Chapter 11

3K 204 67
                                    

တိတ်ဆိတ်ငြိမ်သက်စ ပြုလျက်ရှိသော ဆေးရုံအထပ်၌ နှိုင်း ရှိနေရာ လူနာခန်းထဲ၌မူ ဆူညံပွက်လောက်ရိုက်နေခဲ့သည်။

ဦးသျှန်းဝေ ဟန့်အား လက်ပါဖို့ စိတ်ကူးမရှိဖူးပါပေ။ ဒီတစ်ခါသာ ထိုကလေးက သူ့ကို ရွဲ့ချင်နေတာနဲ့ ကိုယ့်အန္တရာယ်ကိုယ် မြင်ပုံမရ ဖြစ်နေတာကြောင့် သူ နှိုင်းရှေ့မှ ထိုကလေးအား ရိုက်ထုတ်လိုက်ရခြင်းဖြစ်သည်။

"လယ် မင်းညီလေးကို သေချာထိန်းထားစမ်း"

ဟန့်ပင် အခုအခြေအနေကြား ငြိမ်သက်သွားရတာကြောင့် လယ် အလွယ်တကူ ထိုကောင်လေးအား ချုပ်ထားလိုက်နိုင်ခဲ့သည်။

ဟန့် ဆရာ့အား အခုလို မထိခိုက်စေချင်ခဲ့သော်ငြား အခုအချိန်၌ သူ ဆရာ့ကို တကယ် စိတ်ဆိုးမိသွားခဲ့သည်။ ဆရာက သူ့စေတနာတွေကို အမြဲလိုလို တလွဲကောက်ယူနေသည့်အလား ပိုင်စိုးပိုင်နင်း ရှိလှသည့် ထိုစကားကြောင့် သူ ဆရာ့နား နေချင်စိတ် မရှိတော့။

ဦးသျှန်းဝေ နှိုင်း၏ ဗိုက်အား အားဖြင့် အဆက်မပြတ် ကန်ကျောက်နေရင်း-

"ငါ မင်း ဂေးနေတာ မသိခဲ့လို့ ငါ့သားတွေကို မင်းနဲ့ဆို စိတ်ချလက်ချ လွှတ်ထားခဲ့မိတာ။ နောက်ဆို လယ့်နားရော ဟန့်နားပါ ကပ်ဖို့ စိတ်မကူးနဲ့တော့။ ရွံစရာကောင်၊ သန္ဓေယုတ်တဲ့ကောင်၊ လောကနိယာမတွေကို ဆန့်ကျင်ချင်နေတဲ့ကောင်၊ ထွီ"

ပခုံးဒဏ်ရာကိုပါ တစ်ချက်ဖိနင်းလိုက်ချိန်၌ အစကတည်းက သူ့အား ရန်ပြန်ရှာခြင်းရော ရုန်းကန်ခြင်းပါ မရှိခဲ့တဲ့ သူ့ခြေထောက်အောက်က နှိုင်းက လုံးဝငြိမ်သက်သွားခဲ့သည်။

သူဆိုသည်မှာ ရှေးရိုးစွဲအိမ်က မွေးဖွားလာတာမဟုတ်သော်လည်း ထိုကဲ့သို့ ယောက်ျားချင်း ကြိုက်ကြတာကိုတော့ ရွံရှာသူဖြစ်သည်။ ထို့အတွက် ဇေးကိုတောင် သဘောမကျတာမို့ ဖြစ်နိုင်ရင် လယ်နဲ့ မပေါင်းစေချင်သော်ငြား မိဘချင်း အလွန်ရင်းနှီးနေကြတဲ့အိမ်ဖြစ်နေရတာမို့ ဇေး come out လုပ်တော့မှ သူ့သားကို ဆက်မပေါင်းတော့နဲ့လို့ ပြောရင် မကောင်းတတ်တာမို့သာ မျက်နှာလွှဲထားရခြင်းဖြစ်သည်။ လောကကြီး၌ ထိုကဲ့သို့ လူတွေသာ များလာကြမည်ဆိုလျှင် လူသားမျိုးနွယ်စုဆိုတာတောင် ကျန်တော့မှာ မဟုတ်တော့အောင် မျိုးဆက်တွေလည်း ပြတ်ကုန်မည်ဟု သူ တထစ်ချ ခံယူထားခဲ့သူဖြစ်သည်။

Make You Mine [Completed]Where stories live. Discover now