306+307+308+309+310

534 24 0
                                    

အပိုင်း(၃၀၆)

ယွမ်မျိုးနွယ်စု၏ ယွမ်ချင်ရာ (၅)

 
သူ့မျက်ဝန်းထဲမှ လူသတ်ချင်စိတ်များက ပိုပို ပြင်းထန်လာရတယ်။
တစ်ခဏကြာတော့  ကျောက်လင်းက သူ့နှုတ်ကို ဖြည်းညင်းစွာ ဖွင့်ဟလာခဲ့တယ်။
“မင်းက ယွမ်ချင်ရာကို ရင်ဆိုင်ထားလိုက်။ ကျုပ်က ယွမ်လော့ဖုန်းကို သတ်မယ်”
သူက တည့်တည့်မတ်မတ် မတ်တတ်ရပ်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်တယ်။
“ယွမ်ချင်ရာနဲ့ ယှဉ်လိုက်မယ်ဆိုရင် သူမက ပိုပြီးတော့ အန္တရာယ်များတယ်”
ယွမ်ချင်ရာကိုတောင် ကုသနိုင်တယ်ဆိုတဲ့ သမားတော် ဆိုတော့ သူမက ဆေးပညာမှာ အရမ်းကို ထူးချွန်တယ်လို့ ပြောလို့ရတယ်။
ဒါ့အပြင်…
စိတ်စွမ်းအား ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လိုက်ရင် သမားတော်များက ပိုပြီးတော့ ဘေးအန္တရာယ် ကြီးမားတယ်။ အနည်းဆုံးတော့ စိတ်စွမ်းအား ကျင့်ကြံသူများက တိုးတက်ဖို့ အချိန် လိုအပ်တယ်။ ကျင့်ကြံနေစဉ် အတွင်းမှာ သူတို့ကို သတ်ပစ်နိုင်တဲ့ အခွင့်အရေး အများကြီး ရှိနေတယ်။ ဒါပေမဲ့ သမားတော်များ ကတော့ ခြားနားတယ်။
တကယ်လို့ သူမက ဆိုးရွားစွာ နေမကောင်း ဖြစ်နေသော စွမ်းအားကြီးမားတဲ့ လူတစ်ယောက်နဲ့ ကံကောင်းစွာ တွေ့ဆုံခဲ့ပြီး သူ့ကို ကုသပေးလိုက်မယ် ဆိုရင် သူမကို သဘောကျနှစ်သက် သွားနိုင်တယ်။ ဒီသဘောကျ နှစ်သက်မှုက ဝိညာဉ်မျိုးနွယ်စု တစ်စုလုံးကို အမြစ်ဖြတ် ချေမှုန်းသွားနိုင်တယ်။ ဒါကြောင့် ယွမ်လော့ဖုန်း သေရမယ်။
“ကောင်းပြီလေ”
မိန်းမစိုးအတုက ခပ်သြသြ အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်တယ်။ ယွမ်ချင်ရာကို ဆက်ပြီးတော့ အထင်မသေးရဲတော့… သူ့နယ်မြေလက်စွပ်မှ သံကြိုးကို ချက်ချင်း ဆွဲထုတ်လိုက်တယ်။
“ဝှီး”
သံကြိုးကို ယွမ်ချင်ရာရှိရာသို့ လှုပ်ယမ်းလိုက်တယ်။
“ဝိညာဉ်မျိုးနွယ်စုကို အနှောင့်အယှက် ဖြစ်စေမယ့် ဘယ်သူမဆို သေသင့်တယ်”
“ဝှီး”
သံကြိုးက ပျင်းရိဖွယ်ကောင်းသော အသံကို ထုတ်လွှင့်နေပြီး သံကြိုးဖြင့် ယွမ်ချင်ရာရဲ့ လက်ကောက်ဝတ်ကို လျင်မြန်စွာ လှမ်းဖမ်းလိုက်ပြီးနောက် ကျောက်လင်းကို ခေါ်လိုက်တယ်။
“မြန်မြန် လာပြီ… ယွမ်လော့ဖုန်းကို သတ်စမ်း”
ကျောက်လင်းရဲ့ မျက်လုံးများက မည်းမှောင်သွားခဲ့တယ်။ ယွမ်လော့ဖုန်းရှိရာ အလျင်မြန် ပြေးလွှားသွားလိုက်တယ်။ သူ့လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး အေးစက်သော အလင်းတန်းကို ထင်ဟပ်စေတယ်။ လူသတ်ချင်သော အရှိန်အဝါများဖြင့် မိန်းမပျိုလေး ရပ်နေသည့်နေရာသို့ လေပြေလေညင်းနှင့် အတူတူ တစ်ဟုန်ထိုး ပြေးသွားလိုက်တယ်။
မိန်းမပျိုလေးက ပျင်းရိစွာ သစ်ပင်ကို မှီထားလိုက်ပြီး ကောက်ကျစ် စဉ်းလဲသော အပြုံးကို သူမ နှုတ်ခမ်းမှာ ချိတ်ဆွယ်ထားလိုက်တယ်။  ဓားရှိနေတာကို ဂရုမစိုက် သကဲ့သို့ သူမက တစ်ချက်လေးမျှ မကြည့်ပေ။
ဘေးဘက်မှာ ရပ်နေတဲ့ ချင်ယန်က ဒီမြင်ကွင်းကို တွေ့သွားတော့ သူမမျက်ဝန်းများက ထေ့ငေါ့မှုကို သိသိသာသာ ဖော်ပြနေလေရဲ့။ ဒီလူတွေက သခင်မလေးကို ထိခိုက်အောင် ပြုလုပ်ချင်တယ်ပေါ့။ နောက်ထပ် အမြင့်စားအဆင့် ကျင့်ကြံသူ အယောက်၁၀၀ ထည့်ပေါင်းလိုက်လည်း သခင်မလေးကို ခုခံတိုက်ခိုက်လို့ မရဘူး။ အခုအချိန်မှာ သခင်မလေးက မလှုပ်ရှားဘူး ဆိုတာ ဒုတိယ သခင်လေး ယုံကြည်ချက် ပြန်ရလာအောင် ကူညီပေးချင်လို့။ ပြောရမယ်ဆိုရင် သခင်လေးက အမှောင်ထဲမှာ နှစ်အများကြီး ပုန်းကွယ် နေခဲ့ရတာ။  အပြင်ထွက်ပြီး သခင်မလေးကို မကာကွယ်ခဲ့ရဘူး။ ဒါကြောင့် ဒုတိယသခင်လေးက အပြစ်ရှိသလို၊ ညံ့ဖျင်းသလို ခံစားနေခဲ့ရတယ်။ ဒါကြောင့်လည်း သခင်မလေးက ဒီလူတွေကို ဘာမှ မလုပ်တာပေါ့။
“ဂျွတ်”
ရှင်းရှင်းလင်းလင်း ကျိုးပဲ့သံက တိတ်ဆိတ်သော ခြံဝင်းအတွင်းမှာ ပဲ့တင်ထပ်လာခဲ့တယ်။
မိန်းမစိုးအတု အသိပြန်ဝင် လာတဲ့အချိန်မှာ ယွမ်ချင်ရာက သူ့ကို ချုပ်နှောင်ထားတဲ့ သံကြိုးကို ချိုးဖျက်လိုက်တာ ကိုသာ မြင်လိုက်ရတယ်။ သူ့အပြာရောင် ဝတ်စုံက လေထဲမှာ အလျင်အမြန် တလွင့်လွင့် ဖြစ်နေတယ်။ သူ့ခန္ဓာကိုယ်နှင့် ယွမ်လော့ဖုန်းကို ကာဆီးထားတယ်။
“ခင်ဗျား သေချင်နေတာလား”
အမြဲတမ်း သိမ်မွေ့ပြီး ဘာကိုမှ ဂရုမစိုက်ဟန် ရှိသော ဒီအမျိုးသားလေးက နောက်ဆုံးတော့ အရမ်းကို ဒေါသထွက် လာခဲ့ပြီ။ ချက်ချင်းပဲ သူ့လက်ထဲမှ ကြေးဓားနဲ့ ကျောက်လင်း၏ ရင်ဘတ်ကို ထိုးစိုက်လိုက်တယ်။ သွေးများ စင်ထွက်ကာ သူ့အပြာရောင်ဝတ်စုံကို ဆေးဆိုးသလို ဖြစ်သွားစေခဲ့တယ်။ သူလည်း အဘိုးအိုကို အေးတိအေးစက် ကြည့်လိုက်ပြီး သူ့ရှေ့မှာ အဘိုးအို တဖြည်းဖြည်းချင်း လဲကျသွားတာကို စောင့်ကြည့် နေလိုက်တယ်။
“ကျုပ် ဒီနေရာမှာ ရှိနေသ၍ ဖုန်းအာလေးကို ဘယ်သူက ထိခိုက်အောင် လုပ်ရဲလဲဆိုတာ ကြည့်ရတာပေါ့”
အရင်က သူမကို ကာကွယ်ပေးဖို့ သူ့မှာ စွမ်းအား မရှိခဲ့ဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ သူမကို အနိုင်ကျင့်ဖို့ ဘယ်သူကိုမှ သူက ခွင့်ပြုပေးတော့မှာ မဟုတ်ဘူး။ သူ့ရှေ့က မြင်ကွင်းကို ကြည့်ရင်း မိန်းမစိုးအတုက အံ့သြ ထိတ်လန့် သွားတယ်။ အိုမင်းရင့်ရော်နေတဲ့ မျက်နှာက ကြောက်ရွံ့မှုကို ပြသနေလေရဲ့။ ကျောက်လင်း သေပြီ။ သူ့စွမ်းအားက သူနဲ့အတူတူ နီးပါးပဲ။ အလွယ်တကူလေး ယွမ်ချင်ရာ လက်ထဲမှာ သေသွားခဲ့တယ်။
သူလည်း သူ့လမ်းကြောင်း အတိုင်း ဆက်လျှောက်မယ် ဆိုရင် သူလည်း ကျောက်လင်းနှင့် တူညီသော အဆုံးသတ်ကို ပိုင်ဆိုင် သွားနိုင်တယ်။ ဒီကိစ္စကို တွေးကြည့်ရင်း မိန်းမစိုးအတု နှလုံးသားမှာ ကတုန်ကရီ ဖြစ်လာရတယ်။ သူ့စိတ်ထဲမှ ထွက်လာတဲ့ စကားတစ်ခွန်းကတော့  ထွက်ပြေးဆိုတဲ့ စကားတစ်ခွန်း…။
သူ့စိတ်ထဲမှာ ဒီစကားတစ်ခွန်းကို တွေးမိတာနဲ့ သူ ဘာမှ တွေးတော မနေတော့ဘူး။ ခြံဝင်းအတွင်းမှ လှည့်ပြန် ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ ဒါပေမဲ့လည်း သူ … တံခါးအနားသို့ မရောက်ခင်မှာ သူ ရပ်တန့်လိုက်တယ်။
ကောင်မလေးက တံခါးကို ပျင်းရိစွာ မှီထားတယ်။ သူမ၏မျက်ဝန်း နက်များက ကောက်ကျစ်စဉ်းလဲသော အလင်းရောင်များဖြင့် တဖိတ်ဖိတ် တောက်ပနေလေရဲ့။ သူမက သူ့ကို အပြုံးလေနဲ့ စောင့်ကြည့်နေလေရဲ့။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now