378+379+380+381+382

469 21 0
                                    

အပိုင်း(၃၇၈)

ချစ်ရသူနဲ့ တွေ့ဆုံခြင်း(၁)

 
ထိုလူက သူမစကားကို မကြားသကဲ့သို့ စားသောက်ဆိုင်ထဲမှာ ရပ်နေတဲ့ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးရှိရာဆီသာ တည့်တည့်မတ်မတ် သွားခဲ့တယ်။ တခြား ဘယ်သူ့ကိုမှ အာရုံစိုက်ခြင်း မရှိခဲ့ဘူး။ ခံစားချက် ကင်းမဲ့နေတဲ့ မျက်နှာတော်မှာ ရေးရေးမျှမျှ ပြုံးနေသယောင်တော့ ရှိတယ်။
"မင်း ဒီနေရာကို ရောက်လာတယ်"
ရိုးရှင်းတဲ့ စကားလေးက သူ့နှလုံးသားထဲမှ အဆုံးအစမဲ့ နက်ရှိုင်းသော သူ့လွမ်းဆွတ်မှုများကို ဖော်ပြနေလေရဲ့။ ဒီစကားလေး တစ်ခွန်းက ယွမ်လော့ဖုန်းရဲ့ နှလုံးသားလေးကို မူးယစ်စေတယ်။ တုန်လှုပ်စေတယ်။
“ကျွန်မက ရှင့်ကို ရှာဖို့ ရောက်လာတာလေ”
မိန်းမပျိုလေးရဲ့ မျက်နှာက အနည်းငယ်မျှ ပြုံးရိပ် သန်းနေခဲ့ပြီး မျက်ဝန်းနက်များက သူမရှေ့မှာ ရပ်နေတဲ့ အမျိုးသားလေးကို မမှိတ်မသုန် ကြည့်နေခဲ့တယ်။ သူမမျက်ဝန်းများက ကောက်ကျစ် စဉ်းလဲမှုမှုကို ပုံဖော်နေလေရဲ့။
“ရှင် တွေ့သမျှ မိန်းကလေးတိုင်းနဲ့ ရှုပ်ရှုပ်ယှက်ယှက် လုပ်နေလား ဆိုတာ  မြင်ချင်လို့ လာတာ”
ယွမ်ရှောင်ရဲ့ အကြည့်က တည်ကြည် လေးနက်သွားပြီး ယွမ်လော့ဖုန်းကို မျက်တောင်မခတ် ကြည့်လိုက်တယ်။
“ကိုယ်က မင်းတစ်ယောက်တည်းကို ကြည့်နေမှာ”
ဒီလောကကြီးထဲမှာ သူမကလွဲရင် တခြား မိန်းကလေးတိုင်းက သူ့မျက်လုံးထဲမှာတော့ အရိုးစုတွေပဲ။ ဒါကြောင့် သူက ဘာကို ကြည့်နေရဦးမလဲ။ သူလည်း ဆက်မပြောခင် ခဏရပ်တန့်ပြီး တွေးတော လိုက်တယ်။
“ကိုယ့်ဘဝ တစ်သက်တာလုံးမှာ မင်းကို ကြည့်ဖို့တောင် အချိန် လုံလောက်မှု မရှိဘူး... ဒါကြောင့် ကိုယ့်အချိန်ကို တခြားလူကို ကြည့်ဖို့ ကုန်ဆုံးရမည်တဲ့လား”
ဒီစကားက ယွမ်လော့ဖုန်း ကြားဖူးသမျှထဲမှာ သာယာ နာပျော်ဖွယ် အချစ်စကား တစ်ခွန်းပါပဲ။
ဒီလောကကြီးထဲမှ သူမလေးကို ကြည့်နေဖို့ အချိန်တောင် မလုံလောက်ဘူးပေါ့။ တန်ဖိုးရှိတဲ့ သူ့အချိန်ကို တခြား အမျိုးသမီး တစ်ယောက်ကို ကြည့်ပြီး ဖြုန်းတီးမှာ မဟုတ်ဘူးတဲ့လား။
ယွမ်လော့ဖုန်းလည်း သူမမျက်ဝန်းကို မှေးကျဉ်းလိုက်တယ်။ သူမ နှုတ်ခမ်းပေါ်က အပြုံးက အန္တရာယ်ရှိသော အပြုံးတစ်ခု အဖြစ် ပိုပြီးတော့ အသက်ဝင်လာတယ်။
“ဒီစကား အားလုံးကို ပြောဖို့ ရှင့်ကို ဘယ်သူ သင်ပေးလိုက်တာလဲ”
“ဘယ်သူမှ ကိုယ့်ကို မသင်ပေးပါဘူး”
တကယ်လည်း ဒီအချစ် စကားများကို ဘယ်သူမှ မသင်ပေးခဲ့ပါဘူး သူပြောချင်တဲ့ စကားလုံးတိုင်းကို နှလုံးသားနဲ့ ခံစားပြီးတော့ သူ ပြောလိုက်တာပါ။
“ရှင့်ကို နှစ်ဝက်လောက် လေ့ကျင့်ပေးခဲ့တာ အတော်လေး အကျိုးသက်ရောက်မှု ရှိခဲ့တာပါလား… သင့်လျော်တဲ့ အကြောင်းအရာတိုင်းကို စတင်ပြီး နားလည်နေပြီပဲ… ရှင် ရင့်ကျက်လာပြီပဲ”
ယွမ်လော့ဖုန်းလည်း သူမ နှုတ်ခမ်းထောင့်ကို မြင့်တက်လိုက်ပြီး သူမမျက်နှာက အပြုံးလေးကို လှစ်ဟလိုက်တယ်။
“နောင်ဆို ကျွန်မ ရှင့်ကို ထပ်ပြီးတော့ လေ့ကျင့်ပေးစရာ မလိုအပ်တော့ဘူး ထင်တယ်”
ယွမ်ရှောင်လည်း သူ့မျက်ခုံးကို တွန့်ကွေးလိုက်တယ်။
“မလုံလောက်သေးပါဘူး”
“ဘာလို့လဲ”
“ဘာကြောင့်လဲ ဆိုတော့ ကိုယ်က မင်းလေ့ကျင့်ပေးမှုကို လိုအပ်တာကြောင့်ပေါ့”
ဒီစကားကို တခြားလူ တစ်ယောက်က ပြောတာသာဆိုရင်  ကျီစားနေတာလို့သာ ယွမ်လော့ဖုန်း ယူဆမိမှာပါ။ ဒီစကားက ယွမ်ရှောင် ပြောတာဆိုတော့ စကားတိုင်းက လေးနက်ပြီး ရင်ထဲက ပြောသော စကားလို့ မှတ်ယူရမယ်။ တခြား အကြောင်းအရင်းကို တွေးနေဖို့ကို မလိုအပ်တော့ဘူး။ တွေးဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။
လင်းလောပိုင်လည်း သူမမျက်လုံးကို တဖျတ်ဖျတ် ခတ်လိုက်ပြီး ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။ ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းများက ရှေ့မှာ ရပ်နေတဲ့ အမျိုးသားလေးကို ကြည့်နေပြီး စိတ်လှုပ်ရှားမှုများဖြင့် အရောင် တောက်နေခဲ့တယ်။
ဆက်နွှယ်မှု တစ်ခုခုတော့ ရှိရမယ်။
ဆရာနဲ့ ဒီလူကြားမှာ ဆက်နွှယ်မှု တစ်ခုခုတော့ ရှိရမယ်။
ဒါ့ပြင် ဒီလူက ရှောင်ယွီချင်းထက် ပိုပြီး ခန့်ညား ချောမောတယ် သူမရဲ့ ထူးချွန်တဲ့ ဆရာနဲ့ ထိုက်တန်မှု ရှိတယ်။
လင်းလောပိုင် ဒီအကြောင်းကို ပိုပြီးတော့ တွေးကြည့်လေလေ  တွေးကြည့်လေလေ ပိုပြီးတော့ စိတ်လှုပ်ရှား စိတ်အားထက်သန် လာလေလေပဲ။ သူမနှလုံးသားထဲမှာ အတင်းအဖျင်း ပြောတတ်တဲ့ အစေ့လေး တဖြည်းဖြည်းချင်း အပင်ပေါက်လာ သလိုပါပဲ။ သူမ နှလုံးခုန်သံကိုပင် ကြားနိုင်တယ်။
လင်ယောင်လည်း ဒေါကန်စွာ အံကြိတ်မေးရင်း ယွမ်ရှောင်ကို ဒေါသတကြီး လက်ညှိုး ထိုးလိုက်တယ်။
“နင်… ငါ့နဲ့ ရှောင်ကျင်းကို  လုံယွမ်တိုင်းပြည်မှာ တိုက်ခိုက်ရတာက ငါတို့ကို ကြည့်မရလို့ မဟုတ်ဘူးလား… ဒါမှမဟုတ် ဒီအမှိုက်ကောင် ကြောင့်လား”
ထိုနေ့က သူမခံစားခဲ့ရတဲ့ နာကျင်မှုနှင့် ထိခိုက် ဒဏ်ရာများက ဒီအမှိုက်ကောင်ကြောင့် ဖြစ်ရမယ်လို့တော့ မထင်မှတ်ထားခဲ့ဘူး။
“အခုတော့ နင် အကြောင်းအရင်းကို သိသွားခဲ့ပြီပေါ့”
ယွမ်လော့ဖုန်းလည်း လင်ယောင်ကို စွေးခနဲ ကြည့်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်တယ်။
“ဒီလောကကြီးထဲမှာ သက်သက်မဲ့ မုန်းတီးနေတယ် ဆိုတာ မရှိဘူး။  ငါက နင်တို့ကို ကြည့်မရလို့ လုပ်တယ် ဆိုတာကို နင်တို့က တကယ် ယုံကြည် နေတယ်ပေါ့။ ရယ်စရာ ကောင်းလိုက်တာ။ ငါက နင်တို့ကို ကြည့်မရလို့ မဟုတ်ဘူး။ ငါ့ချစ်သူအတွက် လက်စားချေ ပေးချင်လို့”
“နင်…”
လင်ယောင်လည်း ယွမ်လော့ဖုန်းကို  ဒေါကန်စွာ မကျေမချမ်း ကြည့်လိုက်တယ်။
“နင်က ဒီအမှိုက်ကောင်နဲ့ အတူတူနေပြီး တကယ်ပဲ ကိုယ့်အဆင့်အတန်းကိုယ် ကျဆင်းချင် နေတာလား၊ ငါ တစ်ခုတော့ ပြောလိုက်မယ်... နင်က မလိုချင်တဲ့ အမှိုက်ကောင်ကို ကောက်ယူလိုက်တဲ့ မိန်းမ တစ်ယောက်ပဲ... နင့်အဆင့်အတန်းက ဒီလောက်ပဲ ရှိတာ”
ဒီအချိန်မှာ လင်ယောင်က အတော်လေး ဒေါသထွက်နေတာ သူမ ဒေါသကို ဒီလို ပုံစံမျိုးနဲ့သာ ဖြေဖျောက်မှာပေါ့ သူမအမြင်မှာတော့ ယွမ်လော့ဖုန်းရဲ့ မာနဝင့်ကြွားလွန်းတဲ့ အမူအကျင့်နဲ့တော့ တခြားလူ တစ်ယောက်ရဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်ကို ကောက်ယူထားရတာ အထင်အမြင်သေးစရာ ဖြစ်လာမယ်လို့သာ ယူဆထားတယ်။
“နင် … အမှိုက်လို့ ယူဆထားတဲ့ ယောက်ျား တစ်ယောက်က ငါ့အတွက်တော့ နှလုံးသားထဲက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ပါးပဲ”
ယွမ်လော့ဖုန်းရဲ့ မျက်ဝန်း အလင်းတန်းက ညကောင်းကင်ယံ ကဲ့သို့ မည်းနက်နေပြီး ကြောက်ခမန်း လိလိပါပဲ။
“နင့် ဆုံးဖြတ်ချက်ကြောင့် နောင်တရတဲ့ နေ့ဆိုတာ ရှိလာမှာပါ”
 
***
အပိုင်း(၃၇၉)

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now