စာစဉ်(၁၀) 226+227+228+229+230

680 33 0
                                    

အပိုင်း(၂၂၆)

အိမ်ရှေ့စံမင်းသားနှင့် တွေ့ဆုံရန် ဝါးစံအိမ်တော်သို့ သွားရောက်ခြင်း(၂)

ယွမ်ရှောင်ရဲ့ ခံစားချက်မဲ့သော မျက်ဝန်းက နောက်ဘက်မှာ ရပ်နေသော မုဝူစွမ်းကို ကြည့်လိုက်ပြီးတော့ ခံစားချက်မဲ့စွာ စကားဆိုလိုက်တယ်။
“အိမ်ရှေ့စံမင်းသားက သူ့ကိုယ်သူ ဝါးစံအိမ်တော်မှာ ရောင်းစားခဲ့ပြီး ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေတဲ့လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝါးစံအိမ်တော်မှာ ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့တယ်။ ဒီသတင်းကို လူအများကြီး သိနေခဲ့ပါတယ်”
ဘန်း…။
ယွမ်ရှောင် ပြောလိုက်တဲ့ စကားက လူစုလူဝေး ကြားထဲမှာ မိုးကြိုးပစ် သွားသလို ဖြစ်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်စေတယ်။
အိမ်ရှေ့စံမင်းသားက တကယ်ပဲ ဝါးစံအိမ်တော်မှာ သူ့ကိုယ်သူ ရောင်းစား ပြီးတော့  ပြည့်တန်ဆာ လုပ်နေခဲ့တာလား။ အဲဒီနေရာက ဘယ်လို နေရာမျိုးပါလဲ။ ဒီနေရာက ယောက်ျား အများစု ရာဂစိတ်ကို ဖြေဖျောက်ဖို့ သွားတဲ့နေရာ ဖြစ်နေတယ်လေ။ ဒီလိုနေရာမျိုးမှာ အိမ်ရှေ့စံ မင်းသားက သူ့ကိုယ်သူ ရောင်းစားတယ် ဆိုတော့ အကျင့်စာရိတ္တ ပျက်ပြား နေပြီပေါ့။
“မဖြစ်နိုင်ဘူး.. ကျွန်မ… ရှင်ပြောတဲ့ စကားကို လုံးဝ မယုံကြည်ဘူး။ ဘယ်တော့မှ အိမ်ရှေ့စံ မင်းသားက သူ့ကိုယ်သူ ဝါးစံအိမ်တော်မှာ ရောင်းစားမှာ မဟုတ်ဘူး”
မုဝူစွမ်းရဲ့ ခန္ဓာကိုယ်က တုန်ရီနေပြီး ယွမ်ရှောင်လက်ကို ဆွဲကိုင်ဖို့ ရည်ရွယ်ပြီး ဒေါသတကြီး လျှောက်လှမ်း လာတယ်။
သို့သော်လည်း သူမလက်က ယွမ်ရှောင်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ မရောက်ခင်မှာ ပြင်းထန်သော စွမ်းအားတစ်ခုက ဝုန်းခနဲ မြည်ဟည်း ပေါက်ကွဲလာပြီး မုဝူစွမ်းရဲ့ ခန္ဓာကိုယ်က အရှိန်ပြင်းပြင်းဖြင့် အဝေးသို့ လွင့်စဉ် သွားခဲ့တယ်။ မုဝူစွမ်း၏ သနားစရာကောင်းတဲ့ ခန္ဓာကိုယ်လေးက မြေပြင်ပေါ်သို့ လဲလျောင်းသွားပြီး လတ်ဆတ်သော သွေးများ မရပ်မနား ပျို့အန်ထွက် လာခဲ့တယ်။ သူမရဲ့ မျက်နှာ အမူအရာလေးက  ဖြူဖျော့နေပြီး ယွမ်လော့ဖုန်းနှင့် ယွမ်ရှောင်ကို ဒေါသထွက်နေသော အကြည့်ဖြင့် စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။
အိမ်ရှေ့စံမင်းသားက ဒီလိုနေရာမျိုးကို သွားမယ်လို့ သူမ မယုံကြည်နိုင်ဘူး။
လက်ရှိအချိန်မှာ လူအားလုံးက ဒီသတင်းကြောင့် အံ့သြမှင်တက် နေဆဲပါ။ နာမည် ကျော်ကြားတဲ့ ပါရမီရှင် မုဝူစွမ်းကို သက်တော်စောင့် တစ်ယောက်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့တာကို သတိမထားမိပါဘူး။ အရေးကြီးဆုံး အချက်က  မုဝူစွမ်း တစ်ယောက်… ယွမ်ရှောင်ရဲ့ အင်္ကျီစကိုတောင် မထိနိုင်ခဲ့ပေ။
“အိမ်ရှေ့စံမင်းသားကို သွားကြည့်ဖို့ ဝါးစံအိမ်တော်ကို သွားကြတာပေါ့လေ”
လူအုပ်အတွင်းမှာ ဘယ်သူက စပြီးတော့ ပြောလိုက်မှန်းတော့ မသိဘူး လူတိုင်းက ချက်ချင်း ထွက်ခွာ သွားပြီးတော့ မြေပြင်ပေါ်မှာ လဲလျောင်းနေသော မုဝူစွမ်းကို တစ်ယောက်တည်း ချန်ထားခဲ့တယ်။
ဝါးစံအိမ်တော်က တိုင်းပြည်ပေါင်းစုံမှာ လူသိများတဲ့ အပျော်စံအိမ်တော် တစ်ခုပဲလေ။ တိုင်းပြည်တိုင်းမှာ ဝါးစံအိမ်တော်ခွဲများ ရှိတယ်။ လုံယွမ်တိုင်းပြည်မှာ ရှိတဲ့ တစ်ခုက  တော်ဝင်မြို့တော် အဝေးမှာ တည်ရှိတယ်။
ဝါးစံအိမ်တော် သီးသန့် အခန်းအတွင်းမှာ  လူတစ်ယောက်ရဲ့ နှလုံးခုန်သံကို မြန်စေတဲ့ ညည်းတွားသံကို ကြားနေရတယ်။ ထိုအသံက အပြင်ဘက်မှ ကြားရသူ အပေါင်းကို မျက်နှာ နီရဲစေတယ်။ တစ်ခါတစ်ရံ ဒီအသံ တိုးသွားလိုက်၊ ကျယ်သွားလိုက်နဲ့ပေါ့။ ဒါပေမဲ့ ဒီအသံက အမျိုးသား နှစ်ယောက်ရဲ့ အသံဆိုတာ ခန့်မှန်းလို့ ရပါတယ်။
“ဟား… ဟား… တကယ်ပဲ လုံယွမ် တိုင်းပြည်က အိမ်ရှေ့စံ မင်းသားရဲ့ အရသာက တကယ်ကို ခြားနားတာပါလား။ သေးသွယ်ပြီး နူးညံ့တဲ့ အသားစိုင်လေးက  မေ့ပျောက်ဖို့ ခဲယဉ်းလိုက်တာနော်…။ ဟား…ဟား …”
အခန်းအတွင်းမှာ ကြမ်းတမ်းတဲ့ အမျိုးသားလေးက ကျေနပ်မှု အပြည့်ဖြင့် ရယ်မောနေတယ်။ ကြမ်းကြမ်း တမ်းတမ်းနဲ့ ကွမ်လန်ရဲ့ မေးဖျားကို ဆွဲကိုင်လိုက်ပြီး မှေးကျဉ်းတဲ့ သူ့မျက်ဝန်းက အေးတိအေးစက် တဖျတ်ဖျတ် လက်နေတယ်။
“နှမြောစရာ ကောင်းတာက မင်းက ဧည့်သည်တွေ အများကြီးကို လက်ခံခဲ့ပြီးပြီ။ မဟုတ်ရင်တော့ ငါက မင်းကို ရွေးပေးဖို့ တွေးမိမှာပါ”
ကွမ်လန်လည်း လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးတော့  မျက်ဝန်းကို အောက်သို့ ငိုက်စင်းလိုက်တယ်။ ဒီမှာ တစ်လကျော်လောက် နေပြီးကတည်းက သူ့ဒေါသကို ဘယ်လို ဖြေသိမ့်ရမလဲ ဆိုတာ လေ့လာ သင်ယူနိုင်ခဲ့ပြီလေ။ သူ အနည်းငယ်မျှ ပြန်လည် ဆန့်ကျင်ဖို့ ကြိုးစားခဲ့ရင် သူ့အတွက် စောင့်မျှော်နေတာက အုပ်စုလိုက် ရိုက်နှက်ခြင်းပဲ။ သူ့အတွက်တော့ နေ့အချိန် ရောက်လာခဲ့ရင်တော့ အနားယူလို့ ရနိုင်တယ်။ ညအချိန် ရောက်လာသည့်နှင့် အိပ်မက်ဆိုးများက စတင်လာခဲ့တယ်။
လရောင်လွှမ်းသည့် အချိန်ရောက်လျှင် ချွန်နန်းက များစွာသော စိတ်ဝိညာဉ် သားရဲကောင်များကို သူ့အခန်းထဲကို ပို့ပေးတာကို သူ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘူး။ ဒီအတွေ့အကြုံက ပြင်းထန်တဲ့ ညှဉ်းပန်း နှိပ်စက်မှုပါပဲ။ ဒီငရဲတွင်းက လွတ်မြောက်ခဲ့ရင် တောင်မှ ကာယိယ ထိခိုက်မှုကို ဖျောက်ဖျက်လို့ ရနိုင်မည် မဟုတ်ပေ။
“အိမ်ရှေ့စံ မင်းသားလေး… ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းတာလေးတွေ ကစား ကြည့်ရအောင်လေ…။ စမ်းသပ် ကြည့်သင့်တယ် မလား”
ရိုင်းစိုင်းတဲ့ အမျိုးသားလေးက အားရပါးရ ရယ်မောလိုက်တယ်။ ကွမ်လန်လည်း ကြောက်ကြောက် လန့်လန့် ခေါင်းမော့လိုက်တယ်။ သူ စကားပြန်ပြောဖို့ အခွင့်အရေး မရခင်မှာပဲ ကျာပွတ်က သူ့ခန္ဓာကိုယ်ပေါ်သို့ အညှာတာ ကင်းမဲ့စွာ ကျရောက်လာခဲ့ပြီး သူ့အသားစိုင်များ စုတ်ပြဲ သွားခဲ့တယ်။
“မင်း… ဘာလုပ်နေတာလဲ…”
သူ့နှလုံးသားထဲမှ ဒေါသစိတ်များ မီးတောင်ကဲ့သို့ ပေါက်ကွဲ လာစေတယ်။ သူ လှည့်လိုက်ပြီးတော့ ရိုင်းစိုင်းတဲ့ လူရဲ့လက်ကို ဒေါသတကြီး လှမ်းကိုင်လိုက်တယ်။ ကောက်ကျစ် စဉ်းလဲသော မြေခွေး အမူအရာ ပြောင်းလဲသွားပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်တယ်။
“ငါ… သတိပေးနေတယ်နော်…။ မင်း တရား မလွန်လာနဲ့”
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now