Final

6.1K 242 196
                                    

မိုးအကုန်ဆောင်းအကူးကာလမှသည် ဆောင်းဥတုထဲသို့ ပီပီပြင်ပြင် ချဉ်းနင်းဝင်ရောက်လာခဲ့ပေပြီ။

နွေးထွေးသော ဧည့်ခန်းထဲက ကွန်ပျူတာရှေ့၌မူ ဟန့်၏ လုပ်ငန်းများ သေချာလည်ပတ်နိုင်ရန်အတွက် နှိုင်းယောနလျှံ အလုပ်ရှုပ်နေခဲ့၏။ သူ ဘယ်လိုပင် အလုပ်မလုပ်ချင်ဘူးဟု ဟန့်ရှေ့မှာသာ ဂျီကျပြီး အီနေခဲ့လင့်ကစား ဟန့် ဘယ်လောက် ပင်ပင်ပန်းပန်း ကြိုးစားနေရလဲ သူ မြင်နေတာမို့ ပစ်မထားနိုင်။ ထို့ကြောင့် ဟန်းနီးမွန်း မသွားခင် ဟန့် စိတ်အေးလက်အေးဖြစ်အောင် သူ ကူနိုင်သမျှ၊ ကူပေးလို့ရသမျှ သေချာလုပ်ကိုင်နေခဲ့သည်။

နာရီကို လှမ်းကြည့်လိုက်၏။ ခုနစ်နာရီထိုးတော့မှာမို့ မကြာခင် ဟန့် ပြန်လာတော့မည်။ ဟန့်က ညနေ အလုပ်ဆင်းတိုင်း ဘယ်သွားနေလဲ သူ မသိသလို၊ သိချင်‌သော်ငြား ဟန့်ကလည်း မဖြေချင်ပုံမို့ သူ ထပ်မမေးဖြစ်တော့။ သူတို့အလုပ်တူတူဆင်းပြီးတိုင်း ဟန့်က သူ့အား အိမ်ပြန်ပို့ပေးပြီးလျှင် ချက်ချင်းပြန်ထွက်သွားခဲ့ကာ ခုနစ်နာရီလောက်ဆို ပြန်လာတတ်သည်။

"ဒီနေ့ ပြန်လာတာ စောသားပဲ"

ဟန့် ပြန်ရောက်လာပြီမို့ ထကြိုလိုက်ရင်း ဟန့် မျက်နှာသိပ်မကောင်းတာ သတိထားလိုက်မိတာကြောင့် အနားကပ်ဖို့ ပြင်လိုက်စဉ် ဟန့် သူ့အား လက်ကာပြလာသည်။

"အဟွတ်၊ ကျွန်တော် ဖျားနေလို့၊ အနားမကပ်နဲ့၊ ဆရာကို ကူးလိမ့်မယ်"

"ညနေကထိတောင် အကောင်းကြီးကို"

နှိုင်း ခပ်မြန်မြန် ဟန့်၏ နဖူးပေါ် လက်တင်စမ်းလိုက်မိစဉ် ဟန့် တကယ်ကိုယ်တွေပူ‌နေတာကြောင့် သူ တိုးကပ်လိုက်သော်လည်း ဟန့်က ဖျားတာလောက်ကို ကူးစက်ရောဂါဖြစ်လာသလို အလန့်တကြား ဆုတ်ဆုတ်သွားတာမို့ နှိုင်း အံ့ဩသွားမိ၏။

"မားဆီ ဝင်ပြခဲ့တယ်၊ အဟွတ်၊ ဆေးသောက်လိုက်ရင် သက်သာသွားမှာ။ စိတ်မပူနဲ့နော်၊ ဟန်းနီးမွန်းကို သေချာပေါက် လိုက်ပို့မှာပါ။ ကျွန်တော် စောစောနားလိုက်ဦးမယ်။ ဒီညတော့ ဆရာ ကိုယ့်အခန်းထဲမှာပဲကိုယ် သွားအိပ်လိုက်တော့နော်"

Make You Mine [Completed]Where stories live. Discover now