Chapter 4

3.6K 230 51
                                    

ဘောလုံးကွင်း၏ အရိပ်ကျရာ အမိုးစွန်၌ ရေသန့်ဘူးကို သောက်ရုံတင်အားမရဘဲ ခေါင်းပေါ်ကနေပါ လောင်းချနေရသည့် ကောင်လေးတစ်‌ယောက် မြေပြင်ထက်တွင် ထိုင်လျက်ရှိသည်။

ဆရာက အပတ်တစ်ရာနဲ့တင် ရပ်ခွင့်ပေးလို့ တော်ပါသေး၏။ မဟုတ်လျှင် သူ့ခြေထောက်တွေလည်း လျှောက်လို့တောင် ရတော့မည် မဟုတ်ပေ။

ဆရာကတော့ သူ့နားက ထွက်သွားပေပြီ။

ဟန့်တစ်ယောက် ချွေးအပြင် ရေတွေပါစိုရွှဲကုန်ကာ ပိုလို့ပင် ညစ်ပတ်နေပြီဖြစ်တာမို့ ရေချိုးခွင့်ပေးဖို့ ဆရာ့နောက် လိုက်ပြောရန်အတွက် ထလိုက်လာခဲ့ရကာ တုန်ယင်နေသည့် ခြေထောက်များကို အားယူလျှောက်လိုက်ရသည်။

အချိန်ကား ညနေ သုံးနာရီသို့ ညွှန်ပြ‌နေ၏။  ထို့ကြောင့် ပထမဆုံးနေ့၏ ကျောင်းတက်ချိန်ကလည်း ပြီးဆုံးသွားပြီဖြစ်သည်။

ဇေးသက္ကဘုန်း သူ့‌နောက်က လယ့်ကိုပင် စောင့်မနေတော့ဘဲ ကွင်းထဲက ထွက်လာပြီဖြစ်သည့် ဆရာ့နား ‌လျှောက်လာခဲ့ကာ နောက်မှနေ ဆရာ့လက်အား ဖမ်းဆွဲထားလိုက်မိသည်။

နှိုင်းယောနလျှံ ထိုကောင်လေး၏လက်အား ဖျတ်ခနဲ ပုတ်ချပစ်လိုက်ရ၏။

"အိမ်ကောင်းကောင်းပြန်တော့"

"ဆရာကလဲဗျာ ကျွန်တော် ဒီလောက် ဒဏ်ရာရထားတာကိုတောင် မျက်နှာသာ မပေးချင်ဘူး။ ကျွန်တော့်ကို နည်းနည်းပါးပါး စမ်းသပ်ကြည့်ပါဦး"

ဆရာ့မျက်နှာကို တစ်ခါ ထိတွေ့ဖူးရင် နောက်တစ်ကြိမ် ထပ်ထိ‌တွေ့ချင်မိပြန်သည်။ ဆရာ့ခါးကို တစ်ခါဖက်ပြီးချိန်၌ သူ ပိုလို့ပင် အဆင့်တက်ချင်လာ၏။

သို့သော်ငြား လယ်က သူ့ကျောပိုးအိတ်ကို လာဆွဲနေတာမို့ ဆရာ့လက်‌မောင်းကိုသာ ကိုင်လိုက်ရချိန် ဆရာက သူ့လက်ကို စောင့်ဖယ်လိုက်ပြန်တာကြောင့် ဇေးဆိုသည်မှာ စံအိမ်၌ မင်းသားလေးလို နေရသူမို့ စိတ်က သိပ်ရှည်မနေတော့။

"ကျစ်၊ ဆရာကတော့ ဘယ်အချိန်ထိ လိုက်ရခက်ချင်ယောင်ဆောင်နေဦးမှာလဲ။ အဲ့လောက်ချည်း ချဉ်းကပ်ရ မလွယ်တဲ့ပုံစံမျိုး ဖမ်းမနေစမ်းပါနဲ့ဗျာ။ ကျွန်တော်နဲ့သာ တွဲလိုက်ရင် ဆရာ အခုလို ပင်ပန်းနေစရာတောင် လိုမှာမဟုတ်ဘူးနော်။ ဆရာ့ကို ကျောင်းအုပ်ဖြစ်အောင်ထိပါ လုပ်ပေးနိုင်တယ်။ ကျွန်‌တော်က လယ့်အဖေလုပ်ပေးနိုင်တာထက် ပိုလုပ်ပေးနိုင်လို့ ဆရာ အဲ့လောက် မူမနေသင့်ဘူး"

Make You Mine [Completed]Where stories live. Discover now