296+297+298+299+300

569 25 0
                                    

အပိုင်း(၂၉၆)

ကျွန်မ ... ရှင့်ကို ယုံကြည်တယ်

ယွမ်ရှောင်၏ မျက်ဝန်းနက်များက ယွမ်လော့ဖုန်းကို မျက်တောင်မခတ် ကြည့်နေခဲ့တယ်။
"ကိုယ်... မင်းကို လာတွေ့တဲ့အချိန်က မင်းကို စကားတစ်ခွန်း ပြောဖူးပါတယ်။ မင်းအနားမှာ နေရတာ ကိုယ့်ကို အဆင်ပြေတယ်လို့ ခံစားရစေတယ်လို့။ ဒီကိစ္စနဲ့ ပတ်သက်ရင်း ကိုယ် မင်းကို ဘယ်တော့မှ မလိမ်ညာပါဘူး။ ကိုယ် မင်းဘေးနားမှာ ရှိနေရရင် ကိုယ့်ခန္ဓာကိုယ် တစ်ကိုယ်လုံး အဆင်ပြေတယ်လို့ ခံစားရတယ်"
သူ ... ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် ကျင့်စဉ်ကို ကျင့်ကြံတဲ့ အချိန်တိုင်း  သူ့စိတ်ဝိညာဉ်မှ ဆုတ်ဖြဲခံရသော နာကျင်မှုများ မကြာခဏ ဖြစ်ပေါ် လာရတယ်။ သို့သော်လည်း သူ ... ယွမ်လော့ဖုန်း ဘေးနားမှာ ရပ်နေရသ၍  သူ့ခန္ဓာကိုယ်နှင့် သူ့စိတ်ဝိညာဉ်ကို နွေးထွေးသော စွမ်းအားများက လွှမ်းခြုံပေးထားသလို ခံစားရစေတယ်။ နှိုင်းယှဉ်လို့ မရနိုင်အောင် စိတ်အေး ချမ်းသာစေတယ်။
ယွမ်လော့ဖုန်းလည်း သူမ မျက်ခုံးကို တွန့်ကွေးလိုက်တယ်။
"ကျွန်မမှာ ဒီလို အရည်အချင်းမျိုး ရှိနေမယ်လို့ မသိခဲ့ဘူး"
ထိုနေ့က ဒီစကားကို ယွမ်ရှောင်က တကယ့်ကို ပြောခဲ့တာပေါ့။ ဒါပေမဲ့ သူမက ဒီစကားကို အလေးအနက် မထားခဲ့ဘူး။ ရှောင်မိုက သူ့စကားအဓိပ္ပာယ်ကို နားလည်ကောင်း နားလည် နိုင်ပါတယ်။ ဒါပေမဲ့ သူမကို အသိမပေးခဲ့ဘူး။
"ယွမ်ရှောင်... ဒါက ... ရှင်... ကျွန်မကို လာရှာရတဲ့ အကြောင်းအရင်းလား"
ယွမ်ရှောင်လည်း ရိုးသားစွာ ခေါင်းညိတ်တယ်။
"ဒါက အရင်က အကြောင်းပြချက်ပါ"
"အခုတော့ ဘာဖြစ်သွားပြီလဲ"
"အခုတော့..."
သူလည်း စကားဆက် မပြောခင်မှာ ခဏ ရပ်တန့်လိုက်တယ်။
"ကိုယ်က မင်းကို တာဝန်ယူပေးချင်လို့ပါ…"
မင်းက ကိုယ့်ကို တာဝန်ယူချင်တဲ့ဆန္ဒ မရှိဘူး ဆိုကတည်းက ကိုယ်က သေချာပေါက် မင်းကို တာဝန်ယူ ပေးရတာပေါ့။ ဒီ တစ်သက်... မင်းလေး... ကိုယ့်အချစ်က ဘယ်တော့မှ မလွတ်မြောက် စေရဘူး။
အမျိုးသားလေးရဲ့ အသံမှာ ဆုံးဖြတ်ချက်နှင့် ရိုးသားမှုများ ပါဝင်နေတာကြောင့် ယွမ်လော့ဖုန်းရဲ့ နှလုံးသားကို လှုပ်ခတ်စေတယ်။ သူမရဲ့ မျက်ဝန်းနက်များဖြင့် သူမရှေ့နားမှာ ရပ်နေတဲ့ အမျိုးသားလေးကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
"ယွမ်ရှောင်... နောင်ဆို ... ရှင် ဘယ်နေရာမှာ ရှိနေရှိနေ... ရှင် ... ကောင်းကင်ဘုံနှင့် စိတ်ဝိညာဉ် ကျင့်စဉ်ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားတဲ့ အချိန်တိုင်း ယွမ်အိမ်တော်မှာ ကျွန်မကို လာရှာလှည့်ပါ"
ယွမ်ရှောင်က... ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်ခဲ့ပါဘူး။ သူလည်း မသိမသာ မျက်မှောင်ကြုတ် လိုက်ပြီး
"ကိုယ်... ဒီနေရာက မထွက်သွားပါဘူး။ ကိုယ့်အိမ်ဆိုတာက မင်းရှိနေတဲ့ နေရာ တစ်ခုတည်းပဲ"
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
"ယွမ်ရှောင်... ရှင်... တစ်သက်လုံး ကျွန်မ ဘေးနားမှာ နေပြီး အခုလို နောက်ကို လိုက်နေဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ရှင့်အလုပ်ကိစ္စကို လုပ်ကိုင်ဖို့အတွက် သေချာပေါက် ကျွန်မ ဘေးနားက ယာယီ ထွက်သွားရမှာပါ။ ဒါပေမဲ့ ရှင် ဘာအကြောင်းပြချက် ထွက်သွား ထွက်သွား အတားအဆီးကို ဖြတ်ကျော်တဲ့ အချိန်တိုင်း ကျွန်မ ဘေးနားကို ပြန်လာခဲ့ရမယ်။ ကျွန်မက ရှင့်ရဲ့ စိတ်ဖောက်ပြန်နေတဲ့ အခြေအနေကို ကုသပေး နိုင်ပါတယ်"
ဒီတစ်သက်လုံးမှာ ယွမ်ရှောင်ကဲ့သို့ ရိုးသားဖြူစင်တဲ့ အမျိုးသားလေးကို တွေ့ဖို့ဆိုတာ ခဲယဉ်းတယ်လေ။ ဘာကြောင့် ဒီလို ကောင်လေးမျိုးကို သူမက ဘာကြောင့် မချစ်ခင်ရမလဲ။
ယွမ်ရှောင်... သူ့ကိုယ်သူ ဆက်ပြီး ထိခိုက်အောင် ပြုလုပ်တာကို တားဆီးနိုင်ဖို့ သူမက သူနဲ့အတူ တူစုံတွဲ ကျင့်စဉ်ကို ကျင့်ကြံဖို့ ဆန္ဒရှိပါတယ်။
"ဟုတ်ပါပြီ"
ယွမ်ရှောင်ရဲ့ မျက်ဝန်းများက ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။
"ကျွန်မ... ရှင့်ကို ယုံကြည်ပါတယ်"
သူမပြောတဲ့ စကားတိုင်းကို သူက သံသယမရှိ ယုံကြည်ပါတယ်။
သူမက သူ့ကို အဆိပ်ခွက် တိုက်မယ် ဆိုရင်တောင်... သူမက အဆိပ် မဟုတ်ပါဘူးလို့ ပြောသ၍  သူ ဘာမှ တွေးတော မနေတော့ဘဲ သောက်မှာပါ။
"ယွမ်ရှောင်... ရှင် ... ကျွန်မကို လှည့်ဖြားခဲ့မယ် ဆိုလည်း ကျွန်မက ဒီကိစ္စကို ဒေါသထွက်မှာ မဟုတ်ပါဘူး"
ယွမ်လော့ဖုန်းလည်း သူမ မျက်ဝန်းကို မှေးစဉ်းလိုက်တယ်။
"ရှင်... ကျွန်မကို... ဖုံးကွယ်ထားတာ ရှိသေးရင်  ရှင်... ကျွန်မကို ပြောနိုင်ပါတယ်"
ဒီစကားကို ကြားတော့ ယွမ်ရှောင်က တည်ငြိမ် သွားပြီး အချိန် အကြာကြီး နေမှသာ ပြန်ပြောလာခဲ့တယ်။
"တကယ်တော့ ကိုယ်က မိဘမဲ့တစ်ယောက် မဟုတ်ပါဘူး။ ကိုယ့်မိဘတွေ အသက်ရှင် နေပါသေးတယ်။ ကိုယ် ငယ်ငယ်တည်းက အိမ်က ထွက်လာခဲ့တာပါ"
ယွမ်လော့ဖုန်း၏ မျက်နှာ အမူအရာက တည်ကြည် လေးနက်သွားတယ်။
"ဆက်ပြောပါ"
"ကိုယ် ငယ်ငယ်က အမှိုက်လို လူစားမျိုး ဖြစ်ခဲ့တယ်... စိတ်စွမ်းအား မကျင့်ကြံနိုင်ခဲ့ဘူး။ အသက်၇နှစ်မှာ ကိုယ့်ကို အိမ်က မောင်းထုတ်ခဲ့တယ်။ ရှောင်ဆိုတဲ့ မျိုးရိုးနာမည်ကို အသုံးပြုခွင့် တားမြစ်ခဲ့ပြီး  မျိုးရိုးမှ ဖယ်ထုတ်ခဲ့တာ။ ရှောင်ဆိုတဲ့ နာမည်က ကိုယ် ထွက်မသွားခင်မှာ ကိုယ့်အမေ ပေးခဲ့တဲ့ နာမည်ပါ"
အမျိုးသားလေးရဲ့ စကားကို ကြားရတော့  ယွမ်လော့ဖုန်း နှလုံးသားထဲမှာ တင်းကျပ်သော ခံစားမှု ဖြစ်ပေါ် လာရတယ်။ သူမ... ယွမ်ရှောင်ကို နာမည်မေးတုန်းက သူ့မှာ ရှောင်ဆိုတဲ့ နာမည်ပဲ ရှိပြီး မျိုးရိုး နာမည် မရှိဘူးလို့ ပြောတာ အံ့သြစရာ မရှိတော့ပါဘူး။
ပြောရမယ်ဆိုရင် သူ့မှာ မမျှော်လင့်ထားတဲ့ အတိတ် ရှိနေခဲ့တာပဲ။
"ယွမ်ရှောင်... ရှင် ဘာကြောင့် ပြန်လမ်းမဲ့ သစ်တော့မှာ ပိတ်မိခဲ့ရတာလဲ။ ဘယ်သူက ရှင့်ကို ဒီနေရာမှာ ပစ်ထားခဲ့တာလဲ"
"ကိုယ့်အဖေရဲ့ မိန်းမ ပစ်ထားခဲ့တာ"
ယွမ်ရှောင်၏ အကြည့်က ပိုပြီးတော့ နှလုံးသားမဲ့တဲ့အဖြစ်သို့ ပြောင်းလဲသွားတယ်။
"ကိုယ့်အမေက နှိမ်ချစွာ နေထိုင်ရပြီး မျိုးရိုး နိမ့်တယ်။ ဒါပေမဲ့ သူမမှာ ထူးချွန်တဲ့ အထုံပါရမီ ရှိတယ်။ ဒါကြောင့် အဖေက အမေကို ချစ်ခင်တယ်။ သူတို့နှစ်ယောက် မွေးတဲ့ ကလေးက ပါရမီရှင် ဖြစ်ရမယ်လို့ လက်ခံ ယုံကြည်ထားတယ်။ သို့သော်လည်း ကိုယ်က ဒီအစား အမှိုက်ဖြစ်နေမယ်လို့ ဘယ်သူမှ မထင်ထားခံမိဘူး"
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now