Chapter 25

3.3K 213 126
                                    

ကျင်းပနေသည့် လေလံပွဲကား နောက်ပိုင်းရောက်လေ ပိုအရှိန်မြင့်လာလေ ဖြစ်သလို အပြိုင်အဆိုင် ဝယ်ယူနေကြလျက်လည်း ရှိနေပေသည်။

ထိုပွဲထဲ၌ နှိုင်းကတော့ မျက်နှာရှစ်ခေါက်ချိုးဖြင့် သူ့အား ဖိတ်ကြားထားသည့် အန်ကယ့်‌ဘေး၌ မှုန်ကုတ်ကာ ထိုင်နေခဲ့သည်။

သူ လေလံပွဲတွေကို စိတ်ဝင်စားခြင်းမျိုးမရှိသော်လည်း လေလံပွဲ၌ ခင်းကျင်းပြသထားသည့် ပစ္စည်းတချို့ကိုတော့ စိတ်ဝင်တစားဖြစ်နေလျက်ရှိတာကြောင့် လေလံပင် ဝင်ဆွဲမိ၏။ သို့သော်ငြား သူ လေလံဝင်ဆွဲသည့် ပစ္စည်းတိုင်း၌ တခြားဝိုင်း၌ ထိုင်နေသည့် ဟန့်ကပါ လေလံဝင်ဆွဲနေသည်။

ထို့ကြောင့် သူ့အား တမင်သက်သက်လုပ်နေသလား ထင်ရအောင် ဈေးများက သူ မလိုက်နိုင်တော့သည့် ပမာဏတွေထိပင် ရောက်လာတာကြောင့် လက်လျှော့လိုက်ရတာ အခါခါမို့ သူ စိတ်တိုလာပြီး ဘာပစ္စည်းကိုမှ လေလံဝင်ဆွဲခြင်းမျိုး မရှိတော့။

ထို့ကြောင့် ဆရာ လိုချင်နေသည့် ပစ္စည်းတွေကိုသာ မတန်မဆဈေးများဖြင့် ဖြတ်ဖြတ်လုနေသည့် ဟန့်လည်း ဝိုင်ခွက်ကိုသာ ခပ်ဖြည်းဖြည်းလှုပ်ရမ်းနေရင်း ပွဲထိုင်ကြည့်နေခဲ့သည်။ 

ဟိုးအရင်ကတော့ ဆရာ့မျက်စိနဲ့ ငါးစက္ကန့်လောက် ကြည့်လိုက်သည့် ပစ္စည်းကိုပင် သူ ဆရာ့ရှေ့ရောက်အောင် ဖန်တီးပေးတတ်သူပင်။ အခုတော့ ဆရာ လိုချင်တာမှန်သမျှ ဆရာ ဘယ်တော့မှ ရယူခွင့်မရအောင် ဖြတ်လုချင်ပေသည်။

ထို့ကြောင့် နှိုင်းယောနလျှံ လေလံပွဲမှ လက်ဗလာဖြင့်သာ ထပြန်ခဲ့ရသည်။

----------------------

နှိုင်း သူ့ဖုန်းကို ကြည့်နေရင်း ပလက်ဖောင်းဘေး ကပ်လျှောက်နေခဲ့၏။

သူ ‌အလုပ်ပြန်ရှာနေမိခြင်းဖြစ်သည်။ အရင်လို Earth Warrior ၌တော့ ဆရာ မလုပ်ချင်တော့ဘဲ သူ ရုံးပိုင်းဆိုင်ရာအလုပ်ကို ပြောင်းလုပ်ကြည့်ရလျှင် ကောင်းမလားဟု တွေးနေရင်း လျှောက်နေချိန် သူ့ဘေးမှ အရှိန်ဖြင့် ဖြတ်မောင်းသွားသည့် ကားတစ်စီး‌ကြောင့် သူ့ခန္ဓာကိုယ်ပေါ် ဗွက်ရည်များ စင်ကုန်သည်။

Make You Mine [Completed]Where stories live. Discover now