311+312+313+314+315

516 23 0
                                    

အပိုင်း(၃၁၁)

ယွမ်မျိုးနွယ်စု၏ ယွမ်ချင်ရာ (၁၀)

 
နန်းတွင်း ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးလေးက သူမလက်မောင်းကို ဆုပ်ကိုင်ထားတဲ့ အမျိုးသားလေးကို စိတ်မကောင်းဖြစ်စွာ ငေးကြည့်နေမိတယ်။ သူမ နှလုံးသားလေးက ဆုတ်ဖြဲခံရပြီး သွေးယို နေသကဲ့သို့ ခံစားရတယ်။ သူက သူ့မောင်းမဆောင်ကို ဖျက်သိမ်းတော့မယ် တဲ့လား။ အမျိုးသမီး တစ်ယောက်နဲ့ မောင်းမဆောင် တစ်ခုလုံးကို စွန့်လွှတ်တော့မယ်ပေါ့။ဒါဆို သူက သူမတို့ကို ဘယ်နေရာမှာ ထားမှာလဲ။
“အရှင်မင်းကြီး အရမ်းမူးနေပြီ။ အနားယူဖို့ ခေါ်သွားပေးမယ်”
“မလိုအပ်ဘူး”
ကွမ်ရှောင်ချိန်က နန်းတွင်းဝတ်စုံနဲ့ အမျိုးသမီးလေးကို ဖမ်းဆုပ်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
“ကိုယ် မမူးဘူး။ ကိုယ် သတိရှိနေတယ်။ ဖုန်းအာ  ကိုယ့်လို လူစားမျိုးက ဘယ်သူ့ကိုမှ ချစ်မိမှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ အစကတော့ မင်းကို အခွင့်ရေးယူပြီး အသုံးချချင်လို့ မင်းအကြောင်းကို သိချင်ခဲ့တယ်။ ဒါပေမဲ့ မင်းအကြောင်းကို ကိုယ် ပိုပိုပြီးတော့ သိလာလေလေ ကိုယ် မင်းကို နက်နက်ရှိုင်းရှိုင်း ချစ်လာခဲ့တယ်။ ကိုယ် ဒီလို ဖြစ်သွားမယ်လို့ ကိုယ် မမျှော်လင့်ခဲ့မိဘူး။ အခုအချိန်က စပြီးတော့ ကိုယ် မင်းကို ကတိပေးနိုင်ပါတယ်။ မင်းကလွဲပြီး တခြား အမျိုးသမီး တစ်ယောက်ကိုမှ မထိပါဘူး။ တောင်းပန်ပါတယ်နော်… ကိုယ့်ကို မထားခဲ့ပါနဲ့”
ဒီကနေ့ ယွမ်လော့ဖုန်းက သူ့ဇနီး ဖြစ်လာမယ်လို့ သူတွေးခဲ့မိတယ်။ ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်စုက စွမ်းအား ကြီးမားတဲ့ သခင်က ကျဆုံးသွားမယ်လို့ မမျှော်လင့် ထားခဲ့မိဘူး။ ယွမ်ချင်ရာက အသက်ရှင် နေသေးတယ်။ လုံယွမ်တိုင်းပြည်ကို တုန်လှုပ် ချောက်ချားစေခဲ့တဲ့ အမျိုးသားလေးက အသက်ရှင် နေသေးတယ်။ သူက အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပြီး  အမြင့်စား အမြင့်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့ပြီ။
ဒါကြောင့် သူ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်။
သူမပိုင်ဆိုင်တဲ့ အမျိုးသားလေးမှာ မိန်းကလေးဆိုလို့ သူမ တစ်ယောက်တည်း ရှိရမယ်လို့ သူမပြောခဲ့ဖူးတယ်။ ဒါကြောင့် အခုအချိန်မှာ သူမအတွက် သူ့မောင်းမဆောင်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်။ ဒါကြောင့် သူ့ကို သူမ အမျိုးသားလေး အဖြစ် ရွေးချယ်မှာပါ။
“အရှင်မင်းကြီး… ကျွန်မက…”
ကျွန်မက ယွမ်လော့ဖုန်း မဟုတ်ပါဘူး။
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးလေးမှာ စကားကို အဆုံးအထိ မပြောနိုင်ခင်မှာ သူမနှုတ်ခမ်းက အမျိုးသားလေးရဲ့ နှုတ်ခမ်းဖြင့်  ချိပ်ပိတ်ခြင်းကို ခံလိုက်ရတယ်။ သူ့လက်ကို မတင်ပြီး အမျိုးသမီးလေးရဲ့ အဝတ်အစားများကို ဆုတ်ဖြဲလိုက်တယ်။ အဝတ်အစားများကို ကြမ်းပြင်ပေါ် လွှင့်ပစ် လိုက်တော့တယ်။
“ဖုန်းအာလေး မင်း ကိုယ့်ဆီ လာတယ်။ မင်းအတွက် ကိုယ့်မောင်းမဆောင်ကို စွန့်လွှတ်နိုင်မယ် ဆိုရင် မင်း ကိုယ့်ဆီ ရောက်လာမယ် ဆိုတာ ကိုယ် သိနေတယ်”
နန်းတွင်းဝတ်စုံနဲ့ အမျိုးသမီးလေးက ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားရှာတယ်။ သူမ မျက်ဝန်းများက အလွန်နူးညံ့သော မျက်ဝန်းတစ်စုံကိုသာ မြင်နေမိတယ်။ ထိုမျက်ဝန်းများမှာ သူမ ကျရှုံးနေမိတယ်။ နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးလေးက သူမမျက်ဝန်းကို ပိတ်လိုက်ပြီး ကွမ်ရှောင်ချိန်ရဲ့ ရင်ခွင်ထဲမှာ နာခံစွာ လဲလျောင်းနေတယ်။ သူမခန္ဓာကိုယ် တစ်ကိုယ်လုံးကို အနမ်းမိုးများ ခြွေခွင့်ပေးကာ အချစ် အမှတ်အသားများ ကျန်ရှိစေတယ်။
သူက သူမကို နူးညံ့သော ညတစ်ည ပေးနိုင်သရွေ့ သူမကို တခြားတစ်ယောက်နဲ့ အထင်မှားလည်း သူမ အတွက်တော့ ကိစ္စမရှိပါဘူး။ သူမကိုယ် သူမ မထိန်းချုပ် နိုင်လောက်တဲ့ အထိ သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့မိတာကြောင့်….။
နောက်တစ်နေ့…
ခမ်နားထည်ဝါသော နဂါးသလွန်ပေါ်မှာ ကွမ်ရှောင်ချိန်လည်း သူ့မျက်ဝန်းများကို ကြိုးစား အားယူဖွင့်လိုက်တယ်။ သူ့နားထင်ကို ပွတ်သပ်လိုက်ပြီး သူ့မျက်ဝန်းတစ်စုံက ဒွဟ ဖြစ်နေသော ပုံစံကို ဖော်ပြနေလေရဲ့။ သူမှတ်မိတာဆိုလို့ မနေ့ညက စာကြည့်ဆောင် အတွင်းမှာ တစ်ယောက်တည်း အရက် သောက်နေခဲ့တယ်။ သူ့မျက်လုံးထဲမှာ ယွမ်လော့ဖုန်း ရောက်လာတာကို တွေ့လိုက်တယ်။ သူတို့နှစ်ယောက် ကြမ်းပြင်ပေါ် လဲလျောင်းပြီး အရူးအမူး ချစ်ခဲ့တယ်။
ဒါပေမဲ့ ဘာကြောင့် နဂါးသလွန်ပေါ် လဲလျောင်း နေရတာလဲ။ ဟုတ်ပြီ… ယွမ်လော့ဖုန်းလေး…။ အတွေးနယ်ချဲ့ရာမှ အသိပြန်ဝင်လာချိန်… ကွမ်ရှောင်ချိန်လည်း သူ့ဘေးနားက မိန်းကလေးကို အလျင်အမြန် လှည့်ကြည့်လိုက်တယ်။ ရင်းနှီးတဲ့ မျက်နှာကို မြင်လိုက်ရတဲ့ အချိန်မှာ သူလုံးဝကို တံအံ့တသြ ဖြစ်သွားရတယ်။
“အရှင်မင်းကြီး”
အမျိုးသမီးလေးက  အိပ်ရာပေါ်မှ ထထိုင်ကာ အိပ်ငိုက်နေသော သူမမျက်လုံးကို ပွတ်သပ်ရင်း ပြောလိုက်တယ်။
“ဘာဖြစ်လို့လဲ”
သူမအသံ လွင့်ပါး ပျောက်ကွယ် မသွားခင်မှာ ကြီးမားသော လက်တစ်စုံက ရုတ်တရက် သူမ လည်ပင်းကို ဆုပ်ကိုင်လာတယ်။ သူမလည်း  ရက်စက် ကြမ်းကြုတ်သော မျက်နှာကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။
“မြေခွေးမ… ဘာကြောင့် မင်း ဖြစ်နေရတာလဲ။ မနေ့ညက ငါ တွေ့လိုက်တဲ့ မိန်းကလေးက ယွမ်လော့ဖုန်း…။ ဘာကြောင့် ဒီကောင်မ အဖြစ် ပြောင်းလဲ သွားရတာလဲ”
“အရှင်မင်းကြီး… အဟမ်း”
သူက လည်ပင်း ညှစ်ထားတာကြောင့် အမျိုးသမီးမလေးမှာ စကားမပြောနိုင်ပေ။ သူမက အဆက်မပြတ် ချောင်းဆိုးနေကာ မျက်လုံးထောင့်မှ မျက်ရည်များ အဆတ်မပြတ် ရွာသွန်းနေတယ်။ သူမ ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ကွမ်ရှောင်ချိန်ကို အသနားခံစွာ ကြည့်နေရုံသာ တတ်နိုင်တော့တယ်။
ဘန်း
ကွမ်ရှောင်ချိန်က အမျိုးသမီးလေးကို အောက်ဘက်သို့ ကန်ထုတ်လိုက်ပြီး ဒေါသတကြီး အော်တော့တယ်။
“မြေခွေးမ… မနေ့ညက မင်းကို ဘယ်သူက ငါ့စာကြည့်ဆောင်ထဲ ဝင်ခွင့်ပြုလိုက်တာလဲ”
အမျိုးသမီးလေးရဲ့ ခန္ဓာကိုယ်က နံရံနဲ့ ပြေးဆောင့်ပြီး ဖြည်းဖြည်းချင်း ပြုတ်ကျလာခဲ့တယ်။ သူမ နှုတ်ခမ်းထောင့်မှ သွေးများ တသွင်သွင် စီးဆင်းနေပြီး လှပသော မျက်ဝန်းများက စိတ်နှလုံး ကြေကွဲမှုများဖြင့် ပြည့်နှက်နေတယ်။
“အရှင်မင်းကြီးကို ကျွန်တော်မျိုးမက စိုးရိမ်မိသွားလို့ပါ”
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now