Chapter 22

2.9K 195 56
                                    

မြို့ထဲရှိ ကားလမ်းမကြီးများပေါ်၌ မနက်အလင်းရောင်မရှိသေးချိန်မို့ ရှင်းလင်းတိတ်ဆိတ်နေသည်။ အိမ်စီးကားတစ်စီးစ နှစ်စီးစသာ မကြာမကြာ ဖြတ်သန်းသွားတာအား တွေ့နိုင်‌ပေသည်။

ဒေါ်ယိမ်းဝတ်လွှာ သူ့သားကားနောက်မှ လိုက်‌နေဆဲပင်။ သူတို့ရောက်နေသည့် အကွာအဝေးက နှိုင်းကျန်ခဲ့သည့်နေရာနှင့် တော်တော်အလှမ်းဝေးနေပြီဖြစ်ကာ သူ့သားကို ပို့မည့် နေရာနှင့်လည်း သိပ်မဝေးတော့ပြီဖြစ်သည်။

ထို့ကြောင့် သူ ဂျူတီချိန်ကို ခဏအစားထိုးပြီး ထွက်လာခဲ့ရတာမို့ ဂျူတီကို ပြန်ဝင်ကြည့်ရပေဦးမည်။ နှိုင်းဖက်မှ ဒီနစ်နာမှုနှင့် ပတ်သက်ပြီး သူ့သားအား လာမနွယ်ဖို့အတွက်လည်း သူ့အမျိုးသားနှင့် သေချာတိုင်ပင်ရဦးမည်။ ဇေးနှင့် ဦးဇန်ရစ်တို့ကိုလည်း ‌သူ့သားကို အမှုဖွင့်တာမျိုး မလုပ်စေရန် ဆေးရုံမှာ ခဏသွားတွေ့ပြီး သေချာတောင်းပန်ရဦးမည်မို့ သူ့ထံ၌ အလုပ်တွေ ပုံနေသေး၏။

ဟန့်ကားပေါ်၌ ပါလာသည့် သက်တော်စောင့်နှစ်ယောက် ဆရာကတော်၏ ဖုန်းကို ပြန်လည်ဖြေကြားနေရင်း သူတို့ ဟန့်အား သေချာထိန်းချုပ်ထားပါမည့်အကြောင်း ဆိုနေရသည်။

ထိုအသံတွေအား ဟန့်တစ်ယောက် ကားနောက်ခန်းထဲ၌ လှဲအိပ်‌နေရင်း အသာနားစွင့်နေမိပြီး လက်သီးဆုပ်လိုက်မိ၏။

သူ ဆရာ့ကို တအားစိတ်ပူမိသွားတာကြောင့် အခုလိုအချိန်ကြီး၌ တခြားဆရာဝန်ကို အပူတပြင်းရှာဖို့ခက်နေချိန် မားကို အားကိုးမိသွားခဲ့သည်။ သူ အလွန်ဉာဏ်နည်းသည့်လုပ်ရပ်ကို လုပ်မိလိုက်တာအား မားကို ထွက်ခေါ်ချိန်၌ သူ့အား မေ့ဆေးဖြင့် အုပ်ဖို့လုပ်ကြတာကြောင့် သိလိုက်တာဖြစ်သည်။

သူ ကျောင်းလူဆိုးဘွဲ့ကို အလကားရထားခဲ့တာ မဟုတ်။ သူ့အား အခုလို ချောင်းမြောင်းလုပ်ကြံနိုင်ဖို့ဆိုတာ တစ်ဖက်လူက သူ့ထက် အဆများစွာ တော်နေမှပဲ ရပေလိမ့်မည်။ သူ ထိုအချိန်က သူ့နား မေ့ဆေးရောက်မလာခင်ကတည်းက သတိလစ်ချင်ယောင်ဆောင်ပစ်ခဲ့တာဖြစ်၏။

မားဖုန်းချသွားပြီး သူ့ကားနောက်၌ မားရဲ့ကား ပါမလာတော့ဘူးဟု သေချာသလောက်ဖြစ်လာချိန်၌ ရှေ့ခန်းက သက်တော်စောင့်နှစ်ယောက်ကို တစ်ချက် အခြေအနေကြည့်လိုက်သည်။

Make You Mine [Completed]Where stories live. Discover now