251+252+253+254+255

589 32 0
                                    

အပိုင်း(၂၅၁)

သွေးပွက်ပွက်အန်သော မုဝူချန်(၂)

 
သူမ စကား ပြောပြီးတာနဲ့ လက်ဖက်ရည် စံအိမ်တော်မှ အသံတစ်သံ ထွက်ပေါ် လာခဲ့တယ်။
“ယွမ်မိန်းကလေး… မင်းမှာ စိတ်ဝိညာဉ် လက်ဖက်ရည် ရှိသေးလား။ ၁၀ဂရမ်လောက် ဝယ်ချင်တယ်”
“ထိပ်တန်း လက်ဖက်ရည် အတွက် ၁၀ဂရမ်က နည်းလွန်းပါတယ်။ ငါက ၁ကီလို ဝယ်ချင်တယ်”
မုမိသားစုရဲ့ အာဏာက တကယ်ကို ကြီးမားလှပါတယ်။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ် လက်ဖက်ရည်က ရောဂါများကို ကုသပေးနိုင်တယ်။ နာတာရှည် ရောဂါများကိုတောင် ကုသ ပေးနိုင်တယ်လေ။ လူတစ်ယောက်က ဒီလက်ဖက်ရည်ကို ဆက်ပြီးတော့ သောက်သုံးမယ် ဆိုရင်တော့  ရောဂါ အားလုံးမှ ကင်းလွတ်နိုင်မယ်။
အမတ်ချုပ် မုအိမ်တော်ကို အမှား ကျူးလွန်တာနဲ့ ယှဉ်လိုက်ရင် ရောဂါကို ခံစားရမှာကို သူတို့ ပိုပြီးတော့ ကြောက်ရွံ့တယ်။ ထပ်ပြောရရင် သူတို့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ မုအိမ်တော်က  ပေါ်တင် ပြဿနာရှာလို့ မရနိုင်ပေ။ ဒါကြောင့်လည်း မုဝူချန်ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတာပေါ့။ ဒါပေမဲ့ ဒီစကားက ယွမ်လော့ဖုန်း ရှေ့နားမှာ ရပ်နေတဲ့ အဘိုးအိုငယ်လေးကို စိတ်အနှောင့်ယှက် ဖြစ်စေခဲ့ပြီး စိတ်လှုပ်ရှားနေတဲ့ လူအုပ်စုကို ကြည့်လိုက်တယ်။
“သူမ ပြောလိုက်တာ နင်တို့တွေ မကြားလိုက်တာလား။ လက်ဖက်ရွက် တစ်အိတ်တည်း ရှိတယ်လို့ ပြောလိုက်တယ်လေ။ ဘာမှ မကျန်တော့ဘူးတဲ့။ ဒါ့ပြင် လက်ဖက်ရွက်တွေ ကျန်နေသေးရင်လည်း ကျုပ်က အားလုံးကို ဝယ်လိုက်မှာလေ။ နင်တို့တွေမှာ ဝယ်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး”
သိသိသာသာပဲ အဘိုးအိုငယ်လေးရဲ့ နောက်ဆုံး ပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့ရဲ့ တကယ် စိတ်ကူးပါပဲ။ ထိပ်တန်း လက်ဖက်ရွက်တွေက ကုန်းမြေစု တစ်ခုလုံးမှာ အများကြီး မရှိနိုင်ပေ။ ယွမ်လော့ဖုန်းမှာ ရှိနေသေးတယ် ဆိုရင်တော့ ဘယ်လောက်ပဲ ကုန်ကျနေပါစေ သူက သေချာပေါက် အကုန်လုံးကို ဝယ်မှာပါ။ ဒီလူတွေအတွက် ချန်ခဲ့ဖို့ဆိုတာ ဖြစ်နိုင်မယ်တဲ့လား။ သူ့စကားကို ကြားတော့  လူအုပ်ကြီးက တိတ်ဆိတ် သွားပြီးတော့ ညည်းညူကြတယ်။ သူတို့မျက်လုံးမှာ စိတ်ပျက်မှု ပြည့်နှက်နေတယ်။
စိတ်ပျက်နေသော မျက်နှာများကို ကြည့်ရင်း မိန်းကလေးက သူ့နှုတ်ကို ဖြည်းညင်းစွာ ဖွင့်ဟပြီး ပြောလာခဲ့တယ်။
“ကျွန်မမှာ တစ်ယောက်စာ ပြင်တဲ့ လက်ဖက်ရွက်ပဲ ရှိတယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ ၁ကီလို မရှိဘူးလို့ မပြောခဲ့ပါဘူး။ သို့သော်လည်း သေချာတာ တစ်ခုကတော့ တစ်လောကလုံးမှာ စိတ်ဝိညာဉ် လက်ဖက်ရည်ကို ပိုင်ဆိုင်တာ ဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိတယ်လေ”
အဘိုးအိုငယ်လေးရဲ့ မျက်လုံးများ ပြူးကျယ် သွားပြီးတော့ ယွမ်လော့ဖုန်းဘက်သို့ ချက်ချင်း လှည့်လိုက်တယ်။
“မင်း…. မင်း တကယ် ပြောနေတာလား။ ဒီထိပ်တန်း လက်ဖက်ရွက်တွေ တကယ် ရှိနေသေးတာလား”
ယွမ်လော့ဖုန်းလည်း ခေါင်းညိတ်လိုက်တယ်။
“၁ဂရမ်ကို ငွေသား ၁သိန်း။ ဈေးဆစ်လို့ မရဘူး”
“ကောင်းပြီလေ။ ၁၀၀ကီလို ယူမယ်”
ယွမ်လော့ဖုန်း ဘေးနားမှာ တိတ်တဆိတ် ရပ်နေတဲ့ ချင်ယန်မှာ အဘိုးအိုငယ်လေး ပြောလိုက်တဲ့ စကားကို ကြားတော့ ပါးစပ်မှ သွေးအန်လု နီးပါးပါပဲ။ အဘိုးအိုကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ တကယ်တမ်းတော့ သွေးအန်လုနီးပါး ဖြစ်နေတဲ့ တခြား တစ်ယောက်က မုဝူချန်ပါ။ သူက စိတ်ဝိညာဉ် လက်ဖက်ရည်ကို ဈေးကြီးတယ်လို့ ပြောရုံပဲ ရှိသေးတယ်။ ဒီအဘိုးအိုက ၁၀၀ကီလို ဝယ်တယ်တဲ့လား။ သူ့မျက်နှာကို တံတွေးနဲ့ ထွေးသလိုပါပဲ။ ချက်ချင်းပဲ… သူ့မျက်နှာက မည်းမှောင် သွားပြီးတော့  ဒေါသကြောင့် ခရမ်းနုရောင်ဘက်သို့ ပြောင်းလဲသွားတယ်။
“အဘိုးက ဒီစိတ်ဝိညာဉ် လက်ဖက်ရွက်ကို ဂေါ်ဖီထုပ် ထင်နေတာလား။ ၁၀၀ကီလို ဝယ်မယ်တဲ့လား။ ကျွန်မကို နောက်ပြောင် နေတာလား”
ယွမ်လော့ဖုန်းလည်း အဘိုးအိုကို မျက်မှောင်ကြုတ် ပြီးတော့ ကြည့်လိုက်တယ်။
“အများဆုံး ၁ကီလိုပဲ ရောင်းပေးနိုင်မယ်။ ကျန်တာကို တခြားလူတွေကို ရောင်းပေးဖို့ ချန်ထားရမယ်”
ဒီလူတွေပြောနေတဲ့ စကားက သေချာပေါက် မုဝူချန်ကို စော်ကား နေတာပဲလေ။ ဒါကြောင့် ဒီလူတွေအတွက် လက်ဖက်ရွက်ကို ချန်ထားဖို့ လိုအပ်တယ်လေ။ ဘာပဲဖြစ်ဖြစ် အနာဆာရှိတဲ့ လက်ဖက်ရွက်တွေ ရှိနေတာပဲလေ။ သူမအဘိုးအတွက် အကောင်းဆုံး လက်ဖက်ရွက်ကို သိမ်းထားလို့ ရသေးတယ်လေ။
ယွမ်လော့ဖုန်းက သူတို့အတွက် လက်ဖက်ရွက်ကို ချန်ထားပေးမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ လူအုပ်ကြီးက သူမကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လာတယ်။
တကယ်တော့ လက်ဖက်ရွက်ကို လူတိုင်း မရောင်းပေးနိုင်ပါဘူး။ အဘိုးအိုက  ဘာမှ မတွေးတော့ဘဲ ၁၀၀ကီလို ဝယ်တယ် ဆိုကတည်းက သူက ပုံမှန် အဆင့်အတန်းနဲ့ လူတစ်ယောက်တည်း မဟုတ်လောက်ဘူး။ သို့သော်လည်း အဘိုးအိုကို ဖော်လန်ဖားဖို့ အတွက် လက်ဖက်ရွက် အားလုံးကိုတော့ ယွမ်လော့ဖုန်းက မရောင်းပေးနိုင်ဘူး။ တခြား လူတွေအတွက် ချန်ထား ပေးရဦးမယ်လေ။
“၁ကီလို…။ မနည်းလွန်းဘူးလား”
အဘိုးအိုငယ်လေးက ယွမ်လော့ဖုန်းကို သနားစဖွယ် ကြည့်လာတယ်။
“ဒီလိုဆို ဘယ်လို သဘောရလဲ။ ၁ကီလိုနဲ့ ကီလို တစ်ဝက်လောက် ရောင်းပေးပါလား။ မင်းပြောတဲ့ ဈေးကို ပေးမယ်လေ။ အဆင်ပြေလား”
ယွမ်လော့ဖုန်းလည်း ခဏလောက် စဉ်းစား လိုက်ပြီးတော့ ခေါင်းညိတ် လိုက်တယ်။
“ကောင်းပြီလေ။ ဒါပေမဲ့ လေရနံ့ လက်ဖက်ရည် စံအိမ်တော်က သူတို့ရဲ့ ကျသင့်ငွေကို အရင်ဆုံး ပေးဖို့ လိုအပ်တယ်။ ယှဉ်ပြိုင်တဲ့ပွဲက လက်ဖက်ရွက် အများကြီးကို ဆုံးရှုံးစေတယ်။ ဘာကြောင့် လက်လွတ် အဆုံးရှုံး ခံရမလဲ”
သူမက လက်လွတ် ဆုံးရှုံးခံမည် မဟုတ်ပေ။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now