Extra

5.4K 228 167
                                    

ပြွတ်!

ကုမ္ပဏီ၏ အရေးပေါ် လှေကား၌ နှိုင်းယောနလျှံ နံရံနှင့် ဖိကပ်ခံထားရပြီး ဒီကုမ္ပဏီသူဌေး၏ တရှိုက်မက်မက် နမ်းရှိုက်ခြင်းအား ခံနေရသည်။

ထို့ကြောင့် ဟန့်၏လက်များ သူ့အင်္ကျီထဲထိပါ လျှိုဝင်လာချိန်၌ နှိုင်းယောနလျှံ ထိုကောင်လေးအား တားလိုက်ရတော့၏။

"တော်ပြီ၊ ငါ ဒီမှာတော့ မလုပ်ဘူးနော်"

ထိတ်လန့်သွားပုံရသည့် ဆရာ့အား ဟန့် ပြုံးစစဖြင့် ငုံ့ကြည့်နေရင်း ဆရာ သူ့ကို တွန်းမထုတ်ခင် လူချင်းပြန်ခွာပေးလိုက်ရပြီး သူ့အနမ်းကြမ်းများကြောင့် ဖူးယောင်ချင်နေပြီဖြစ်သည့် ဆရာ့နှုတ်ခမ်းအား လက်မဖြင့် ပွတ်ဆွဲလိုက်ကာ ဆရာ့ပါးပြင်နှစ်ဖက်ကို ငုံ့မွှေးကြူလိုက်သည်။

ထို့နောက် ဒီနေ့လည်း တစ်ကိုယ်လုံး ဖြူစွတ်နေအောင် ဝတ်ထားပြန်သည့် ဆရာ့ကို သူ့နားမှာပဲ ရှိနေစေချင်သေးတာကြောင့် လှေကားထစ်တွေပေါ်၌ ထိုင်စေလိုက်၏။ ဆရာ့ဘောင်းဘီဖြူ ပေကျံကုန်မှာတော့ စိုးရိမ်တာမို့ ဟန့် သူ့ကုတ်ကို ချွတ်လိုက်ကာ ဆရာ ထိုင်မည့် လှေကားထစ်ပေါ် ဖြန့်ခင်းပေးလိုက်ပြီးမှ ဆရာ့အား ဝင်ထိုင်စေပြီး သူပါ ဆရာ့ဘေး ထိုင်လိုက်သည်။

နှိုင်းယောနလျှံ ဟန့်အား မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး လက်ကားပေးထားသည့် ဟန့်ရင်ခွင်ထဲသို့ အလိုက်သင့်ဝင်လိုက်ရင်း လှေကားအပေါ်အောက်အား တစ်ချက်ဝေ့ကြည့်လိုက်မိသည်။

"ဒီနေရာကို ဘယ်သူမှ မလာပါဘူးဆို။ ကိုကို စိတ်အေးအေးထားပါဗျာ"

ထိုအခါမှသာ ဆရာ့ခန္ဓာကိုယ်က ခုနကထက် ပြေလျော့လာတာကို ဟန့် ခံစားမိလိုက်သည်။အခုအခြေအနေက သူ ကျောင်းတက်တုန်းက ဆရာနဲ့ တိတ်တဆိတ် ခိုးတွေ့ခဲ့ရတာကိုတောင် သတိရသွားစေသလို၊ ထို့ကြောင့်လည်း ဆရာက အခုလို အခြေအနေမျိုး၌ စိတ်မသက်မသာ ဖြစ်တတ်တာကို ကျောင်းမှာကတည်းက ဟန့် သတိထားမိခဲ့ပြီးသားပင်။

ဆရာက အတူနေရင်တောင် သူတို့နှစ်‌ယောက်တည်းသာ ရှိမှန်း‌သေချာသည့် အိပ်ခန်းထဲနှင့် အိမ်ထဲမှာတောင်မှ မီးအလင်းရောင် မှောင်ပျပျထားပေးမှ သူ ပြုသမျှကို စိတ်လိုလက်ရ လိုက်လျောတတ်သူဖြစ်သည်။ သို့သော်ငြား ဆရာက သူ့အား တကယ် ချစ်ရှာသူပင်။ အခုလိုနေရာတွေမှာတောင်မှ သူသာ ဆန္ဒရှိလျှင်၊ သူသာ နမ်းချင်လျှင် မငြင်းဆန်ဘဲ အခုလို နေပေးတတ်သူဖြစ်သည်။ ထို့ကြောင့် သူ့ဖက်မှလည်း ဆရာ့ကို စိတ်မဖိစီး‌စေချင်တာမို့ အိမ်ထဲမှာ မဟုတ်လျှင်တော့ နမ်းရုံသာ နမ်းပါ၏။

Make You Mine [Completed]Where stories live. Discover now