငါ စွဲ ကြီးမားတဲ့ မာနဝင့်ကြွားခြင်းပဲ။ (ဂုဏ်မောက်လွန်းတယ်။)
သူမကို တားတဲ့ ဘယ်သူ့ကိုမဆို သူမက သတ်မယ်တဲ့လား။
လုံယွမ်တိုင်းပြည် တစ်ပြည်လုံးမှာ တော်ဝင်မိသားစု၏ နံပါတ်(၁) ပညာရှင် ရှေ့မှာ ဒီလိုမျိုး ရဲတင်းတဲ့ စကားမျိုး ပြောရဲတာ ဘယ်သူများ ရှိမလဲ။
ယွမ်လော့ဖုန်း တစ်ယောက်တည်းသာ ရှိတယ်။
ပြောရမယ်ဆိုရင် ဒီအမျိုးသမီးက တကယ်ကို ယုံကြည်ချက် ရှိတာလား။ ဒါမှမဟုတ် အရမ်းကို ရူးနေတာလား။
“ယွမ်လော့ဖုန်း… ဒီအဘိုးကြီးက ယွမ်မိသားစုကို တော်ဝင်မိသားစုက ဘာလုပ်ခဲ့လဲဆိုတာ ဂရုမစိုက်ဘူး ဒါပေမဲ့ အချက် တစ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း သိထားလိုက်။ အရှင်ဘုရင်က အမှုထမ်းကို သေစေချင်ရင် အမှုထမ်းက သေရမယ်။ အရှင်ဘုရင်ရဲ့ အမိန့်ကို ဖီဆန်တဲ့လူက တိုင်းပြည်ကို သစ္စာဖောက်တဲ့ အပြစ်ရှိတယ်”
အဘိုးအိုက စိတ်မဝင်စားသော အကြည့်ဖြင့် ယွမ်လော့ဖုန်းကို ငုံ့ကြည့်လိုက်စဉ်မှာ သူ့လက်နှစ်ဖက်ကို နောက်ဘက်သို့ ထားကာ သူ့အဖြူရောင် ဝတ်စုံက လေထဲမှာ လွင့်နေတယ်။
ယွမ်လော့ဖုန်းလည်း သူမရဲ့ ခြေထောက်ကို မလိုက်တယ်။ မာနဝင့်ကြွားသော မျက်ဝန်းများဖြင့် အဘိုးအိုကို မော့ကြည့်လိုက်တယ်။
“ငါက စကားတစ်ခွန်းကိုတော့ သိတယ်။ အနိုင်ရတဲ့လူက အရှင်သခင် ဖြစ်မယ်။ ရှုံးနိမ့်တဲ့လူက သူခိုး ဖြစ်မယ်”
“ကွမ်တု ရှုံးနိမ့်သွားရင် သူက တောပုန်း ဓားပြ ဖြစ်သွားနိုင်တယ်။ အနိုင်ရတဲ့လူက ဓားပြတစ်ယောက်ကို ဦးညွှတ်စရာ မလိုအပ်တော့ဘူး ထင်တယ်”
အဘိုးအိုက သူ့မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ဝေါယာဉ်ပေါ်မှာ လဲလျောင်းနေသော မိန်းမပျိုလေးကို မကျေမနပ် ကြည့်လိုက်တယ်။
မိန်းမပျိုလေး၏ လက်ရှိ ကိုယ်ဟန် အနေထားက ငါစွဲ မာန်မာန ရှိပြီး အပေါ်စီးက ဆက်ဆံ ပြောဆိုတတ်သော သဘောထား ရှိတယ်။ သူမအကြည့်က အမြဲတမ်း အနိုင်ရတဲ့ အောင်နိုင်သူ တစ်ယောက် အတိုင်းပဲ။ တစ်လောကလုံးကို အထင်မြင်သေးပြီး အားလုံးကို ထိန်းချုပ် ကြိုးကိုင် နိုင်သကဲ့သို့ မာန ဝင့်ကြွားနေတယ်။
အထက်စီးဆန်သော မိန်းမပျိုလေးကို ကြည့်ရင်း အဘိုးအိုရဲ့ စိတ်ထဲမှာ မသေချာ မရေရာမှုများကို ခံစားလာရတယ်။ ပြောရမယ်ဆိုရင် သူမအကြည့်က တန်ခိုးအာဏာ အမြင့်မားဆုံး ဘုရင် တစ်ယောက်နှင့် ဆင်တူတယ်။ ငမိုက်သား ကွမ်တု မဆိုထားနဲ့ ဝိညာဉ်မျိုးနွယ်စု၏ ခေါင်းဆောင်မှာတောင် ဒီလို အကြည့်မျိုး မပိုင်ဆိုင်ဘူး။
“ယွမ်မိသားစုမှ ယွမ်လော့ဖုန်း… ငါ ဒီနေ့ ဒီနေရာမှာ ရှိနေတာကြောင့် ကွမ်တုကို ထိခိုက်အောင် ပြုလုပ်ဖို့ တွေးမနေနဲ့။ ဒါပြင့် ငါက ယွမ်မိသားစုနဲ့ တိုက်ခိုက်မယ်ဆိုရင် နင်တို့အတွက်လည်း အကျိုး မရှိနိုင်ဘူး။ ဒါကြောင့် ဘယ်လိုလဲ ငါ့မျက်နှာကို ထောက်ထားသော အားဖြင့် (လေးစားသော) ထွက်သွားလိုက်တော့”
အဘိုးအိုရဲ့ စကားကို ကြားရတော့ ယွမ်လော့ဖုန်းရဲ့ နှုတ်ခမ်းထောင့်များက နောက်ထပ်တစ်ကြိမ် တွန့်ကွေး သွားရတယ်။ လှောင်ပြောင် ထေ့ငေါ့မှုကို အနည်းငယ် မြင့်တက်နေသော မျက်ခုံးများက ဖော်ပြနေတယ်။
“ရှင့်မျက်နှာက ငွေ ဘယ်လောက် တန်လို့လဲ။ ရှင့်ကို ကျွန်မက မျက်နှာသာပေးဖို့ ထိုက်တန်လို့လား”
သူမ၏အပြောက စိတ်ဆိုး အမျက်ထွက်အောင် လှုံ့ဆော်ခြင်း၊ မာနဝင့်ကြွားခြင်းနှင့် ရန်လိုမှုဖြင့် ပြည့်နှက်နေတယ်။ အဘိုးအိုရဲ့ မျက်နှာ အမူအရာကို ချက်ချင်း ပြောင်းလဲ သွားစေတယ်။
***
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)
Romanceသရဲဘုရင်ရဲ့ချစ်လှစွာသော ဇနီးဆိုးလေး (ယွမ်လော့ဖုန်း) အပိုင်း၂၂၆၂ပိုင်း ဇာတ်သိမ်းမည်။ ဇာတ်သိမ်းအထိ ဖတ်ရှုနိုင်တဲ့ စဆုံးပြီ စာစဉ်လေး ဖြစ်ပါသည်။ စဆုံး ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါသည်။ Ph no 09683223228 အကောင့် https://www.facebook.com/cho.t.mar.505ayh?mibe...