Chapter 15

3K 198 106
                                    

နှိုင်းယောနလျှံ နေထိုင်ရာ ဒုတိယထပ်ရှိ တိုက်ခန်း၏ ဝရန်တာ၌ ဂစ်တာသံနှင့်အတူ ဟန့်၏ သီချင်းဆိုသံတို့ သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်နေခဲ့သည်။

"ငွေသော်တာရောင်ခြည် ထိန်လင်းတော့မည်
ဗုံကြိုးပြတ်တဲ့ မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာ့ကိုပဲ
အသည်းစွဲအောင် ချစ်တော့မည်"

ဆရာ့တိုက်ထဲ၌ ဖုန်တက်လျက်ရှိသော ဂစ်တာတစ်လက်ကို ဟန့် တွေ့လိုက်ရတာကြောင့် သူ ယူတီးနေမိခြင်းဖြစ်ပြီး သူ့ဘေး လာထိုင်နေသည့် ဆရာ ပျော်သွားအောင် သီချင်းထိုင်ဆိုပြနေမိသည်။

ဝရန်တာကြမ်းပြင်၌ အခုလို နှစ်ယောက်ယှဉ်တွဲ ထိုင်နေရင်း တိုက်အောက်က ဖြတ်သွားဖြတ်လာတွေကို လှမ်းကြည့်နေရတာလည်း အပျင်းပြေစရာတစ်မျိုးဖြစ်ကြောင်း ဟန့် သိလိုက်ရ၏။

ဂစ်တာကို ဘေးချလိုက်တော့ကာ ဆရာ့လက်မောင်းအား သူ့ခေါင်းဖြင့် ခပ်သာသာတစ်ချက်တိုက်လိုက်မိရင်း-

"လက်က အရမ်းမနာတော့ပါဘူးဆို။ ကျွန်တော် ဒီလောက်နဲ့တော့ ဖြုံတောင်မဖြုံပါဘူးဗျာ"

လက်နာနေတာကို ဂစ်တာထတီးနေသည့် သူ့အား  ဆရာ မကျေမနပ်ဖြစ်နေတာမို့ သူ မျက်နှာချို‌‌သွေးလိုက်ပြီး ကြမ်းပြင်၌ထိုင်‌နေသည့် ဆရာ့ပေါင်ပေါ် ခေါင်းအုံးအုံးအိပ်လိုက်ရင်း ဝရန်တာ၌ ခြေဆန့်လက်ဆန့် လှဲအိပ်လိုက်မိသည်။ ထို့နောက် ဆရာ့လက်ကို ဆွဲယူလိုက်ကာ-

"အေးတယ်၊ ဖက်ထားပေး"

နှိုင်း ထိုကလေးရင်ဘတ်ပေါ် လက်တင်ထားလိုက်ကာ ဖက်ထားလိုက်ရင်း ဟန့်၏ကြည်လင်နေသော နဖူးပေါ် လက်အုပ်တင်ထားလိုက်သည်။

"ရန်မဖြစ်ဘဲ နေလို့မရဘူးလား၊ မင်း အခုလို ဒဏ်ရာရလာတာမျိုး ကိုယ် ထပ်မမြင်ချင်တော့ဘူး"

ဆရာ့နား ခုလိုနေချင်လို့ သူ ယခုကဲ့သို့ ထိခိုက်အောင် လုပ်လိုက်မိတာ ဖြစ်သော်လည်း ဆရာ့မျက်နှာပိုလို့မကောင်းတော့တာကြောင့် သူ ဘာလုပ်ရမလဲပင် မသိတော့။

ထို့အတွက် ဟန့် သူ့လက်သန်း ထောင်ပြလိုက်ကာ-

"ကတိ၊ နောက်ဆို ဘယ်တော့မှ ရန်မဖြစ်တော့ဘူးနော်"

Make You Mine [Completed]Where stories live. Discover now