အပိုင်း - ၂
စိုင်းသူရက ဒီခြံလေးကို ဝယ်ထားပြီး ပန်းမျိုးစုံစိုက်ပျိုးထားသည်။ မှော်ဘီမြို့ပြင်တွင်ရှိသည့် ဒီခြံလေး။ ခြံထဲတွင် နှစ်ထပ်တိုက်လေးတစ်လုံးပါရှိပြီး ခြံနောက်နားတွင် ခြံစောင့်အိမ်လေးရှိသည်။ ခြံစောင့် ဦးမွှေးက သူ့ဇနီးဒေါ်ကြွယ်နှင့်အတူ ဒီခြံလေးကို စောင့်ရှောက်ထားသည်။ သားသမီးမရှိ ဇနီးမောင်နှံ နှစ်ဦးတည်းမို့ ပန်းပင်လေးများကိုလည်း အတော်လေးချစ်တတ်သဖြင့် စိုင်းသူရက အလုပ်ခန့်ထားခြင်းပင်။ မြူနှင့် တရားဝင်တွဲပြီးမှ စိုင်းသူရ ဒီခြံလေးကို ဝယ်ယူထားခဲ့တာဖြစ်သည်။
စိုင်းသူရက ဒီနေ့ အလုပ်များအားလုံးကို ရွှေ့ထားပြီး မြူနှင့်သာ အချိန်ဖြုန်းမည်။ နောက်အပတ်ထဲတွင် Z Studio ၏ နှစ်ပတ်လည်ပွဲရှိသည်။ ထို့အတွက်လည်း အလုပ်များရဦးမည်။ ထို့ကြောင့် ဒီနေ့လေးကိုတော့ မြူ ပြောသလို အေးအေးဆေးဆေးအနားယူတော့မည်။
စိုင်းသူရက ပန်းလေးများလိုက်ကြည့်နေသည့် မြူကို ကြည့်ရင်း ပြုံးနေမိသည်။ မြူက တစိမ့်စိမ့်ကြည့်ချင်စရာ အလှလေးဖြစ်၏။
"ကိုစိုင်း"
မြူကခေါ်လိုက်သည့်အတွက် စိုင်းသူရ အတွေးတို့ကိုသိမ်းပြီး မြူ့အနားအပြေးလေး ရောက်သွားရသည်။
"ဗျာ.. လာပါပြီဗျာ့"
"သစ်ခွတွေ ပွင့်နေတာ လှလိုက်တာနော် ကိုစိုင်း.. ပန်းလေးတွေက စိတ်ကိုအေးချမ်းစေလိုက်တာ"
"ဟုတ်တယ် .. မြူ ဒီကိုလာတိုင်း သူတို့ပွင့်နေကြတာနဲ့ ကြုံရတယ်နော်.. ကြည့်ရတာ သူတို့လည်း မြူလှတာကို ကြည့်ချင်ကြတာနေမယ်"
စိုင်းသူရ၏ စကားကို မြူက ခပ်ဟဟရယ်သည်။
"ကိုစိုင်းကတော့ ပေါက်ကရတွေ စပြောပါတော့မယ်"
"တကယ်ပြောတာ မြူရဲ့.. Cattleya အဖြူတွေက မြူ လာမှပဲ ပွင့်တတ်ကြတာလေ.. တိုက်ဆိုင်တာလားမသိပေမယ့် သူတို့က တော်ရုံ မပွင့်ကြဘူး မြူ"
"တိုက်ဆိုင်တာပါ ကိုစိုင်းရယ်.. ပြီးတော့ ကိုစိုင်း စိတ်ထင်တာနေမှာပါ"
YOU ARE READING
မြူချစ်ရလေသော...(Completed)