Chapter 2

5.4K 297 144
                                    

Earth Warrior (ကမ္ဘာ့စစ်သည်တော်)

ကမ္ဘာ့စစ်သည်တော်ဟု ‌အနက်ယူနိုင်သည့် Earth Warrior ကျောင်းဝင်းထဲ၌ ကျောင်းသူကျောင်းသားများ၏ ယူနီဖောင်းအရောင်က အပေါ်ပိုင်း၌ ရှပ်အဖြူပေါ်တွင် လည်စီးနက်ပြာရောင်အစင်းကြား တပ်ဆင်ရကာ အောက်ပိုင်း၌ ကာကီရောင် ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ရသည်။

ဆရာ၊ ဆရာမများကား ရှပ်အဖြူပေါ်တွင် လည်စီးပြောင်အနက်ရောင်ကို အနက်ရောင်ဘောင်းဘီရှည်များဖြင့် တွဲဖက်ဝတ်ဆင်ရပြီး အပေါ်ထပ်ကုတ်အင်္ကျီအနက်ရောင်ကိုပါ ထပ်ဝတ်ဆင်ကြရသည်။

ဆရာ၊ ဆရာမ အများစုက စာသင်ချိန် သို့မဟုတ် အစည်းအဝေးများ၌သာ အပေါ်ထပ်ကုတ်ကိုပါ ဝတ်စုံပြည့်ဝတ်ဆင်တတ်ကြ၏။ ထို့အတွက်ကြောင့် ကျောင်းဝင်းထဲ၌မူ ကျောင်းသားနှင့် ဆရာတွေကို လည်စီးအရောင်၊ ဘောင်းဘီအရောင်ဖြင့် အလွယ်တကူ ခွဲလို့ရပေသည်။

သူ့အား တရိုတသေ လာနှုတ်ဆက်နေကြသည့် ကျောင်းသားဟောင်းတချို့နှင့် စကားခဏရပ်ပြောပြီးချိန်၌ အန်ကယ်ရှိရာဆီသို့ သွားရန်အပြု သူ့ရှေ့ ပိတ်ရပ်လာသော ကျောင်းသားသုံးယောက်။

သူ ဒီ Earth Warrior ‌‌ပုဂ္ဂလိက တက္ကသိုလ်၌ လုပ်သက်ငါးနှစ်ပင် ရှိလာခဲ့ပြီဖြစ်ကာ ကမ္ဘာ့စစ်သည်တော်များသဖွယ် အနာဂတ်၏ IT ပညာရှင်လောင်းများကို ဒီကျောင်းတော်ကြီး၌ မွေးထုတ်ပေးနိုင်ခဲ့သည်။

ထို့အတူ ပိုက်ဆံရှိ အထက်တန်းလွှာမှ ထင်တိုင်းကြဲကာ ရမ်းကားတတ်သည့် ကျောင်းလူဆိုးအနည်းစုကိုလည်း သူ့လုပ်သက်တလျှောက်၌ မလွှဲမရှောင်နိုင်စွာ တွေ့ရသည်။

ထိုအမျိုးသား သူ့ကို မမြင်ခင် တိုင်လုံးအကွယ်၌ ခပ်သွက်သွက် အရင်ဝင်ပုန်းလိုက်ရသည့် ဟန့်ကူရာယိမ်း၏ မျက်ဝန်းများက ထိုဆရာနှင့်ကျောင်းသားသုံးယောက်ထံ၌ တိတ်တဆိတ် ရစ်ဝဲနေခဲ့သည်။

"မတွေ့ရတာနည်းနည်းပဲ ကြာသွားတာကို ငါတို့ဆရာက ပိုချောလာတာပဲ"

ထိုကျောင်းသားတွေအား နှိုင်း မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း တစ်ဖက်သို့ ရှောင်ထွက်သွားလိုက်သော်ငြား ထိုသုံးယောက်ထဲမှ တစ်ယောက်က သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက်ရင်း ပိတ်ရပ်လာပြန်သည်။

Make You Mine [Completed]Where stories live. Discover now