221+222+223+224+225

702 36 0
                                    

အပိုင်း(၂၂၁)

မိဘများအတွက် လက်စားချေခြင်း

 
“ဘိုးဘိုး”
မုဝူစွမ်းလည်း သူမမျက်ဝန်းကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး လှပချောမောသော မျက်နှာလေးက တည်ငြိမ်ပြီး ခံစားချက်မဲ့သော ပုံစံရှိတယ်။
“နောက်ဆုံးတော့ ယွမ်လော့ဖုန်း ပြန်လာပြီပေါ့လေ...။ ဘိုးဘိုး... မြေးလေးတို့ ဘာဆက်လုပ်ကြမလဲ”
“မြေးလေး ဝူစွမ်း..... စိတ်အေးအေးထား...။ ဒီလောကကြီးထဲမှာ မြေးလေးနဲ့ ယှဉ်ပြိုင်ပြီး အိမ်ရှေ့စံ မင်းသားကို လုယူနိုင်တဲ့ အရည်ချင်းမျိုး ဘယ်မိန်းကလေးမှ မပိုင်ဆိုင်ဘူး”
မုချင်ချောင်လည်း မျက်မှောင်ကြုတ် လိုက်ပြီး အေးတိအေးစက် ပြောလိုက်တယ်။
“အိမ်ရှေ့စံမင်းသား ပျောက်ဆုံးနေတာက ယွမ်လော့ဖုန်းနဲ့ သက်ဆိုင်ချင် သက်ဆိုင်၊ မသက်ဆိုင်ချင်လည်းနေ... အဘိုးတို့ ဂရုမစိုက်ဘူး။  ယွမ်လော့ဖုန်းဆိုတဲ့ မိန်းမက အိမ်ရှေ့စံ မင်းသားကို အကျပ်ကိုင်ပြီး ဖမ်းဆီးသွားတယ် ဆိုတာ တစ်လောကလုံးက ယုံကြည်ဖို့ပဲ  အရေးကြီးတယ်။ တခြားလူတွေ ယုံကြည်ပေးနေတိုင်း ယွမ်လော့ဖုန်း ဂုဏ်သိက္ခာကို ကျဆင်းအောင် ပြုလုပ်နိုင်တယ်”
မုဝူစွမ်းက စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ သူမနှလုံးသားထဲမှ ခါးသီးသော ခံစားချက်က တစ်နေ့ထက် တစ်နေ့ များပြားလာပြီး ရပ်တန့်လို့ ရတော့မည် မဟုတ်ပေ။
စစ်သူကြီး အိမ်တော်ရဲ့ အရှေ့ဘက် ခြံဝင်းသို့ ယွမ်လော့ဖုန်း ဝင်လိုက်သည်နှင့် ခန်းမဆောင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရတယ်။
“ယွမ်ရှောင်”
သူမမျက်ခုံးကို မြှင့်တင်လိုက်ပြီး ပြောလိုက်တယ်။
“ရှင်... အနောက်ဘက် ခြံဝင်းဘက်မှာ စောင့်နေလိုက်တော့။ သိပ်မကြာစေရပါဘူး။ ကျွန်မ လိုက်လာခဲ့မယ်”
ဒုတိယဦးလေး ပြန်လည် သက်သာလာကတည်း သူမလည်း အနောက်ဘက် တောင်တန်းမှ ခြံဝင်းအတွင်းသို့ ပြန်လည် ရွှေ့ပြောင်းခဲ့တယ်။ ဒါကြောင့်လည်း ယွမ်ရှောင်ကို အနောက်ဘက် ခြံဝင်းအတွင်းမှာ စောင့်နေခိုင်းတာပေါ့။ သူမမျက်နှာကို ငေးကြည့်ရင်း ယွမ်ရှောင်က အသာယာ ခေါင်းညိတ်ပြတယ်။ ယွမ်လော့ဖုန်းက သူမအဘိုးအို ဒေါသကို ဖြေဖျောက်ဖို့ ကြိုးစားနေတယ် ဆိုတာ သူ နားလည် ပါတယ်။
 
***
 
ဂုဏ်ကျက်သရေ ကြီးမြတ်သော ခန်းမဆောင် အတွင်းမှာ အစေခံများ အားလုံးက အေးစက်သော ကြမ်းပြင်ပေါ်မှာ တုန်တုန်ရီရီ ဒူးထောက်နေကြပြီး အဘိုးအို ဒေါသထွက်ကို ခံစားနေရတယ်။ သိသိသာသာ ဒေါသထွက်နေခဲ့တယ်။ အသက်ရွယ် ကြီးရင့်နေတဲ့ မျက်နှာက ဒေါသဖြင့် ပြည့်နှက်နေပြီး မျက်ဝန်းများက ရက်စက်ခြင်းဖြင့် တောက်ပနေတယ်။ ဒါပြင့် စားပွဲခုံကလည်း နှစ်ခြမ်းကွဲသွားခဲ့ပြီး ကြမ်းပြင်ပေါ်မှာ လက်ဖက်ရည်စက်များ လွင့်စဉ်နေခဲ့တယ်။ တစ်ခန်းလုံးကလည်း ရစရာ မရှိအောင် ရှုပ်ပွနေခဲ့တယ်။ အဘိုးအိုက ရှိသမျှ ပစ္စည်းများကို ခြေမွှ ဖျက်ဆီးဖို့ ကြိုးစားနေစဉ် တခစ်ခစ် ရယ်မောသံက ရုတ်တရက် ရောက်ရှိလာပြီး သူ့အပြုမူကို ရပ်တန့်သွားစေတယ်။
“မြေးလေး မရှိတဲ့အချိန်မှာ ဘယ်သူက ဘိုးဘိုးကို အနိုင်ကျင့်ကြလို့လဲ။ မြေးလေး ပြန်လာတဲ့အချိန်မှာ ပထမဆုံး တွေ့လိုက်ရတဲ့ မြင်ကွင်းက  ဘိုးဘိုး ဒေါသထွက်နေတဲ့ ပုံစံလား”
သူမရဲ့ ပျင်းရိပျင်းတွဲ အသံက မြှောက်ပင့် ပြောဆိုမှုဖြင့် ပြည့်နှက်နေတယ်။ ဒီစကားသံလေးကို ကြားတော့ အဘိုးအိုက ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး တံခါးပေါက်ဝမှာ ရပ်နေတဲ့ ကောင်မလေးကို အံ့သြတကြီး ငေးကြည့်နေတယ်။
နူးညံ့ညင်သာတဲ့ လေပြည်လေညင်းလေးမှ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးက အံ့သြတကြီး ဖြစ်နေသော အဘိုးအိုကို ပြုံးနေသော မျက်ဝန်းနက်များဖြင့် ကြည့်နေတယ်။ သူမက လက်ပိုက်ပြီးတော့ အထာကျကျ ရပ်နေတယ်။
“ဘိုးဘိုး ... မြေးလေး ပြန်လာပြီလေ...”
မြေးလေး... ပြန်လာပြီ...
နောက်ဆုံးတော့... အဘိုးအိုလည်း အံ့သြ ထိတ်လန့်နေသည်မှာ ပြန်လည် အသိဝင်လာပြီး ပထမဦးဆုံး ပြုလုပ်သော အရာက မြေးလေးကို ပွေ့ဖက်သည်လည်း မဟုတ် ... မြေးလေး ပြန်လာလို့ ဝမ်းသာသော စကားပြောချင်လည်း မဟုတ်ခဲ့ပေ။ ထို့အစား ... ကျိန်ဆဲတော့တယ်။
“ကျေးဇူး မသိတတ်တဲ့ မြေးဆိုးလေး... ဒီရက်ပိုင်းမှာ ဘယ်နေရာတွေမှာ သွားရှုပ်ထားလဲ ဆိုတာ အမှန်တိုင်း ပြောစမ်း... ဘာမှ အသိမပေးဘဲ အိမ်တော်က ထွက်သွားရဲတယ်ပေါ့။ တော်လိုက်တဲ့ မြေးလေး...။ အရမ်းကို သတ္တိတွေ ကောင်းနေတယ်ပေါ့။ မြေးဆိုး... မြေးမိုက်...။ ငါနဲ့ ထိုက်တန်တဲ့ မြေးလေးမှ ဟုတ်သေးရဲ့လား”
သူမရဲ့ ဒေါသထွက်နေသော အဘိုးကို ကြည့်ရင်း ယွမ်လော့ဖုန်းလည်း အပြုံးတစ်ခုကို ဖန်ဆင်းလိုက်တယ်။
“မြေးလေးမိဘတွေ ကိုယ်စား လက်စားချေဖို့အတွက် လွေ့ကျင်း တိုင်းပြည်ကို သွားခဲ့တာပါ...”
သူမပြောလိုက်တဲ့ စကားလုံးတွေက အဘိုးအို လည်ချောင်းမှ ဆူပူကြိမ်းမောင်းသော စကားလုံးများကို လွင့်စဉ် ပျောက်ကွယ် သွားစေတယ်။ စကား တစ်ခွန်းမှ မပြောဘဲ ယွမ်လော့ဖုန်းကို တွေးတွေးကြီး ငေးကြည့် နေပြီးတော့မှ ဘိုးဘိုးက ဒီစကားကို မကြားသကဲ့သို့ မေးလာတယ်။
“မြေးလေး မိဘတွေအတွက် လက်စားချေဖို့  အိမ်တော်က ထွက်သွားခဲ့တာလို့ ပြောလိုက်တာလား”
သူမလည်း အသာယာ ခေါင်းညိတ်ပြလိုက်ပြီး... ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ အစေခံတွေကို ဝှေ့ခနဲ ကြည့်လိုက်တယ်။ သူမမျက်ဝန်း အကြည့်ကို ဘိုးဘိုးဘက်သို့ လှည့်လိုက်ကာ
“ဖေဖေနဲ့ မေမေ သေဆုံးမှု  နောက်ကွယ်က ကြိုးကိုင်နေသော လူကို ရှာဖွေဖို့ လွေ့ကျင်းတိုင်းပြည်ကို သွားခဲ့တယ်။ ကံကောင်းစွာနဲ့ ဒီလူတွေရှာတွေခဲ့ပြီး ဖေဖေနဲ့ မေမေအတွက် လက်စားချေဖို့ သူတို့အားလုံးကို သတ်ခဲ့တယ်”
ဘန်း
အဘိုးအိုက ယိုင်တိယိုင်တိုင် လမ်းလျှောက်လာပြီး သူ နောက်ဘက်မှာ ရှိနေတဲ့ စန္ဒကူး ကုလားထိုင်ပေါ် ဝုန်းခနဲ ပစ်လဲကျသွားတယ်။ တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေရင်းမှ  ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလေတယ်။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now