Chapter 29

3.5K 205 134
                                    

ဆရာ့အိမ်ထဲက မီးဖိုချောင်အား သေချာရှင်းလင်းပေးပြီးချိန်၌ ဟန့် ဧည့်ခန်းဆီသို့ ပြန်ထွက်လာခဲ့သည်။

"ကျစ်၊ ဆရာ့ကို ဆေးလိမ်းထားလို့ ပြောလိုက်တယ်လေ။ ဆရာ ဘာလို့ ကလေးလို အကုန်လုပ်ပေးတာ ထိုင်စောင့်နေတာလဲ"

ဟန့်က သူ့အား အချိန်ပြည့်အော်နေတာကြောင့် နှိုင်း ဝမ်းနည်းလာမိ၏။ သူ ဆရာလုပ်တုန်းကတောင် ကလေးတွေကို ထိုမျှလောက် မဆူဖူး။

ဆရာ့ပုံစံက မထင်ရအောင် ပေကတ်ကတ်နိုင်မှန်း ဟန့် သေချာသိလိုက်သည်။ ပြောတဲ့သူသာ ထိုနေရာမှာ အသက်ထွက်သွားနိုင်၏။ သူ ငယ်ငယ်က မား သူ့အား ခဏခဏ ဆူပူရိုက်နှက်နေတာ မကြိုက်သော်လည်း သူကိုယ်တိုင်ကပင် မားနဲ့ ပုံစံတူလာသလို ခံစားနေရသည်။

"ဟူး၊ ဆရာတော့ ကျွန်တော်သာ လက်ထပ်ပြီးသွားရင် တစ်ယောက်ထဲ ဘယ်လိုဖြတ်သန်းမလဲပဲ၊ အဲ့ကျရင်တော့ အခုလိုတွေ လာလုပ်ပေးမှာ မဟုတ်ဘူးဆိုတာ သိထားပေး"

ဟန့် ဆရာ့ဆိုဖာအောက် ထိုင်ချလိုက်ကာ ဆရာ့ခြေထောက်ကို သူ့ပေါင်ပေါ် တင်လိုက်ပြီး ဆေးသေချာထည့်ပေးနေရင်း ပါးစပ်ဖြင့်လည်း ခပ်ဖြည်းဖြည်း လေမှုတ်ပေးရကာ ဆရာ့မျက်နှာကိုလည်း တစ်ချက်တစ်ချက် မော့ကြည့်နေရသည်။

"ဆေးသေချာလိမ်းဦး၊ မဟုတ်ရင် အမာရွတ်တွေ ကျန်နေလိမ့်မယ်"

"ဟင့်အင်း၊ တစ်ခါလိမ်းပြီးရင် သက်သာသွားမှာ"

ဆရာက ဆေးထိုးလည်း မခံချင်၊ ဆေးသောက်ဆိုလည်း မဟုတ်၊ ဆေးလိမ်းရင်လည်း ရှုံ့တွနေတတ်သူမို့ ဆရာ နေမကောင်းဖြစ်မှာ၊ ထိခိုက်မှာ တကယ်ရင်ပူရပါ၏။

ဟန့် ထပ်မပြောချင်တော့တာမို့ ဆေးကိုသာ ‌အပြီးသတ် လိမ်းပေးလိုက်ရင်း နာတာ သက်သာလိုသက်သာငြား ဆရာ့ခြေဖမိုးကို ငုံ့နမ်းလိုက်ပြီး-

"အုံဖွ၊ အုံဖွ"

ပါးချိုင့်‌တွေ ပေါ်အောင်ထိပင် ဆရာ ပြုံးသွားတာအား ဟန့် သတိလက်လွတ်မော့ငေးမိသွားကာ ဆရာ့ခြေချောင်းများကို အသာဆုပ်နယ်မိသွားသည်။

ထို့ကြောင့် ဟန့် အမြန်ထရပ်လိုက်ရတော့၏။

"ပြန်တော့မယ်၊ ဒီညတော့ တစ်ခုခုမှာစားလိုက်တော့၊ ထပ်ချက်မနေနဲ့"

Make You Mine [Completed]Tahanan ng mga kuwento. Tumuklas ngayon