216+217+218+219+220

727 42 0
                                    

အပိုင်း(၂၁၆)

လောကကြီးထဲကို ကပ်ဘေး သယ်ဆောင်လာသော မြေခွေးမ

 
ဧကရာဇ်က ပိုင်လင်းကိုသာ မကြိုက်နှစ်သက်ခဲ့လျှင် လွန်ခဲ့သော ၁ဝနှစ်က တိုင်းပြည်နှစ်ခု စစ်မက် ဖြစ်ပွားမည် မဟုတ်ပေ။ ဒါကြောင့် ဒီမိန်းမက လောကကြီးထဲကို ကပ်ဘေး သယ်ဆောင်လာတဲ့ မြေခွေးမ တစ်ယောက်ပဲ။ စစ်ပွဲမှာ သေဆုံးရသူနှင့် ဒဏ်ရာ ရရှိသူများက သူမကြောင့် ဖြစ်ရတာလေ။
သူမသမီးက သူ့အမေ မကောင်းမှုအတွက် ပြန်လည် ပေးဆပ်သင့်တယ်။ ပိုင်လင် သေဆုံးခြင်းအတွက် လက်စားချေဖို့ အခွင့် မရှိဘူး။
အရှင်မင်းကြီးက ဘာအမှားမှ မပြုလုပ်ခဲ့ဘူး။ အပြစ်တင်သင့်တဲ့လူက ပိုင်လင်း တစ်ယောက်တည်း ဖြစ်တယ်။ အရှင်မင်းကြီးက သူမကို နှစ်သက်လာဖို့ ဖြားယောင်း သွေးဆောင်ခဲ့တယ်။ သူမသာ အရှင်မင်းကြီး ကြင်ရာတော် ဖြစ်သွားခဲ့ရင်တော့ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှု အများပြား ဖြစ်လာနိုင်တယ်။
စစ်ပွဲမှာ သူတို့ ချစ်နှစ်သက်ရသော သူများကို ဆုံးရှုံးခဲ့ရသော ဒီလူများက ယွမ်လော့ဖုန်းကို အရမ်း ဒေါသထွက်နေပြီး သူတို့ချစ်ရသော လူများအတွက် လက်စားချေချင် နေကြတယ်။
“လောကကြီးထဲကို ကပ်ဘေး သယ်ဆောင်လာတဲ့ မြေခွေးမတဲ့လား”
ရုတ်တရက် တခစ်ခစ် ရယ်မောသံက သူတို့နောက်ဘက်မှ ထွက်ပေါ်လာခဲ့တယ်။
လူအုပ်စုက သူတို့အားလုံး နောက်ဘက်မှ ပေါ်လာတဲ့ ယွမ်လော့ဖုန်းကို ကြည့်ဖို့ နောက်သို့ လှည့်လိုက်ကြတယ်။
သူမက နှင်းကဲ့သို့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမမျက်နှာပေါ်မှာ မထီမဲ့မြင် အပြုံးတစ်ခုကို ဆင်မြန်းထားတယ်။ အေးတိအေးစက် အလင်းရောင်က သူမရဲ့ မျက်ဝန်းမှာ ဖြာဆင်းနေတယ်။ လော့ဖုန်းစံအိမ်တော်ကို ဝိုင်းရံထားတဲ့ ထားသော လူအုပ်စုကို ခံစားချက်မဲ့သော မျက်ဝန်းနက်များဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။
“ယွမ်လော့ဖုန်း…. နင် နောက်ဆုံးတော့ ထွက်လာပြီပေါ့။ နင်က ပင်လယ်လိပ်ကဲ့သို့ အခွံထဲမှာ ခေါင်းဝှက်ထားမယ်လို့ ထင်နေတာ”
လူအုပ်စုထဲမှ တစ်စုံတစ်ယောက်က လှောင်ပြောင် သရော်တယ်။
ယွမ်လော့ဖုန်းလည်း ပြောနေတဲ့ လူဘက်သို့ မျက်လုံးလှည့်လိုက်ပြီး မျက်ခုံးကို အနည်းငယ် မြင့်တက်လိုက်တယ်။
“ရှင်က ကျွန်မအမေကို လောကကြီးထဲ ကပ်ဘေး သယ်ဆောင်လာတဲ့ မြေခွေးမလို့ ပြောချင်နေတာလား”
“ဟုတ်တယ်လေ။ နင့်အမေက ဒီလို အတန်းစားလေ။ သူမကြောင့်သာ မဟုတ်ရင် စစ်ပွဲမှာ လူအများကြီး သေဆုံးရမှာ မဟုတ်ဘူး”
ယွမ်လော့ဖုန်းလည်း ဟားတိုက် ရယ်မောလိုက်တယ်။ သူမမျက်ဝန်းက လူသတ်ချင်သော အငွေ့သက်များ ဖုံးလွှမ်းနေတယ်။ လူအုပ်စု အတွင်းမှ ရဲတင်းစွာ ပြောဆိုနေသော လူအနားသို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့တယ်။
“ကျွန်မ သိတာတော့ တိုင်းပြည်နှစ်ခုကြားမှာ စစ်ပွဲ ဖြစ်ရတာက ရဲ့သုန်း၏ ရိုင်းပျမှုကြောင့် ဖြစ်ရတာလေ။ ဒါပေမဲ့ အခုမှ ပိုင်လင်းကို ဘာကြောင့် အပြစ်တင် နေရတာလဲ”
“ဟွန့်… တိုင်းပြည်၏ ဘုရင်တစ်ပါး အနေနဲ့ အရှင်မင်းကြီးက မမှားနိုင်ဘူး။ ပိုင်လင်း ကြောင့်သာ မဟုတ်ရင် သူက စစ်ပွဲကို စတင်ခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့် ပိုင်လင်းသမီး ဖြစ်တဲ့မင်းက စစ်ပွဲမှာ သေဆုံးခဲ့ရတဲ့ သူရဲကောင်းများ အတွက် ဒူးထောက် တောင်းပန်သင့်တယ်”
ဒီ တိုင်းပြည်ထောင်စုများမှာ အမျိုးသမီးများက သိုင်းပညာကို လေ့လာ နိုင်သော်လည်း  အာဏာကို ယောက်ျားလေးများက ချုပ်ကိုင်ထားတယ်။ ယောက်ျား တစ်ယောက်က အာဏာ ရှိနေခဲ့ရင်တော့ သူတို့အမှားကို ဝန်ခံဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီလေ။ စစ်ပွဲက အမျိုးသား တစ်ယောက်၏ ရိုင်းပျမှုကြောင့် ဖြစ်ခဲ့တယ်ဆိုလည်း သူတို့အားလုံးက အမျိုးသမီးကိုသာ အပြစ်တင်နေမည် ဖြစ်တယ်။
ယွမ်လော့ဖုန်း အတွက်တော့ ရယ်စရာကောင်းတဲ့ ဟာသ တစ်ခုပါပဲ။ ဒီမျိုးချစ် အမျိုးကန်း အမျိုးသားက တခြားလူ တစ်ယောက်ကို အပြစ်ပုံချနေတယ်။
“ရဲ့သုန်းက မိုက်မဲပြီး ရိုင်းပျတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက် တစ်ခုအတွက်နဲ့ လုံယွမ်တိုင်းပြည်ကို ဆန့်ကျင်ပြီးတော့ စစ်ပွဲကို စတင်ခဲ့တယ်။ ကျွန်မအမေက အမှားပြုလုပ်တဲ့လူလို့ ရှင်က ထင်နေရတာလဲ။ ကျွန်မအမေက ဘာအမှား ကျူးလွန်ခဲ့လို့လဲ။ သူမကို မင်းဆိုးမင်းညစ်က နှိပ်စက်ညှဉ်းပန်းခဲ့ပြီး စစ်ပွဲမှာ အသတ်ခံခဲ့ရတယ်။ ကျွန်မ အမေအတွက် လက်စားချေပေးတာ ကျွန်မ ဘာမှားခဲ့လို့လဲ”
“လူ ဘယ်နှယောက်ပဲ သေသေ ကျွန်မနဲ့ ဘာမှ မသက်ဆိုင်ဘူး။ စစ်ပွဲမှာ လူအများပြား ထိခိုက် ဒဏ်ရာ ရပြီး သေဆုံးခဲ့ရတယ် ဆိုတာ မှန်ပါတယ်။ အဲ့တော့ ကျွန်မနဲ့ ဘာသက်ဆိုင်လို့လဲ။ ရှင်တို့တိုင်းပြည်က လူ ဘယ်နှယောက် သေသေ ကျွန်မက ဂရုမစိုက်ဘူး။ ကျွန်မ မိဘတွေကို သတ်တဲ့လူတွေကို သူတို့ မကောင်းမှုအတွက် ငရဲပြည်ကို ပို့ပေးရမယ်”
သူမမျက်နှာမှာ အာခံသော ဘာကိုမှ ဂရုမစိုက်သော အမူအရာ ပေါ်လွင်နေတယ်။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံလေက လေပြင်းထဲမှာ တလွင့်လွင့် ဖြစ်နေတယ်။ သူမက ရန်မူသော၊ အပေါ်စီးဆန်သော အမူအရာ ပုံစံရှိတယ်။
“ရှင်တို့တွေ သူမကို ဒီလိုမျိုး ထပ်ပြောရဲရင်တော့ လော့ဖုန်းစံအိမ်တော် အပေါက်ဝကို ဆေးကြောဖို့ ရှင်တို့သွေးကို အသုံးပြုဖို့ ဝန်လေးမှာ မဟုတ်ဘူး”
သူမ မိဘတွေကို စော်ကားမော်ကား ပြောဆိုဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမည် မဟုတ်ပေ။
“ဟား... ဟား… ဟား…။ ရယ်ဖို့ကောင်းလိုက်တာ။ မင်းက တကယ်ကို ရယ်ဖို့ ကောင်းလိုက်တာ။ ယွမ်လော့ဖုန်း… ငါတို့က မင်းပြစ်မှုကို  လူသိရှင်ကြား ထုတ်ဖော်ဖို့အတွက် ရောက်လာခဲ့တဲ့ သာမန် ပြည်သူတွေ ဖြစ်တယ်။ မင်းကိုယ်မင်း လှောင်ပြောင်စရာ လူတစ်ယောက် ဖြစ်အောင် ပြုလုပ်မိမှာ မကြောက်ဘူးလား”
ဒါကြောင့်လည်း သူတို့အားလုံးက လော့ဖုန်းစံအိမ်တော်ကို ဝိုင်းရံပြီး ယွမ်လော့ဖုန်းကို ရန်စရဲတာပေါ့။ ဘာပဲဖြစ်ဖြစ် ယွမ်လော့ဖုန်းက စစ်သူကြီး မိသားစုက မွေးဖွားလာခဲ့ပြီး သူမက ကမ္ဘာမြေကြီး အနိမ့်ဆင့် စိတ်စွမ်းအား ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပြီလေ။ သူမက သာမန်လူ တစ်စုလုံးကို တကယ် သတ်မယ်တဲ့လား။ သူမ ဒီလိုပြုလုပ်ရင်တော့ တစ်လောကလုံးက သူမကို လှောင်ရယ်တော့မှာပေါ့။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now