Chapter 12

3.1K 206 125
                                    

ဒုတိယထပ်က ဆရာ့ပုံရိပ်လေးကို ဟန့် ကားထဲကနေ ထိုင်ကြည့်နေလျက်ကနေပင် သူ့မိခင်ဆီ ဖုန်းခေါ်လိုက်ပြီး သူ ဒီည ဆရာ့ဆီမှာပဲ အိပ်ဖြစ်မည့်အကြောင်း လှမ်းအကြောင်းကြားလိုက်ရသည်။

"အဲ့ဒါ မားရဲ့ဘိုးတော်ကြီး မေးရင်တော့ သူငယ်ချင်းဆီမှာပဲ အိပ်တယ်ပြောလိုက်ဦး"

ဒေါ်ယိမ်းဝတ်လွှာအတွက် ဟန့် အခုလို အိမ်ပြန်မအိပ်တတ်တာက ရိုးနေပြီဖြစ်တာမို့ ဘယ်ကမှန်းမသိတဲ့ လူဆိုးလေးတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေမှာထက်စာရင် နှိုင်းနဲ့ဆို ပိုစိတ်ချပြီးသားပင်။

"အင်းပါ၊ ကိုကို့ကို သေချာလေး ဂရုစိုက်ပေးလိုက်ဦး။ နေလက်စနဲ့ ပိတ်ရက်ပါ အဲ့မှာ စာသင်ပြီးပဲ နေလိုက်လေ"

"ဆရာ့နားမှာ ရက်အများကြီးတော့ မနေချင်ပါဘူး။ ဒါဆို ဖုန်းချလိုက်ပြီနော်"

ဒေါ်ယိမ်းဝတ်လွှာ သူ့သားအား ပြောမနိုင်တာမို့ လျစ်လျူသာရှုထားလိုက်တော့၏။ မနေ့ညက သူ့အမျိုးသားဆီကနေ ဟန့်ကို နှိုင်းဆီ မပို့နဲ့တော့ဟူသည့်စကား ထွက်လာသေးတာမို့ ဦးသျှန်းဝေ မေးခဲ့လျှင်လည်း သူငယ်ချင်းတွေဆီမှာပဲ အိပ်သည်ဟု ပြောဖို့ စဉ်းစားပြီးသားပင်။

သူ့အနေဖြင့် သူ့အမျိုးသားက နှိုင်းအပေါ် ခွဲခြားဆက်ဆံနေတာကို သတိထားမိ၏။ သူက‌တော့ အဆင့်အတန်းခွဲခြားတတ်သူမျိုးမဟုတ်။ ထို့အတွက်ကြောင့် ဟန့်ကိုပင် ငယ်ငယ်ကတည်းက ထိုစိတ်မျိုး မဝင်အောင် သေချာသွန်သင်ခဲ့ရသည်။

ပညာတတ်အမျိုးသမီးတစ်ယောက်အဖြစ်ဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေဆဲ မိန်းမတစ်ယောက်အတွက် နှိုင်း၏ အခုလို ဘဝအခြေအနေကြားထဲက ပညာတတ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့မှုကိုပင် သူ အလွန်သဘောကျနေမိသည်။ ဖြစ်နိုင်လျှင် ဟန့်ကိုပါ နှိုင်းဆီက အကျင့်ကောင်းတွေကို အတုယူပြီး ကြီးပြင်းလာစေချင်တာ ဖြစ်သည်။

ဟန့် မုန့်ထုပ်တွေကို ယူကာ ကားပေါ်က ဆင်းလိုက်ပြီး ဒုတိယထပ်ဆီသို့ လျင်မြန်စွာ တက်လာခဲ့သည်။

အစကတော့ ဆေး ခဏဝင်တိုက်ဖို့သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း တစ်‌ယောက်တည်း အထီးကျန်နေသည်ဟု ထင်ရသည့် ထိုပုံရိပ်လေးက သူ့အား ယခုလို ဆုံးဖြတ်ချက်မျိုး ချမိအောင် ဖြစ်လာစေခဲ့သည်။

Make You Mine [Completed]Where stories live. Discover now