Chapter 10

3.4K 212 56
                                    

Earth Warrior ကျောင်းနှင့် အနီးဆုံးတည်ရှိလျက်ရှိသည့် ဆေးရုံတစ်ခု၏ အရေးပေါ်ကုသဆောင်ထဲ၌ နှိုင်းယောနလျှံ ရောက်ရှိနေခဲ့သည်။

ဆေးရုံဆေးခန်းတွေနှင့် ခပ်ဝေးဝေးနေချင်သူဖြစ်တာကြောင့် ယခုကဲ့သို့ သွေးသံတရဲရဲတွေအပြင် နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေသူများကြား ရောက်နေရချိန်၌ သူ အလွန်အမင်း စိတ်မသက်မသာ ဖြစ်လျက်ရှိသည်။

ဟန့် ဆရာ့ကုတင်ဘေး၌ ရပ်နေခဲ့ပြီး ဒေါက်တာတွေ မေးသမျှကို အမြန်ဖြေကြားပေးနေရသည်။

ထို့နောက် ဆရာ့ဘယ်ဖက်လက်မောင်းက ရုတ်တရက်မြှောက်မရဖြစ်နေတာမို့ အရိုးထိသွားလား စစ်ဆေးရန် ဓာတ်မှန်ရိုက်ဖို့ ခေါ်သွားကြသည်။

စစ်ဆေးမှုများပြုလုပ်ပြီးချိန်၌ ဆရာ့အား နာကျင်မှုသက်သာစေရန် ဆေးထိုးဖို့ ပြင်လိုက်ချိန် ဆရာ သူ့လက်ကို ချက်ချင်းလှမ်းဆွဲလာပြီး-

"မထိုးချင်ဘူး၊ မထိုးဘူးလို့ သွားပြောပေး"

ကုတင်ပေါ်ကပါ အတင်းကုန်းထဖို့ ပြင်နေသည့် ဆရာ့ကို ဟန့် အမြန်ပြန်ဖိထားလိုက်ရသည်။

"အဲ့လိုမဆိုးရဘူးလေ၊ ငြိမ်ငြိမ်လေး ခဏနေပေးလိုက်နော်။ ရော့၊ ကျွန်တော့်လက်ကို ကြိုက်သလောက် ညှစ်ထားလို့ရတယ်"

နှိုင်းခမျာ နာကျင်နေရသည့်ကြားထဲ ထိုကလေး အတင်းဖိထားတာကိုပါ ခံလိုက်ရသည့်အပြင် သူ့လက်မောင်းကိုလည်း ဆရာမက အ‌ကြောလာစမ်းနေပြီမို့ ဟန့်လက်မောင်းအား ဆုပ်ကိုင်ထားမိပြီး ထိုကောင်လေးကို နာကျင်အောင်တော့ မလုပ်ချင်တာမို့ ညှစ်တော့မညှစ်လိုက်ပါ။

နှိုင်းတစ်ယောက် နှုတ်ခမ်းတွေကို ပြတ်ထွက်လုမတတ် ဖိကိုက်ထားသည်။ ဆေးထိုးအပ်ကို မကြည့်မိအောင် သူ့ကုတင်ဘေးရပ်နေသည့် ဟန့်၏ ခါးပေါ်လည်း မျက်နှာအပ်ထားမိသည်။

ထို့ကြောင့် ‌ဆေးဝင်သွားချိန်၌ မျက်နှာရှုံ့မဲ့သွားခဲ့သည့် ဆရာ့နားရွက်ဖျားအား ဟန့် ပွတ်သပ်ပေးနေခဲ့ပြီး အာရုံပြောင်းအောင် ချော့မော့ပေးနေရင်းပင် မဆီမဆိုင် တွေးမိသွား၏။

Make You Mine [Completed]Where stories live. Discover now