Chapter 23

3K 206 74
                                    

"ဟန့်. . .ဟန့်"

အိပ်မက်ဆိုးများထဲမှ နှိုင်းယောနလျှံ လန့်နိုးလာခဲ့ချိန် မနက် ရောက်နေခဲ့ပြီ။ သူ့ဘေး၌မူ ဟန့် မရှိတော့ပြန်။

ထို့ကြောင့် သူ ကိုယ်လက်သန့်စင်ခြင်းအား လျင်မြန်စွာ ထလုပ်လိုက်ပြီး အခန်းပြင်ထွက်လာခဲ့ချိန် ဘေးအခန်းမှ ထွက်လာသည့် လွန့်ကိုလည်း တွေ့လိုက်ရ၏။ အပြင်ဝတ်များ ဝတ်ထားသည့် လွန့်နားသို့ နှိုင်း လျှောက်လာခဲ့ကာ ဟန့်ကို မေးလိုက်မိသည်။

"သူ အိမ်ခဏပြန်သွားတာ"

"ဘာလို့ ဒီကောင်လေး အိမ်ပြန်ပြန်သွားတာလဲ၊ ငါ လိုက်သွားဦးမယ်"

အောက်ထပ်ပြေးဆင်းသွားတော့မည့် နှိုင်းကို အပြင်ထွက်ခြင်းမပြုဖို့ လွန် မျိုးစုံ ဖြောင်းဖြနေသော်လည်း နှိုင်းက နားမဝင်။ သူကလည်း ဒီပိ‌တ်ရက်၌ သူ့မိဘတွေကို ‌ဆေးခန်းရက်ချိန်း လိုက်ပြပေးဖို့ အပြင်ထွက်တော့မှာ ဖြစ်သည်။

ထို့ကြောင့် သူ မရှိချိန် နှိုင်း အပြင်ရောက်သွားလျှင် ပြဿနာကြီးသွားနိုင်မှာ စိုးရိမ်လို့ ပြောမရသည့် နှိုင်းအား အခန်းထဲ ဆွဲသွင်းလိုက်ရကာ အပြင်မှ သော့ပိတ်ထားလိုက်ရတော့၏။ ဒီအခန်းထဲ၌ ပြတင်းပေါက်များလည်း မရှိတာကြောင့် နှိုင်း ဘယ်နေရာကမှ ထွက်ပြေးလို့တော့ မရနိုင်။

"မင်း ငါ့ကို ဘာလို့ပိတ်ထားတာလဲ၊ ပြန်ဖွင့်ပေး"

"ဟေ့ကောင် ငါ အပြင်သွားရတော့မှာ၊ ငါ ပြန်လာတဲ့ထိ ခဏပိတ်ထားခဲ့မယ်၊ သောင်းကျန်းမနေနဲ့တော့"

"ဟေ့၊ မသွားနဲ့၊ ငါ အပြင်မထွက်တော့ဘူး၊ ငါ့ကို ဒီလို မပိတ်ထားနဲ့၊ ပြန်ဖွင့်ပေးပါ"

လွန် ခေါင်းရမ်းပြီးသာ အခုလို ပိတ်ထားခဲ့ရုံမှတပါး မတတ်နိုင်တာမို့ အောက်ထပ်ဆင်းသွားရသည်။ ထို့နောက် သူ့မိဘတွေနဲ့အတူ အမြန်ထွက်သွားရလေသည်။

တံခါးကို နှိုင်း အချက်ပေါင်းများစွာ ထု‌နေခဲ့သော်လည်း ထူးခြားခြင်း မရှိတာကြောင့် ဒီကောင် တကယ် ထွက်သွားပုံမို့ သူ တံခါးနားမှာသာ ကုပ်ကုပ်လေး ထိုင်ချလိုက်မိသည်။ သူ ဒီအိမ်ကို ရောက်ကတည်းက ဖုန်းပါမလာတာကြောင့် သူ့ထံ၌ ဆက်သွယ်စရာမရှိ။ လွန်က သူ အလုံပိတ်ခံရတာမျိုးကို ကြောက်တတ်မှန်း မသိတဲ့သူမို့ အပြစ်ပြောလို့မရ။ ထို့အတွက် နှိုင်းတစ်ယောက် သူ့ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ထားပြီးသာ ခေါင်းမှောက်ထားရင်း ငိုချင်လာခဲ့သည်။

Make You Mine [Completed]Dove le storie prendono vita. Scoprilo ora