Chapter 27

3.4K 214 114
                                    

ဆရာနေထိုင်နေသည့် ဒီကွန်ဒိုတိုက်ခန်းက ဟန့်၏ ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။

ဆရာ့အတွက် သီးသန့်ဝယ်ပေးထားခဲ့သည့် ခြောက်ထပ်မြောက်၌ တည်ရှိသော ကွန်ဒိုတိုက်ခန်းရှိရာသို့ တက်ရန် ဟန့် ထိုတိုက်၏ ဓာတ်လှေကားထဲ ဝင်လာခဲ့သည်။

ဓာတ်လှေကားမီးရောင်အောက်၌ ဟန့် ဆရာ့အား တောက်လျှောက်ငုံ့ကြည့်နေခဲ့ရင်း အေးချမ်းစွာ အိပ်ပျော်နေသော ဆရာ့ကို ဟန့်မေးချင်မိ၏။ ဆရာ သူ့ကို တစ်ခါမှ သတိမရဖူးဘူးလားဟု။ သူကတော့ ဆရာ့ကို တစ်ကြိမ်မျှပင် သတိမရဖူးပါ။

ကားဆရာအကူအညီဖြင့် ဟန့် ဆရာ့ကွန်ဒိုခန်းထဲသို့ အခက်အခဲမရှိ ရောက်ရှိလာခဲ့သည်။

ကားဆရာကတော့ သူ့သူဌေးအား မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့်သာ လိုက်ကြည့်‌နေမိ၏။ ဒီတစ်ခါ သူဌေးက ဒီအတွင်းရေးမှူးကို အနည်းငယ် မျက်နှာသာပေးလွန်းသလိုပင်။

ဟန့် ကားဆရာအား အိမ်ထဲမဝင်ခင် အသံနှိမ့်ပြောလိုက်သည်။

"ကားကို အောက်မှာပဲ ထားခဲ့လိုက်တော့၊ ပြန်နားလို့ရပြီ"

ကားဆရာ ပြန်မပြောရဲတာမို့သာ ခေါင်းညိတ်ပြလိုက်ရင်း သူဌေးက ချက်ချင်း ပြန်မလိုက်ဘဲ ဒီအိမ်ထဲမှာ ဘာများလုပ်ဦးမလို့လဲ တွေးဆဆဖြင့် ပြန်ဆင်းသွားရသည်။

ဟန့် ဆရာ့အား ကုတင်ပေါ် ငြင်သာစွာ ချပေးလိုက်ရင်း သူ တော်တော်လေး ဘဝင်မကျ ဖြစ်လာ၏။

"ဆရာ"

ဟန့် ဆရာ့နားရွက်ဖျားနားကပ်ပြီး ငုံ့ခေါ်လိုက်သော်လည်း ဆရာ သူ့နားရွက်သူ ပွတ်ပြီး ချက်ချင်းလိုလို တစ်ဖက်သို့ စောင်းသွားကာ ဖက်လုံးကိုပင် ခွရင်း အိပ်သွားသေး၏။ ဆရာ တော်တော်ကြီးကို အိပ်မောကျနေတာပင်။

ဒီလူတော့! တစ်ယောက်ယောက် သတ်သွားရင်တောင် သိမယ့်ပုံမပေါ်ဘူး။

ဆရာ ဒီလိုသာ သတိလက်လွတ် အိပ်ပျော်နေတတ်မည်ဆိုလျှင် သူ နောက်ရက်တွေ ကားဆရာနဲ့ပင် နှစ်ယောက်တည်း လွှတ်မထားရဲတော့။

ဟန့် ဆရာ့အခန်းအား မျက်လုံးဝေ့ကြည့်လိုက်မိချိန် ဆရာ သူ့ပစ္စည်းတွေကို အခုထိ နေရာမချရသေးဘဲ Luggage တွေ ပုံထားတာ မြင်ရသည်။

Make You Mine [Completed]Where stories live. Discover now