Chapter 16

2.8K 206 79
                                    

ဆူညံနေသော ဘားအတွင်း၌ ဖြစ်သည်။

ဘားကောင်တာရှေ့က ခုံ၌ထိုင်နေကြသည့် လွန်ခါးညို သူ့သူငယ်ချင်းလက်ထဲက အရက်ခွက်ကို ဆွဲလုထားလိုက်ရတော့သည်။

နှိုင်းက အရက်အများကြီးသောက်လျှင် ဗိုက်အောင့်လေ့ရှိတတ်သူ ဖြစ်တာကြောင့် ထိုကောင်အများကြီး သောက်လေ့မရှိတတ်။ ဒီညတော့ တစ်ခွက်ပြီးတစ်ခွက်မော့နေတာမို့ သူ ထိန်းလိုက်ရခြင်းဖြစ်သည်။

"တော်တော့လေ၊ အစာအိမ်ပြန်အောင့်ဦးမယ်၊ မင်း ဘာဖြစ်နေတာလဲ၊ အခုတလော မင်း ခွင့်တွေလဲ တအားယူတယ်နော်၊ စိတ်ညစ်စရာရှိရင်လဲ ငါ့ကိုပြောလေ"

နှိုင်း သူ့လက်ထဲက ခွက်ကို လိုက်လုနေသေးသည်။ ထို့နောက် ခုံ‌ပေါ် ခေါင်းမှောက်အိပ်သွားတော့၏။

နှိုင်းက အရင်ကဆို နေမကောင်းရင်တောင်မှ စာသင်ချိန်တွေ မထိခိုက်အောင် ကျောင်းပျက်မခံတတ်သူဖြစ်သည်။ ဒီနှစ်တော့ ဒီကောင်က နေကောင်းနေရင်တောင် မနက်ကလို ခွင့်တွေကောက်ယူနေကာ အခုလို ဖြစ်ချင်သလို ဖြစ်နေသည်။

အဖြေပြန်မရသည့် နှိုင်း၏ ဖုန်းက ခုနကတည်းက တောက်လျှောက်မြည်နေသည်။ အခုလည်း နံပါတ်စိမ်းဖုန်းတွေ တောက်လျှောက်မြည်နေတာကြောင့် လွန် ကိုင်ပေးလိုက်မိသည်။

သူ့ဖုန်းကို Blacklist သွင်းခံထားရသည့် ဟန့်တစ်ယောက် တခြားဖုန်းနံပါတ်နှင့် တောက်လျှောက် ထပ်ခေါ်နေမိစဉ် ဆရာ ကိုင်လိုက်သည် ထင်သော်လည်း ဆရာ လွန်ခါးညို ဖြစ်နေခဲ့၏။

"ဪ၊ ဟန့်လား၊ အရေးကြီး ကိစ္စရှိရင်လဲ မနက်မှ ပြောတော့၊ မင်းဆရာက ဒီမှာ မှောက်နေပြီ"

ဟန့်  ဝုန်းခနဲ ထရပ်လိုက်မိကာ ဆရာလွန်ခါးညိုကို လိပ်စာမေးပြီး ချက်ချင်း လိုက်လာမိသည်။ ဆရာ အရက်အပြင်းတွေ သောက်လို့မရသေးဘူးဟု ဒေါက်တာက မှာထားတာကြောင့် သူ ရင်ပူသွားမိသည်။

"ဟေ့ကောင် ပြန်မယ်၊ ထတော့၊ ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်"

"ဟင့်အင်း၊ ငါ ဒီမှာပဲ အိပ်တော့မယ်"

လွန်ခါးညို နှိုင်းကြောင့် တိုင်ပတ်နေရ၏။ သူ ဘယ်လိုနှိုးနှိုး ခုံပေါ် ပြန်ပြန်မှောက်အိပ်နေသည့် နှိုင်းကို သူ မထိန်းနိုင်။

Make You Mine [Completed]Wo Geschichten leben. Entdecke jetzt