Chapter 3

3.9K 238 57
                                    

"ဟေ့ကောင်၊ မင်း ရပ်နေစမ်း"

ကျောင်းအနောက်ဖက်ရှိ ‌ဘောလုံးကွင်းဖက် ထွက်သွားသည့် ဟန့်အား မိုးသက်တံ့လယ် ဂုတ်မှ ဆွဲဖမ်းထားလိုက်နိုင်ခဲ့သည်။

အကြီးကို အကြီးမှန်းမသိသည့် ဟန့်အား မာမီလည်း ဘေးမှာ မရှိတာမို့ အပိုးကျိုးသွားအောင် ပညာပေးဖို့ ဆုံးဖြတ်လိုက်၏။

သူတို့သူငယ်ချင်း ကောင်လေးတစ်ယောက်နှင့် အချေအတင်ဖြစ်နေရာသို့ ဇေးသက္ကဘုန်းတို့အုပ်စု ရောက်လာခဲ့ကာ လယ့်အား လှမ်းမေးလိုက်သည်။

"လယ် ဘာဖြစ်နေကြတာလဲ၊ သူ မင်းကို ရန်စလို့လား"

"ဟုတ်တယ်၊ မင်းတို့ သူ့ကို နည်းနည်းလောက် ကျွေးလိုက်စမ်းကွာ၊ သူ ငါ့ကို ရန်စနေတာ များနေပြီ"

ဇေးသက္ကဘုန်း ထိုကောင်လေးအား တစ်ချက်ကြည့်လိုက်သည်။ သူ ဒီတစ်ယောက်ကို ခုမှ မြင်ဖူးသော်ငြား လယ့်ကိုထိတာ သူတို့အုပ်စုကို ထိတာပဲပေမို့ ထိုကောင်လေးအား နဘန်တစ်ချက်လောက် လှမ်းအုပ်ရင်း နောက်ဆို သူတို့ရှေ့ အပိုးကျိုးနေဖို့ ပညာပြရန် ဆုံးဖြတ်လိုက်၏။

"အား"

လယ်တစ်ယောက် ဂိုးတိုင်ထဲသို့ ဘောလုံးကဲ့သို့ ပစ်ဝင်သွားသည့် ဇေးအား မျက်လုံးအပြူးသားဖြင့် ကြည့်မိရင်း သူပင် ဟန့်နဲ့ဝေးရာ အလန့်တကြားဆုတ်မိသွားခဲ့သည်။

ဂိုးတိုင်နှင့် လက်မောင်းပစ်တိုက်မိသွားခဲ့သည့် ဇေးခမျာ မြေပြင်၌ နာကျင်စွာ ညည်းညူနေလျက်။

သူ့ဘေးမှ အုတ်နီခဲအား ဟန့် ကောက်ယူလိုက်ကာ ဇေးနားသို့ ပြေးသွားခဲ့ပြီး ဒီကောင်ကလည်း မနက်က သူတို့ဆရာကို ထိကပါးရိကပါး လုပ်နေခဲ့သူမှန်း မှတ်မိသွားတာကြောင့် ပြန်ထဖို့ပြင်နေသည့် ထိုကောင့်ခေါင်းအား လက်ထဲက အုတ်နီခဲဖြင့် ပိတ်ထုချပစ်လိုက်သည်။

"အား"

ဇေး၏ နဖူးထက်သို့ သွေးများ စီးကျလာချိန် လယ်နှင့် ဇေးနောက်သို့ လိုက်လာခဲ့သည့် ကောင်လေးနှစ်ယောက်ခမျာ အသံတောင် မထွက်နိုင်ကြတော့။

သူ့ကို အုပ်စုလိုက် ပညာပြချင်နေပုံရသည့် ဆန်ကုန်မြေလေးတစ်စုအား နှုတ်ခမ်းတွန့်ပြုံးရင်းသာ ဟန့် ကြည့်လိုက်မိသည်။ ထို့နောက် သူနှင့်ဝေးရာ ဆုတ်ဆုတ်သွားသည့် လယ့်ကိုပါ ရိုက်ဖို့ အုတ်နီခဲ လွှဲဖို့ပြင်လိုက်ချိန်၌ သူနဲ့ လယ့်ကြားသို့ လူတစ်ယောက် ဖြတ်ဝင်လာခဲ့ပြီး ထိုလူက သူ့လက်ကောက်ဝတ်အား ဖျတ်ခနဲ ချုပ်ကိုင်လာ၏။

Make You Mine [Completed]Where stories live. Discover now